သူမမှားဘူး ကိုယ်မှားခဲ့တာ ရှေး ရေစက်ကြောင့် ဆုံလာကြတယ်ပါတ်သက်ရင်းနှီးခဲ့ကြပြီ

သူမမှားဘူး ကိုယ်မှားခဲ့တာ

ရှေး ရေစက်ကြောင့် ဆုံလာကြတယ်ပါတ်သက်ရင်းနှီးခဲ့ကြပြီ

တစ်မိထဲကမွေးလာတာ မဟုတ်ပဲသာမာန်ထက် ပိုတဲ့ သံယောဇဉ်တွေချည်နှောင်မိပြီးသည့်နောက် …

အရင်လို …ကိုယ့်အချစ်တွေကို တန်ဖိုးမထားတော့ဘူးသာမာန်လူလို ဆက်ဆံလာတယ် .

ကိုယ့်မေတ္တာတွေကို မမြင်တော့ဘူးစေတနာစကားတွေကို အပြစ်တင်လာပြီ .

ချစ်သူကို တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး

” ငါ မရှိလို့ သူမဖြစ်ပါဘူး ” ဆိုတဲ့ ပုံစံနဲ့မထီမဲ့မြင် ဆက်ဆံလာပြီ .သူ့မှာ အပြစ်မရှိပါဘူး ကိုယ်က သူ့ထက်အရာရာပိုပေးခဲ့ မိတာလေ

သူဘာလုပ်နေလည်း ‘ ဘာစားထားပြီးပြီလည်းအဆင်ပြေရဲ့လား ‘ နေကောင်းရဲ့လားကိုယ်က ပူပန်ပေးခဲ့ရတာ

ကိုယ့်တန်ဖိုး ကိုယ်ချခဲ့မိတာသူ့အမှား မဟုတ်ဘူး ကိုယ်တိုင်မှားခဲ့မိတာပါ .

ဖုန်းခဏ ခဏဆက်တာကိုယ့်ချစ်သူကို တအားချစ်တဲ့စိတ်ကြောင့်စိတ်မချလို့ ဆိုတဲ့ သဘောတရားတွေ သူမသိဘူးညိုငြင်တယ် .

နေပူမိုးရွာ အနေထိုင်ဆင်ခြင်ဖို့ပြောမိရင်ချစ်သူတစ်ခုခုဖြစ်မှာ စိုးရိမ်လို့ ဆိုတဲ့အမြင်နဲ့မကြည့်တတ်ဘူး ” ပြောစရာမလိုဘူး ‘ ဆိုတဲ့ အချိုးနဲ့တုန့်ပြန်တယ် .

အပေါင်းသင်းရွေးပေါင်းဖို့ ပြောတာမတော်တဆ အမှားတွေနဲ့ တွေ့မှာဆိုးတဲ့စေတနာစိတ်ကို နားမလည်ဘူး ” စိတ်ပျက်စရာ ” ဆိုတဲ့အပြုမှုနဲ့ တုန့်ပြန်တယ် .

အသွားအလာဆင်ခြင်ဖို့ ပြောမိတော့နေရာတကာဝင်ပြောတယ် ဆိုပြီး ရန်သူလိုတုန့်ပြန်လာတယ် .သူမမှားဘူး အရာရာ ပိုမိတဲ့ ကိုယ်မှားတာ .့

တကယ်တော့ တန်ဖိုးမသိသူလက်ထဲကိုယ့်အချစ် ‘ ကိုယ့်မေတ္တာ ‘ ကိုယ့်စေတနာတွေထည့်ပေးထားရတယ်ဆိုတာ ဝဋကြောင်းတရားလို့ပဲခံယူလိုက်ပါတယ် .

ကိုယ့်အပေါ် မကောင်းတဲ့သူကို မကောင်းမှန်းသိရက်နဲ့တွယ်ကပ်နေတယ်ဆိုတာ ဝဋ်ကြွေးဆပ်နေရခြင်းပါလား ဆိုပြီး ခံယူလိုက်ပြီးတဲ့နောက်

ဝဋ်ကြွေးပါရင်လည်း ဒီဘဝတင် ကြေပါရစေလို့ပဲဆုတောင်းမိပါတယ် .

သံသရာအဆက်ဆက် ရေစက်လည်းမဆုံချင်တော့ဘူးဒါကြောင့် အမုန်းတရားမပါတဲ့ ပေးဆပ်ခြင်းနဲ့နေပျော်လာပါပြီ .

သူမကောင်းလို့ ကိုယ်ကအဆိုးတွေပြန်တုန့်ပြန်နေရင်အမုန်းသံသရာလည်နေမှာလည်း မလိုချင်ဘူးပြုံးပြုံးလေးနဲ့ အနိုင်လိုသမျှ ခေါင်းငုံ့ခံနေလိုက်ပါတယ် .

