ကိုယ့်စိတ်ကို အောက်ဆုံးထိကျဆင်းအောင် လုပ်နေတာတစ်ခြားသူမဟုတ်ပါဘူးသင်ကိုယ်တိုင်ပါပဲ။
ဒီလိုပြောလိုက်တဲ့ အခါအပိုတွေလို့ ထင်ချင်ထင်မိပါလိမ့်မယ်။
စိတ်ချမ်းသာချင်လျှင်စိတ်ချမ်းသာတဲ့အတွေးကိုတွေးလိုက်ပါ။
ဒီလိုအတွေးမျိုးကိုစိတ်ညစ်နေတဲ့အချိန် ပြောင်းလဲတွေးနိူင်ဖို့အတွက်စာများများဖတ်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် စာများများဖတ်ပါလို့ဆရာကြီးဦးအောင်သင်းကပြောခဲ့ခြင်းပါ။
ဘဝမှာ ဘာအကြောင်း ကြောင့်ဖြစ်ဖြစ် လူတိုင်းမှာ ပြဿနာတွေစိတ်ညစ်စရာတွေ ကြုံနေကြရတာဒုနဲ့ဒေးပါပဲ…
ငါ့ကျမှ ဒုက္ခရောက်ရတယ်လို့တစ်ဖက်သက်မတွေးလိုက်ပါနဲ့လူတိုင်းကိုယ်စီမှာ သောကကိုယ်စီနဲ့ပါ။
ပြဿနာ အကြီးအသေးဒုက္ခ အနည်း၊အများစိတ်ညစ်စရာတွေ မကြာခဏကြုံတွေ့ပုံခြင်း မတူညီကြတဲ့အတွက်
တစ်ယောက်နဲ့တစ်ယောက်စိတ်ပူပုံချင်းကွဲပြားသွားကြပါတယ် ။
စာဖတ်များ သူရဲ့အတွေးနဲ့စာ မဖတ်သူရဲ့ တွေးပုံချင်းကကွာခြားသွားတဲ့အခါ
စိတ်ညစ်စရာတွေ ခံစားပုံချင်းလဲကွာခြားသွားကြပါတယ်။
တချို့က စိတ်ညစ်လာပြီဆိုဒါကိုပဲ အထပ်ထပ် အခါအခါတွေးရင်းကိုယ့်စိတ်ကို ပိုပူလောင်စေကြပါတယ်။
စာဖတ်အားနည်းကြတဲ့အခါစိတ်ထားပုံ ထားခြင်းကလဲမတူတဲ့အတွက် မိမိကိုယ်ကိုအားပေးရမယ့် နေရာမှာ
“ငါက သူ့လောက်မတော်ပါဘူး””ငါကသူ့လောက် မလှပါဘူး”စတဲ့အတွေးမှားတွေက ကိုယ့်စိတ်ကို
နိမ့်ချပြီး စိတ်ဓာတ်တွေအောက်ဆုံးထိကျအောင်အကြိမ်ကြိမ် ထိုးနှက်နေခြင်းပါပဲ။
မိမိ ကိုယ်ကိုယ်ကိုစိတ်ချမ်းသာချင်လျှင်ဘယ်တော့မှ တစ်ပါးသူနဲ့မနှိုင်းယှဉ်ပါနဲ့ ။
စိတ်ညစ်စရာတွေကိုချက်ချင်းအတွေးထဲက ထုတ်ပြစ်ဖို့မမေ့ပါနဲ့ ။
သူတစ်ပါး ပြောလာတဲ့စကားတွေကို(ဝေဖန်သောစကား)အကောင်းအဆိုး အကြောင်းအကျိုးမသိပဲ အတွေးလွန်ပြီးစိတ်ပူမနေပါနဲ့။
လူရယ်လို့ ဖြစ်လာရင် စိတ်သောကကင်းတဲ့သူရယ်လို့ မရှိတဲ့အတွက်စိတ်ချမ်းသာအောင် စိတ်ထားတတ်မှစိတ်ချမ်းသာမှု ရရှိနိူင်မှာပါ။
မိမိကိုယ်ကို တွေးတဲ့အတွေးနဲ့စိတ်ထားတတ်ပုံကိုထိန်းချုပ်နိူင်မှ သာလျှင်
အများနည်းတူ သင်ကိုယ်တိုင်လဲစိတ်ချမ်းသာမှု ရရှိနိူင်မှာပဲဖြစ်ပါတယ်။
လေးစားစွာဖြင့်
