” Glow skin နဲ့အတူ ဆံနွယ်လေးတွေ တောင်ပံဖြန့်ကြပါစို့ “(ေငြကုန္သက္သာေသာ ကိုယ္ေတြ႕နည္းလမ္း)

” Glow skin နဲ့အတူ ဆံနွယ်လေးတွေ တောင်ပံဖြန့်ကြပါစို့ ”

မိန်းမသားဆိုတာ အရွယ်မရွေး အလှအပကြိုက်ကြသူချည်းပါပဲနော်ကျွန်မလည်း မိန်းမသားထဲကမိန်းမသားတစ်ယောက်မို့ လှချင်ရက်စက်စက်ယိုတစ်ယောက်ပါ

ခုကျွန်မနေ့စဉ်လုပ်ဖြစ်နေတဲ့ လက်တွေ့နည်းလေးကိုချစ်သော မိန်းမသား ညီအစ်မအပေါင်းတို့ကို မျှဝေပေးချင်လို့ပါ

ငွေကုန်သက်သာ အလှတွေဝေဖြာစေချင်တဲ့မေတ္တာ စေတနာတွေနဲ့ရေးလိုက်ပြီနော်

အာလူးကြီးရင် တစ်လုံး သေးသေးလေးတွေဆိုရင် 4/5လုံး ကိုပြုတ်ပြီး ငြုတ်ဆုံ သန့်သန့်မှာ ထောင်းပါ

စီးလာပြီညက်သွားပြီဆိုရင် ပန်းကန်လုံးလေးထဲထည့် အဲ့ဒီအာလူးထဲကို သကြားမထည့်ရသေးတဲ့ ဒိန်ချဉ်ကို အာလူးအနှစ်နဲ့ဆတူထည့်ပြီးနယ်လိုက်ပါ

အဲ့ဒီအာလူးဒိန်ချဉ် အနှစ်ကိုအဖုံးဖုံးပြီး ရေခဲသေတ္တာထဲထည့်ထားပါ 10 ရက်လောက်ထိအထားခံပါတယ်

ညမအိပ်ခင်မျက်နှာသစ်ပြီးရင် တဘက်လေးနဲ့ခြောက်အောင်သုတ်ပါ

အာလူးဒိန်ချဉ်အနှစ်လေးကို မျက်နှာပြင်အနှံ့လိမ်းပါ မိနစ် ၃၀ လောက်ထားပြီး ရေအေးနဲ့ပြန်ဆေးလိုက်ပါနော်

ပြီးရင်လိမ်းနေကျ night cream လေးလိမ်းပြီး အိပ်မက်လှလှတွေနဲ့ အိပ်စက်အနားယူလိုက်ပါညတိုင်းခုလိုလုပ်ပေးခြင်းဖြင့် glow skin လေးကို ရက်ပိုင်းအတွင်းပိုင်ဆိုင်ခွင့်ရကြမှာပါနော်

ကျွန်မအမြဲလုပ်ဖြစ်ပေမယ့် အမှတ်တမဲ့ပါပဲ တစ်နေ့သိန်းချီပေးရတဲ့ brand ကို set လိုက်သုံးနေတဲ့ သူငယ်ချင်းနဲ့အတွေ့သူက ကိုယ့်မျက်နှာအသားအရေလေးကြည်ပြီး glow လိုက်တာ ဘာတွေသုံးတာလဲတဲ့

အဲ့ဒီတော့မှ အိမ်ပြန်ရောက် မှန်ရှေ့သွား ငါအတော်များလှနေလားပေါ့

ကြည့်လိုက်ပီတိဖြာလိုက် တစ်ယောက်တည်းပီတိဖြာရတာ အားမရလို့ ကိုယ့်ညီအစ်မတွေ နဲ့အတူတူ ပီတိဖြာချင်လို့ ရေးလိုက်ပြီနော်အတူတူ glow ကြစို့

နောက်ဆံပင်အတွက်ပြောပြမယ်နော်

ကျွန်မလွန်ခဲ့တဲ့ ၇လ လောက်က ဆင်တုပ်ကွေးဖြစ်တာအကြီးအကျယ်ပဲ တော်တော်ကုလိုက်ရတယ်

ဆေးတွေသောက်ပြီးဆံပင်တွေကျွတ်လိုက်တာဆိုတာအထွေးလိုက်ပဲ ပါးပါးလေးပဲကျန်တော့တဲ့ဆံပင်တွေကြည့်ပြီးလူမသိသူမသိ ဝမ်းနည်းမိတာပေါ့