တစ်ခုလေးပဲ ဆုတောင်းမိတယ် ကိုယ်ချစ်တဲ့သူရဲ့ ဥပေက္ခာပြုခြင်းဟာ

အချစ်ကြီးသူတွေအတွက် အရှင်လတ်လတ်ငရဲ ကျနေသလိုခံစားရတယ်ဆိုတာ သူမကြုံတွေ့ပါစေနဲ့ .

ကိုယ့်အချစ်ကို တန်ဖိုးမထားသူရဲ့ အေးစက်စက်အပြုအမူကိုရင်ဆိုင်ရတာ ဓါးနဲ့အချက်ပေါင်းမြောက်များစွာအထိုးခံရတာထက် နာကျင်တယ်ဆိုတာ သူမသိပါစေနဲ့ .

ကိုယ်မြတ်နိုးသူရဲ့ မထီမဲ့မြင်ဆက်ဆံခံရခြင်းဟာအတိုင်းအဆမရှိ ဝမ်းနည်းရတယ်ဆိုတာသူ ရင်မဆိုင်ရပါစေနဲ့ ဆိုပြီးရင်ထဲက မှန်ကန်သော စစ်မှန်ဖြူစင်စွာ အမြဲဆုတောင်းပေးလိုက်ပါတယ် .

ကိုယ်လည်း ဝဋ်ကြွေးတွေကုန်သွားရင်သူဆွဲခေါ်ထားရင်တောင် ကိုယ်မနေနိုင်တော့ပါဘူး

ကံတရားက ဖယ်ထုတ်ပေးသွားပါလိမ့်မယ် .ဝဋ်ကြွေးဆိုတာ ကျေအောင်ဆပ်တတ်ဖို့အတွက်သည်းခံစိတ်ဆိုတာ လိုအပ်တာမို့ ကိုယ့်အပေါ် စာနာမှုမထားလည်း စိတ်မဆိုးမိတော့ပါဘူး .

ကိုယ့်ဝဋ်ကြွေးတွေကျေသွားပြီးတဲ့နောက်သူ့အလှည့်ဆိုတာ မရှိပါစေနဲ့လို့ ဆန္ဒပြုရင်းသူထားတဲ့ နေရာလေးမှာ နေသားကျနေပါပြီ .

MayNoe

သူမမွားဘူး ကိုယ္မွားခဲ့တာ

ေရွး ေရစက္ေၾကာင့္ ဆံုလာၾကတယ္ပါတ္သက္ရင္းနွီးခဲ့ၾကျပီ

တစ္မိထဲကေမြးလာတာ မဟုတ္ပဲသာမာန္ထက္ ပ္ုိတဲ့ သံေယာဇဥ္ေတြခ်ည္ေနွာင္မိျပီးသည့္ေနာက္ …

အရင္လို …ကိုယ့္အခ်စ္ေတြကို တန္ဖိုးမထားေတာ့ဘူးသာမာန္လူလို ဆက္ဆံလာတယ္ .

ကိုယ့္ေမတၱာေတြကို မျမင္ေတာ့ဘူးေစတနာစကားေတြကို အျပစ္တင္လာျပီ .ခ်စ္သူကို တန္ဖိုးထားရေကာင္းမွန္း မသိေတာ့ဘူး

” ငါ မရွိလို ့ သူမျဖစ္ပါဘူး ” ဆိုတဲ့ ပံုစံနဲ ့မထီမဲ့ျမင္ ဆက္ဆံလာျပီ .သူ ့မွာ အျပစ္မရွိပါဘူး ကိုယ္က သူ ့ထက္အရာရာပိုေပးခဲ့ မိတာေလ .

သူဘာလုပ္ေနလည္း ‘ ဘာစားထားျပီးျပီလည္းအဆင္ေျပရဲ့လား ‘ ေနေကာင္းရဲ့လားကိုယ္က ပူပန္ေပးခဲ့ရတာ

ကိုယ့္တန္ဖိုး ကိုယ္ခ်ခဲ့မိတာသူ ့အမွား မဟုတ္ဘူး ကိုယ္တိုင္မွားခဲ့မိတာပါ .

ဖုန္းခဏ ခဏဆက္တာကိုယ့္ခ်စ္သူကို တအားခ်စ္တဲ့စိတ္ေၾကာင့္စိတ္မခ်လို ့ ဆိုတဲ့ သေဘာတရားေတြ သူမသိဘူးညိဳျငင္တယ္ .

ေနပူမိုးရြာ အေနထိုင္ဆင္ျခင္ဖို ့ေျပာမိရင္ခ်စ္သူတစ္ခုခုျဖစ္မွာ စိုးရိမ္လို ့ ဆိုတဲ့အျမင္နဲ ့မၾကည့္တတ္ဘူး ” ေျပာစရာမလိုဘူး ‘ ဆိုတဲ့ အခ်ိဳးနဲ ့တုန္ ့ျပန္တယ္ .

