ဓမ္မတာလာချိန်မှာ စိတ်ဖိစီးမှု၊နာကျင်ကိုက်ခဲမှုတွေမဖြစ်စေဖို့အတွက် ဆောင်ရန်၊ရှောင်ရန်များ


(၁) အိပ်ရေးဝဝအိပ်ပါ

freepik





freepik






written by PP

မိန်းကလေးတွေ ဓမ္မတာလာချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေဖြစ်တာကြောင့် စိတ်ဖိစီးမှု၊စိတ်ပင်ပန်းမှုကို ခံစားရပြီး တချို့တွေဆို ပြင်းထန်တဲ့နာကျင်ကိုက်ခဲမှုတွေကို ခံစားရပါတယ်။ ဓမ္မတာလာတာက လစဉ်ဖြစ်တဲ့သဘာဝမို့ ဒီအရာကိုရှောင်လွဲလို့မရပါဘူး။ ရှောင်လွဲလို့မရတဲ့ဝေဒနာတွေကို လျော့ပါးသက်သာဖို့၊ ဓမ္မတာလာချိန်ကို သက်တောင့်သက်သာကျော်ဖြတ်နိုင်ဖို့အတွက် ဓမ္မတာလာချိန်မှာသတိထားရမယ့် ဆောင်ရန်ရှောင်ရန်တွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝဝအိပ်ခြင်းက ဟော်မုန်းတွေကိုပုံမှန်ဖြစ်စေဖို့ အထောက်အကူဖြစ်စေတာကြောင့် ဓမ္မတာလာချိန်နာကျင်ကိုက်ခဲမှုတွေကို လျော့နည်းစေပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်နေ့တိုင်းအိပ်ရေးဝအောင်အိပ်ပါ။

(၂) ဆေးဖက်ဝင်လက်ဖက်ရည်လုပ်သောက်ပါ

အခြောက်ခံထားတဲ့နနွင်းတက်အနည်းငယ်၊ ချင်းအနည်းငယ်၊ သစ်ကြမ်းပိုးမှုန့်အနည်းငယ်၊ငရုတ်ကောင်းအနည်းငယ်၊ ပျားရည်နှစ်ဇွန်းတို့ကိုခွက်တစ်ခုထဲထည့်ကာ ရေနွေးထည့်ပြီးမွှေပါ။ ပြီးရင် သံပရိုသီးတစ်ခြမ်းကိုညှစ်ထည့်လိုက်ပြီး သောက်ပေးပါ။ နေ့စဉ်မှန်မှန်သောက်ပေးရင် ဓမ္မတာလာချိန်နာကျင်ကိုက်ခဲမှုတွေမရှိတော့ဘဲ သက်တောင့်သက်သာဖြစ်နေစေပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးပါ

ထိုက်သင့်တဲ့ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးတဲ့အခါ သွေးလှည့်ပတ်မှုကောင်းမွန်စေတာကြောင့် ဓမ္မတာလာချိန်မှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေ နာကျင်ကိုက်ခဲမှုတွေကို နည်းပါးစေပါတယ်။

(၄) ရေများများသောက်ပေးပါ

ခန္ဓာကိုယ်မှာ ရေဓတ်ခမ်းခြောက်နေတဲ့အခါ နာကျင်ကိုက်ခဲမှုတွေကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် နေ့စဉ် ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပေးပါ။

(၅) လက်ဝါးလေးတွေကိုနှိပ်ပေးပါ

လက်ဝါးလေးတွေကို တစ်ဖက်နဲ့တစ်ဖက်နှိပ်နယ်ပေးတဲ့အခါ လက်ဝါးမှာရှိတဲ့သွေးကြောလေးတွေကို ဖွင့်ပေးပြီး သွေးစီးဆင်းမှုကောင်းမွန်စေတာကြောင့် လက်ဝါးလေးတွေကို နေ့တိုင်းနှိပ်နယ်ပေးခြင်းက ဓမ္မတာလာချိန်နာကျင်ကိုက်ခဲမှုဖြစ်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။

written by PP