ဒိန်ချဉ်ဟာမျက်နှာအတွက်ကောင်းမှန်းသိတော့ ဆံပင်အတွက်စမ်းသပ်ကြည့်ခဲ့တာပါ

ဒိန်ချဉ် zebra ဇွန်းနဲ့၆ဇွန်း အုန်းဆီ ၃ဇွန်း ရောသမမွှေပီး ခေါင်းလျှော်မယ့်နေ့မနက်ကတည်းက ဆံပင်ဦးရေပြားထိဆံသားအနှံ့လိမ်းပြီး အိမ်အလုပ်လုပ်နေလိုက်တယ်

1/2 နာရီလောက်ကြာမှခေါင်းလျှော်လိုက်တဲ့အခါ ပျော့ပျောင်းဖြောင့်စင်းတဲ့ဆံနွယ်လေးတွေက ကျေနပ်မှုအပြည့်အဝပေးပါတယ်

(ဆံပင်ရှည်တဲ့သူ ဆံပင်ထူတဲ့သူတွေအတွက် ဒိန်ချဉ် အုန်းဆီ ပိုထည့်ရမှာပါ)

ဆံပင်အကျွတ်ရပ်သွားမယ် ဆံသားလေးတွေ တောက်ပြောင်ပြီး စိုစို ပြောင်ပြောင်လေးဖြစ်လာမှာပါ ဆံပင်အဖျား နှစ်ခွတွေလည်းလုံးဝပျောက်သွားမှာပါ

ဆံသားလေးတွေဖြောင့်စင်းနေတဲ့ ရလဒ်ကလည်းအံ့မခန်း ကျေနပ်စရာပါနော်

ငွေကုန်သက်သာ ဒိန်ချဉ်တန်ခိုးနဲ့ glow ကြပါစို့ ဆံနွယ်လေးတွေ တောင်ပံဖြန့်ရင်း Self-Confident တွေပြည့်ဝစွာ လျှောက်လှမ်းကြပါစို့နော်

Myint Mo Thi Har

” Glow skin နဲ႔အတူ ဆံႏြယ္ေလးေတြ ေတာင္ပံျဖန္႔ၾကပါစို႔ ”

မိန္းမသားဆိုတာ အ႐ြယ္မေရြး အလွအပႀကိဳက္ၾကသူခ်ည္းပါပဲေနာ္ကြၽန္မလည္း မိန္းမသားထဲကမိန္းမသားတစ္ေယာက္မို႔ လွခ်င္ရက္စက္စက္ယိုတစ္ေယာက္ပါ

ခုကြၽန္မေန႔စဥ္လုပ္ျဖစ္ေနတဲ့ လက္ေတြ႕နည္းေလးကိုခ်စ္ေသာ မိန္းမသား ညီအစ္မအေပါင္းတို႔ကို မွ်ေဝေပးခ်င္လို႔ပါ

ေငြကုန္သက္သာ အလွေတြေဝျဖာေစခ်င္တဲ့ေမတၱာ ေစတနာေတြနဲ႔ေရးလိုက္ၿပီေနာ္

အာလူးႀကီးရင္ တစ္လုံး ေသးေသးေလးေတြဆိုရင္ 4/5လုံး ကိုျပဳတ္ၿပီး ျငဳတ္ဆုံ သန္႔သန္႔မွာ ေထာင္းပါ

စီးလာၿပီညက္သြားၿပီဆိုရင္ ပန္းကန္လုံးေလးထဲထည့္ အဲ့ဒီအာလူးထဲကို သၾကားမထည့္ရေသးတဲ့ ဒိန္ခ်ဥ္ကို အာလူးအႏွစ္နဲ႔ဆတူထည့္ၿပီးနယ္လိုက္ပါ

အဲ့ဒီအာလူးဒိန္ခ်ဥ္ အႏွစ္ကိုအဖုံးဖုံးၿပီး ေရခဲေသတၱာထဲထည့္ထားပါ 10 ရက္ေလာက္ထိအထားခံပါတယ္

ညမအိပ္ခင္မ်က္ႏွာသစ္ၿပီးရင္ တဘက္ေလးနဲ႔ေျခာက္ေအာင္သုတ္ပါ

အာလူးဒိန္ခ်ဥ္အႏွစ္ေလးကို မ်က္ႏွာျပင္အႏွံ႔လိမ္းပါ မိနစ္ ၃၀ ေလာက္ထားၿပီး ေရေအးနဲ႔ျပန္ေဆးလိုက္ပါေနာ္