အေပါင္းသင္းေရြးေပါင္းဖို ့ ေျပာတာမေတာ္တဆ အမွားေတြနဲ ့ ေတြ ့မွာဆိုးတဲ့ေစတနာစိတ္ကို နားမလည္ဘူး ” စိတ္ပ်က္စရာ ” ဆိုတဲ့အျပဳမႈနဲ ့ တုန္ ့ျပန္တယ္ .

အသြားအလာဆင္ျခင္ဖို ့ ေျပာမိေတာ့ေနရာတကာဝင္ေျပာတယ္ ဆိုျပီး ရန္သူလိုတုန္ ့ျပန္လာတယ္ .သူမမွားဘူး အရာရာ ပိုမိတဲ့ ကိုယ္မွားတာ .့

တကယ္ေတာ့ တန္ဖိုးမသိသူလက္ထဲကိုယ့္အခ်စ္ ‘ ကိုယ့္ေမတၱာ ‘ ကိုယ့္ေစတနာေတြထည့္ေပးထားရတယ္ဆိုတာ ဝဋေၾကာင္းတရားလို ့ပဲခံယူလိုက္ပါတယ္ .

ကိုယ့္အေပၚ မေကာင္းတဲ့သူကို မေကာင္းမွန္းသိရက္နဲ ့တြယ္ကပ္ေနတယ္ဆိုတာ ဝဋ္ေၾကြးဆပ္ေနရျခင္းပါလား ဆိုျပီး ခံယူလိုက္ျပီးတဲ့ေနာက္

ဝဋ္ေၾကြးပါရင္လည္း ဒီဘဝတင္ ေၾကပါရေစလို ့ပဲဆုေတာင္းမိပါတယ္ .

သံသရာအဆက္ဆက္ ေရစက္လည္းမဆံုခ်င္ေတာ့ဘူးဒါေၾကာင့္ အမုန္းတရားမပါတဲ့ ေပးဆပ္ျခင္းနဲ ့ေနေပ်ာ္လာပါျပီ .

သူမေကာင္းလို ့ ကိုယ္ကအဆိုုးေတြျပန္တုန္ ့ျပန္ေနရင္အမုန္းသံသရာလည္ေနမွာလည္း မလိုခ်င္ဘူးျပံဳးျပံဳးေလးနဲ ့ အနိုင္လိုသမွ် ေခါင္းငံု ့ခံေနလိုက္ပါတယ္ .

တစ္ခုေလးပဲ ဆုေတာင္းမိတယ္ ကိုယ္ခ်စ္တဲ့သူရဲ့ ဥေပကၡာျပဳျခင္းဟာ

အခ်စ္ၾကီးသူေတြအတြက္္ အရွင္လတ္လတ္ငရဲ က်ေနသလိုခံစားရတယ္ဆိုတာ သူမၾကံဳေတြ ့ပါေစနဲ ့ .

ကိုယ့္အခ်စ္ကို တန္ဖိုးမထားသူရဲ့ ေအးစက္စက္အျပဳအမူကိုရင္ဆိုင္ရတာ ဓါးနဲ ့အခ်က္ေပါင္းေျမာက္မ်ားစြာအထိုးခံရတာထက္ နာက်င္တယ္ဆိုတာ သူမသိပါေစနဲ ့ .

ကိုယ္ျမတ္နိုးသူရဲ့ မထီမဲ့ျမင္ဆက္ဆံခံရျခင္းဟာအတိုင္းအဆမရွိ ဝမ္းနည္းရတယ္ဆိုတာသူ ရင္မဆိုင္ရပါေစနဲ ့ ဆိုျပီးရင္ထဲက မွန္ကန္ေသာ စစ္မွန္ျဖဴစင္စြာ အျမဲဆုေတာင္းေပးလိုက္ပါတယ္ .

ကိုယ္လည္း ဝဋ္ေၾကြးေတြကုန္သြားရင္သူဆြဲေခၚထားရင္ေတာင္္ ကိုယ္မေနနိုင္ေတာ့ပါဘူး

ကံတရားက ဖယ္ထုတ္ေပးသြားပါလိမ့္မယ္ .ဝဋ္ေၾကြြးဆိုတာ ေက်ေအာင္ဆပ္တတ္ဖို ့အတြက္သည္းခံစိတ္ဆိုတာ လိုအပ္တာမို ့ ကိုယ့္အေပၚ စာနာမႈမထားလည္း စိတ္မဆိုးမိေတာ့ပါဘူး .

ကိုယ့္ဝဋ္ေၾကြးေတြေက်သြားျပီးတဲ့ေနာက္သူ ့အလွည့္ဆိုတာ မရွိပါေစနဲ ့လို ့ ဆႏၵျပဳရင္းသူထားတဲ့ ေနရာေလးမွာ ေနသားက်ေနပါျပီ .

MayNoe