“မယ်စနိုက် ပေးသော သင်ခန်းစာ”
SM ဘဝဆိုတာ ဘာပဲလုပ်လုပ် ကဲ့ရဲ့မလွတ်တဲ့ ဘဝလေးတွေပါနော် ဆံပင်ဖြောင့် ဖြောင့်ပြန်ပြီ ကောက်ကောက်ပြန်ပြီ ညှပ်ညှပ်ပြန်ပြီ
SM ဆိုတာနဲ့ အထင်သေးချင်တဲ့မိန်းမတွေ အတင်းတုတ်ချင်တဲ့ အမျိုးသမီးတွေ သူတို့လည်း အချိန်မရွေး SM ဖြစ်သွားနိုင်တယ်ဆိုတာ မသိရှာကြဘူး ခြံခုန်မှမဟုတ်ဘူး သေကွဲကွဲရင်လည်း SM ဖြစ်ပါတယ်
ကလေးအမေဆိုတာနဲ့ ထမိန်ပဲဝတ်ရမယ်မြန်မာဆန်ရမယ် လာမပြောနဲ့ ဆိုင်ကယ်နောက် အထုပ်တွေတင် ခွကြားထဲလည်းအထုပ်တွေတင်ပြီး ဟိုပို့ ဒီသယ်လုပ်စားနေရတာလေ ဘယ်ရင်ဖုံးနဲ့ဆံထုံးနဲ့ နေနိုင်ပါ့မလဲနော်
ကြုံလို့တစ်ခုပြောပြချင်ပါတယ် မြန်မာဆန်တိုင်း မိန်းမကောင်းမဟုတ်သလို ခေတ်ဖက်ရှင်နဲ့ လုံလုံခြုံခြုံအထာကျကျ မိန်းမကောင်းတွေအများကြီးပါ
(မြန်မာဆန်ဆန်ဝတ်ဆင်ပြီး မြန်မာဆန်တဲ့စိတ်ဓာတ်ပိုင်ရှင် မိန်းမကောင်း လည်းများစွာရှိပါတယ်)
ကျွန်မဘဝမှာ ကြုံခဲ့ရတဲ့ မယ်စနိုက်က သနပ်ခါးကိုဘယ်ညာလူး ဆံထုံးလေးပါထုံး မြန်မာရင်ဖုံးလေးနဲ့လိုက်ပါတယ်ဆိုတဲ့ အမျိုးအစား မြန်မာမိန်းကလေးဆိုတာ ဘယ်လိုနေ ဘယ်လိုထိုင်ရတယ်
ဒူးပေါ်ပေါင်ပေါ်မဖော်ရဘူး ဆိုတဲ့စကားတွေကို အမြဲပြောတတ်သူ
ဝတ်စားဆင်ယင်ပုံတော့ မြန်မာဆန်ပါရဲ့ စိတ်ဓာတ်လုပ်ရပ် ကအောက်တန်းစားဆန်လွန်းတဲ့အခါ ကလေးတစ်ယောက် အဖေမဲ့ခဲ့ရတယ်
မယ်စနိုက်နဲ့ကြုံခဲ့ရပြီးတဲ့နောက် ဘယ်တော့မှ လူတစ်ယောက်ရဲ့ စိတ်ဓာတ်အဆင့်အတန်းကို အပေါ်ယံ အဝတ်အစားနဲ့မဆုံးဖြတ်တော့ဘူး မယ်စနိုက်ပေးသော သင်ခန်းစာ
Myint Mo Thi Har
Myint Mo Thi Har