တစ္ေန႕ကိုၾကက္ဥနွစ္လံုးပံုမွန္စားေပးရံုနဲ႕ ရလာမယ့္ အံ့မခန္းအက်ိဳးေက်းဇူးမ်ား

ၾကက္ဥဟာ အလြယ္တကူစားလို႕ရတဲ့အစားအစာျဖစ္ျပီး ေစ်းလည္းခ်ိဳတာေၾကာင့္ လူတိုင္းစားနိုင္ပါတယ္။ အလြယ္စားလုိ႕ရတဲ့ ၾကက္ဥကို တစ္ေန႕နွစ္လံုးမွန္မွန္စားေပးျခင္းက ဒီလိုေကာင္းက်ိဳးေတြရနိုင္တယ္ဆိုတာကိုေတာ့ သိတဲ့သူက လူအနည္းစုပဲျဖစ္ပါတယ္။ ေန႕စဉ္ၾကက္ဥနွစ္လံုးမွန္မွန္စားေပးရံုနဲ႕ ရလာမယ့္အက်ိဳးေက်းဇူးေတြကေတာ့ …

(၁) မ်က္လံုးအားေကာင္းလာေစတယ္

freepik

ၾကက္ဥမွာပါဝင္တဲ့ lutein လို႕ေခၚတဲ့ဓာတ္တစ္မ်ိဳးက မ်က္စိအျမင္ၾကည္လင္ဖို႕ ေထာက္ပံ့ေပးတာေၾကာင့္ ေန႕စဉ္ၾကက္ဥနွစ္လံုး ပံုမွန္စားေပးတဲ့အခါ မ်က္စိအျမင္အာရံုတိုးတက္ေကာင္းမြန္ေစပါတယ္။

(၂) အရိုးနဲ႕သြားေတြကိုသန္မာေစတယ္

ၾကက္ဥမွာပါဝင္တဲ့ ဗီတာမင္ ဒီ က ကယ္လ္စီယမ္ကိုစုပ္ယူဖို႕အားေပးတာေၾကာင့္ တစ္ေန႕ကိုၾကက္ဥနွစ္လံုးစားေပးရင္ အရိုးနဲ႕သြားေတြကို အထူးသန္မာေစပါတယ္။

(၃) အသားအေရ၊ဆံပင္နဲ႕ အသည္းကိုက်န္းမာေစတယ္

ၾကက္ဥမွာ Biotin, vitamin B12 နဲ႕ ေခ်ဖ်က္ရလြယ္ကူတဲ့ protein ဓာတ္ေတြၾကြယ္ဝစြာပါဝင္တာေၾကာင့္ အသားအေရ၊ ဆံပင္နဲ႕ အသည္းက်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ တစ္ေန႕ကိုၾကက္ဥနွစ္လံုးပံုမွန္စားေပးျခင္းက အသားအေရနဲ႕ဆံပင္အတြက္ေကာင္းမြန္ျပီး အသည္းကိုက်န္းမာေစပါတယ္။

(၄) နွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြမျဖစ္ေအာင္တားဆီးေပးတယ္

freepik

တျခားအသားေတြနဲ႕အဆီမ်ားတဲ့အစားအစာေတြက နွလံုးေသြးေၾကာမွာအဆီပိတ္တာမ်ိဳးကို ျဖစ္ေစနိုင္ပါတယ္။ ၾကက္ဥမွာပရိုတင္း အျပင္ အိုမီဂါ သရီး လည္းပါဝင္တာေၾကာင့္ နွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြမျဖစ္ေအာင္ တားဆီးေပးပါတယ္။

(၅) ကိုယ္အေလးခ်ိန္ေလ်ာ့နည္းလာမယ္

ၾကက္ဥနွစ္လံုးကို မနက္စာအျဖစ္စားေပးမယ္ဆိုရင္ ဝိတ္က်ဖို႕ပိုလြယ္ကူေစပါတယ္။ ဝိတ္က်ခ်င္တဲ့သူေတြက မနက္ေစာေစာ ဒါမွမဟုတ္ ညေနခင္းေတြမွာ နာရီဝက္ေလာက္လမ္းေလွ်ာက္ေပးျပီး မနက္စာအျဖစ္ၾကက္ဥနွစ္လံုးကိုစားေပးလိုက္ရင္ နွစ္ပတ္အတြင္း ကိုယ္အေလးခ်ိန္သိသိသာသာက်သြားပါလိမ့္မယ္။

