သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုဘယ်လိုအဆုံးသတ်ရမလဲ..?
ကိုယ့်အဖြစ်နဲ့တူလို့ပါ ခုတော့စွန့်လွှတ်လိုက်ပီ
သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုဘယ်လိုအဆုံးသတ်ရမလဲ..?
တကယ်တမ်းပြောရမယ်ဆိုရင် အချစ်မှာ သုံးပွင့်ဆိုင်ဆိုတာ မရှိဘူး။
နှစ်ပွင့်ပဲ ဆိုင်ပါတယ်။တကယ် အချစ်စစ်ရင်ပေါ့လေ။ဒါကတော့ ထားပါတော့လေ…။
သုံးပွင့်ဆိုင်ဆိုတဲ့အကြောင်းလေးပဲ ပြောကြတာပေါ့။
သုံးပွင့်ဆိုင်ဆိုတဲ့နေရာမှာ…..
၁။အချက် ကိုယ်နဲ့သူရဲ့ ကြားထဲကို အခြားတစ်ယောက်ဝင်လာခြင်း။
၂။အချက် ကိုယ်က အခြားသူနှစ်ဦးကြားထဲဝင်မိခြင်း။
၃။အချက် ကာယကံရှင် ကိုယ်တိုင်က ရွေးရခက်နေခြင်း၊ ဆိုပြီး သုံးမျိုးရှိတယ်။
၁။အချက်အနေနဲ့ ကိုယ်နဲ့သူရဲ့ကြားထဲကို အခြားတစ်ယောက်ဝင်လာတဲ့ခါ သူ့စိတ်ထဲ ဘယ်လိုအခြေအနေရှိသလဲ ။
ဟိုဘက်ကိုသွားချင်တာလား၊ဒါမှမဟုတ် ကိုယ်မှကိုယ်ပဲလား။
ကိုယ်မှကိုယ်ပဲဆိုရင်တော့ ပြဿနာမရှိပါဘူး။
တစ်ဘက်လူဘယ်လိုပဲ ကိုယ့်လူကိုကြိုက်လာကြိုက်လာ ကိုယ်လူမှမပါတာ။
ဒါပြဿနာမဟုတ်ဘူး။ပြဿနာဖြစ်စရာလည်း မလိုဘူး။
ကိုယ်ချစ်တဲ့သူက ပါချင်နေတယ်ဆိုရင်တော့ လွှတ်ပေးလိုက်ပါလို့ပဲ ပြောချင်ပါတယ်။
ဘာလို့ဆို သူသာကိုယ့်တကယ်ချစ်ရင် အခြားလူအပေါ် စိတ်ယိုင်စရာ အကြောင်းမရှိလို့ပါပဲ။
၂။အချက်အနေနဲ့ ကိုယ်က အခြားသူနှစ်ဦးထဲဝင်မိလို့ သုံးပွင့်ဆိုင် ဖြစ်တာမျိုးပေါ့။
သုံးပွင့်ဆိုင်ဆိုတဲ့နေရာမှာ ကိုယ်ချစ်မိတဲ့သူက သူ့ဘေးကလူထက် ကိုယ့်ကို ချစ်တာမျိုးနော်။
ကိုယ်က တစ်ဖတ်သတ်ချစ်နေရင် အဲ့တာ သုံးပွင့်ဆိုင်မဟုတ်ဘူး။
အဲ့တစ်ပွင့်က ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။ကိုယ်ကလည်း သူ့ကို ချစ်မိနေတယ်။
သူ့မှာလည်း ချစ်သူရှိနေတယ်။သူကလည်း ကိုယ့်ကိုပဲ ချစ်နေတဲ့ သုံးပွင့်ဆိုင်ဆိုရင် သူ့ကို သေချာမေးရမယ်။
သူ့ဆုံးဖြတ်ချက်ကို အလေးထားရမယ်။အတင်း လုယူတာမျိုး မဖြစ်ရဘူး။
သူ့သဘော၊သူ့ဆန္ဒအတိုင်း ရွေးချယ်တာမျိုးပဲ ဖြစ်ရမယ်။
၃။အချက်အနေနဲ့ ကာယကံရှင်ကိုယ်တိုင်က ကိုယ်နဲ့အခြားသူကြား ရွေးရခက်နေပီဆိုရင် စွန့်လွှတ်လိုက်ပါ။
သူရွေးရခက်နေတယ်ဆိုတာ ဘယ်သူ့ကိုမှ မချစ်လို့ပါပဲ။သူရွေးချယ်နေတာ ဦးနှောက်နဲ့ရွေးချယ်နေတာဖြစ်တယ်။
သူ့နှလုံးသားက ဘယ်သူ့ဆီမှာမှ မရှိဘူး။ရှိတဲ့သူဟာလည်း ဘယ်တော့မှ ရွေးချယ်ရ ခက်မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ရွေးချယ်ရခက်နေပီဆိုရင် သူဘယ်သူ့ကိုမှ မချစ်လို့ပါပဲ။
ရှင်မင်း(မြန်မာစာ)
ရှင်မင်း(မြန်မာစာ)