ၿပီးရင္လိမ္းေနက် night cream ေလးလိမ္းၿပီး အိပ္မက္လွလွေတြနဲ႔ အိပ္စက္အနားယူလိုက္ပါညတိုင္းခုလိုလုပ္ေပးျခင္းျဖင့္ glow skin ေလးကို ရက္ပိုင္းအတြင္းပိုင္ဆိုင္ခြင့္ရၾကမွာပါေနာ္

ကြၽန္မအၿမဲလုပ္ျဖစ္ေပမယ့္ အမွတ္တမဲ့ပါပဲ တစ္ေန႔သိန္းခ်ီေပးရတဲ့ brand ကို set လိုက္သုံးေနတဲ့ သူငယ္ခ်င္းနဲ႔အေတြ႕သူက ကိုယ့္မ်က္ႏွာအသားအေရေလးၾကည္ၿပီး glow လိုက္တာ ဘာေတြသုံးတာလဲတဲ့

အဲ့ဒီေတာ့မွ အိမ္ျပန္ေရာက္ မွန္ေရွ႕သြား ငါအေတာ္မ်ားလွေနလားေပါ့

ၾကည့္လိုက္ပီတိျဖာလိုက္ တစ္ေယာက္တည္းပီတိျဖာရတာ အားမရလို႔ ကိုယ့္ညီအစ္မေတြ နဲ႔အတူတူ ပီတိျဖာခ်င္လို႔ ေရးလိုက္ၿပီေနာ္အတူတူ glow ၾကစို႔

ေနာက္ဆံပင္အတြက္ေျပာျပမယ္ေနာ္

ကြၽန္မလြန္ခဲ့တဲ့ ၇လ ေလာက္က ဆင္တုပ္ေကြးျဖစ္တာအႀကီးအက်ယ္ပဲ ေတာ္ေတာ္ကုလိုက္ရတယ္

ေဆးေတြေသာက္ၿပီးဆံပင္ေတြကြၽတ္လိုက္တာဆိုတာအေထြးလိုက္ပဲ ပါးပါးေလးပဲက်န္ေတာ့တဲ့ဆံပင္ေတြၾကည့္ၿပီးလူမသိသူမသိ ဝမ္းနည္းမိတာေပါ့

ဒိန္ခ်ဥ္ဟာမ်က္ႏွာအတြက္ေကာင္းမွန္းသိေတာ့ ဆံပင္အတြက္စမ္းသပ္ၾကည့္ခဲ့တာပါ

ဒိန္ခ်ဥ္ zebra ဇြန္းနဲ႔၆ဇြန္း အုန္းဆီ ၃ဇြန္း ေရာသမေမႊပီး ေခါင္းေလွ်ာ္မယ့္ေန႔မနက္ကတည္းက ဆံပင္ဦးေရျပားထိဆံသားအႏွံ႔လိမ္းၿပီး အိမ္အလုပ္လုပ္ေနလိုက္တယ္

1/2 နာရီေလာက္ၾကာမွေခါင္းေလွ်ာ္လိုက္တဲ့အခါ ေပ်ာ့ေပ်ာင္းေျဖာင့္စင္းတဲ့ဆံႏြယ္ေလးေတြက ေက်နပ္မႈအျပည့္အဝေပးပါတယ္

(ဆံပင္ရွည္တဲ့သူ ဆံပင္ထူတဲ့သူေတြအတြက္ ဒိန္ခ်ဥ္ အုန္းဆီ ပိုထည့္ရမွာပါ)

ဆံပင္အကြၽတ္ရပ္သြားမယ္ ဆံသားေလးေတြ ေတာက္ေျပာင္ၿပီး စိုစို ေျပာင္ေျပာင္ေလးျဖစ္လာမွာပါ ဆံပင္အဖ်ား ႏွစ္ခြေတြလည္းလုံးဝေပ်ာက္သြားမွာပါ

ဆံသားေလးေတြေျဖာင့္စင္းေနတဲ့ ရလဒ္ကလည္းအံ့မခန္း ေက်နပ္စရာပါေနာ္

ေငြကုန္သက္သာ ဒိန္ခ်ဥ္တန္ခိုးနဲ႔ glow ၾကပါစို႔ ဆံႏြယ္ေလးေတြ ေတာင္ပံျဖန္႔ရင္း Self-Confident ေတြျပည့္ဝစြာ ေလွ်ာက္လွမ္းၾကပါစို႔ေနာ္

Myint Mo Thi Har