(၆) ကင္ဆာျဖစ္နိုင္ေခ်နည္းသြားမယ္

ၾကက္ဥမွာပါဝင္တဲ့ Choline ဓာတ္က အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ ရင္သားကင္ဆာျဖစ္နိုင္ေခ်ကို ေလွ်ာ့ခ်ေပးနိုင္ပါတယ္။

written by PP

ကြက်ဥဟာ အလွယ်တကူစားလို့ရတဲ့အစားအစာဖြစ်ပြီး ဈေးလည်းချိုတာကြောင့် လူတိုင်းစားနိုင်ပါတယ်။ အလွယ်စားလို့ရတဲ့ ကြက်ဥကို တစ်နေ့နှစ်လုံးမှန်မှန်စားပေးခြင်းက ဒီလိုကောင်းကျိုးတွေရနိုင်တယ်ဆိုတာကိုတော့ သိတဲ့သူက လူအနည်းစုပဲဖြစ်ပါတယ်။ နေ့စဉ်ကြက်ဥနှစ်လုံးမှန်မှန်စားပေးရုံနဲ့ ရလာမယ့်အကျိုးကျေးဇူးတွေကတော့ …

(၁) မျက်လုံးအားကောင်းလာစေတယ်

ကြက်ဥမှာပါဝင်တဲ့ lutein လို့ခေါ်တဲ့ဓာတ်တစ်မျိုးက မျက်စိအမြင်ကြည်လင်ဖို့ ထောက်ပံ့ပေးတာကြောင့် နေ့စဉ်ကြက်ဥနှစ်လုံး ပုံမှန်စားပေးတဲ့အခါ မျက်စိအမြင်အာရုံတိုးတက်ကောင်းမွန်စေပါတယ်။

(၂) အရိုးနဲ့သွားတွေကိုသန်မာစေတယ်

ကြက်ဥမှာပါဝင်တဲ့ ဗီတာမင် ဒီ က ကယ်လ်စီယမ်ကိုစုပ်ယူဖို့အားပေးတာကြောင့် တစ်နေ့ကိုကြက်ဥနှစ်လုံးစားပေးရင် အရိုးနဲ့သွားတွေကို အထူးသန်မာစေပါတယ်။

(၃) အသားအရေ၊ဆံပင်နဲ့ အသည်းကိုကျန်းမာစေတယ်

ကြက်ဥမှာ Biotin, vitamin B12 နဲ့ ချေဖျက်ရလွယ်ကူတဲ့ protein ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေ၊ ဆံပင်နဲ့ အသည်းကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ တစ်နေ့ကိုကြက်ဥနှစ်လုံးပုံမှန်စားပေးခြင်းက အသားအရေနဲ့ဆံပင်အတွက်ကောင်းမွန်ပြီး အသည်းကိုကျန်းမာစေပါတယ်။

(၄) နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင်တားဆီးပေးတယ်

တခြားအသားတွေနဲ့အဆီများတဲ့အစားအစာတွေက နှလုံးသွေးကြောမှာအဆီပိတ်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ကြက်ဥမှာပရိုတင်း အပြင် အိုမီဂါ သရီး လည်းပါဝင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင် တားဆီးပေးပါတယ်။

(၅) ကိုယ်အလေးချိန်လျော့နည်းလာမယ်

ကြက်ဥနှစ်လုံးကို မနက်စာအဖြစ်စားပေးမယ်ဆိုရင် ဝိတ်ကျဖို့ပိုလွယ်ကူစေပါတယ်။ ဝိတ်ကျချင်တဲ့သူတွေက မနက်စောစော ဒါမှမဟုတ် ညနေခင်းတွေမှာ နာရီဝက်လောက်လမ်းလျှောက်ပေးပြီး မနက်စာအဖြစ်ကြက်ဥနှစ်လုံးကိုစားပေးလိုက်ရင် နှစ်ပတ်အတွင်း ကိုယ်အလေးချိန်သိသိသာသာကျသွားပါလိမ့်မယ်။

(၆) ကင်ဆာဖြစ်နိုင်ချေနည်းသွားမယ်

ကြက်ဥမှာပါဝင်တဲ့ Choline ဓာတ်က အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

written by PP