MayHsu(ရာမညမြေ)
ကိုယ့္စိတ္ကို ေအာက္ဆုံးထိက်ဆင္းေအာင္ လုပ္ေနတာတစ္ျခားသူမဟုတ္ပါဘူးသင္ကိုယ္တိုင္ပါပဲ။
ဒီလိုေျပာလိုက္တဲ့ အခါအပိုေတြလို႔ ထင္ခ်င္ထင္မိပါလိမ့္မယ္။
စိတ္ခ်မ္းသာခ်င္လွ်င္စိတ္ခ်မ္းသာတဲ့အေတြးကိုေတြးလိုက္ပါ။
ဒီလိုအေတြးမ်ိဳးကိုစိတ္ညစ္ေနတဲ့အခ်ိန္ ေျပာင္းလဲေတြးႏိူင္ဖို႔အတြက္စာမ်ားမ်ားဖတ္ဖို႔လိုအပ္ပါတယ္။
ဒါေၾကာင့္ စာမ်ားမ်ားဖတ္ပါလို႔ဆရာႀကီးဦးေအာင္သင္းကေျပာခဲ့ျခင္းပါ။
ဘဝမွာ ဘာအေၾကာင္း ေၾကာင့္ျဖစ္ျဖစ္ လူတိုင္းမွာ ျပႆနာေတြစိတ္ညစ္စရာေတြ ႀကဳံေနၾကရတာဒုနဲ႔ေဒးပါပဲ…
ငါ့က်မွ ဒုကၡေရာက္ရတယ္လို႔တစ္ဖက္သက္မေတြးလိုက္ပါနဲ႔လူတိုင္းကိုယ္စီမွာ ေသာကကိုယ္စီနဲ႔ပါ။
ျပႆနာ အႀကီးအေသးဒုကၡ အနည္း၊အမ်ားစိတ္ညစ္စရာေတြ မၾကာခဏႀကဳံေတြ႕ပုံျခင္း မတူညီၾကတဲ့အတြက္
တစ္ေယာက္နဲ႔တစ္ေယာက္စိတ္ပူပုံခ်င္းကြဲျပားသြားၾကပါတယ္ ။
စာဖတ္မ်ား သူရဲ႕အေတြးနဲ႔စာ မဖတ္သူရဲ႕ ေတြးပုံခ်င္းကကြာျခားသြားတဲ့အခါ
စိတ္ညစ္စရာေတြ ခံစားပုံခ်င္းလဲကြာျခားသြားၾကပါတယ္။
တခ်ိဳ႕က စိတ္ညစ္လာၿပီဆိုဒါကိုပဲ အထပ္ထပ္ အခါအခါေတြးရင္းကိုယ့္စိတ္ကို ပိုပူေလာင္ေစၾကပါတယ္။
စာဖတ္အားနည္းၾကတဲ့အခါစိတ္ထားပုံ ထားျခင္းကလဲမတူတဲ့အတြက္ မိမိကိုယ္ကိုအားေပးရမယ့္ ေနရာမွာ
“ငါက သူ႔ေလာက္မေတာ္ပါဘူး””ငါကသူ႔ေလာက္ မလွပါဘူး”စတဲ့အေတြးမွားေတြက ကိုယ့္စိတ္ကို
နိမ့္ခ်ၿပီး စိတ္ဓာတ္ေတြေအာက္ဆုံးထိက်ေအာင္အႀကိမ္ႀကိမ္ ထိုးႏွက္ေနျခင္းပါပဲ။
မိမိ ကိုယ္ကိုယ္ကိုစိတ္ခ်မ္းသာခ်င္လွ်င္ဘယ္ေတာ့မွ တစ္ပါးသူနဲ႔မႏႈိင္းယွဥ္ပါနဲ႔ ။
စိတ္ညစ္စရာေတြကိုခ်က္ခ်င္းအေတြးထဲက ထုတ္ျပစ္ဖို႔မေမ့ပါနဲ႔ ။
သူတစ္ပါး ေျပာလာတဲ့စကားေတြကို(ေဝဖန္ေသာစကား)အေကာင္းအဆိုး အေၾကာင္းအက်ိဳးမသိပဲ အေတြးလြန္ၿပီးစိတ္ပူမေနပါနဲ႔။
လူရယ္လို႔ ျဖစ္လာရင္ စိတ္ေသာကကင္းတဲ့သူရယ္လို႔ မရွိတဲ့အတြက္စိတ္ခ်မ္းသာေအာင္ စိတ္ထားတတ္မွစိတ္ခ်မ္းသာမႈ ရရွိႏိူင္မွာပါ။
မိမိကိုယ္ကို ေတြးတဲ့အေတြးနဲ႔စိတ္ထားတတ္ပုံကိုထိန္းခ်ဳပ္ႏိူင္မွ သာလွ်င္
အမ်ားနည္းတူ သင္ကိုယ္တိုင္လဲစိတ္ခ်မ္းသာမႈ ရရွိႏိူင္မွာပဲျဖစ္ပါတယ္။
ေလးစားစြာျဖင့္
MayHsu(ရာမညေျမ)