စိတ်ပိန်ရင်၊အရာအားလုံးပိန်ပါတယ်

စိတ်ပိန်ရင်၊အရာအားလုံးပိန်ပါတယ်

စိတ်ပိန်ရင်၊လူလည်းပိန်တတ်တယ်တဲ့၊ကျမ္မာရေး ရှု့ထောင့်ကကြည့်ရင်လည်း၊စိတ်မကျမ္မာမှုတွေဖြစ်လာရင် ခန္ဓာလည်းမကျမ္မာမှုဖြစ်လာပါတယ်။

ခန္ဓာကိုယ်ကကျမ္မာရေးတွေမကောင်း ပြန်တော့ စိတ်ကလည်း ဖောက်ပြန်ပြီး၊နေထိုင်လှုပ်ရှားရတာ လွတ်လပ်ပေါ့ပါးမှုတွေ မရှိပြန်ဘူး။

စိတ်နဲ့ကိုယ်၊ကိုယ်နဲ့စိတ် တစ်ခုကိုတစ်ခုမှီတည် ဆက်စပ်မှုတွေ ရှိနေလေတော့တစ်ခုက တစ်စုံတစ်ရာ ချွတ်ယွင်းသွားရင်နောက်တစ်ခုကလည်း တစ်စုံတစ်ရာဖြစ်ပြန်ပါတယ်။

ဒီနှစ်ခုထဲမှာ စိတ်ကတော့ပိုပြီးအရေးကြီးပါတယ်။ သူ့စိတ်ထက် ကိုယ့်စိတ်က ပိုအရေးကြီးပါတယ်။

လောကမှာ လူသားတွေကျင်လည်နေကြသော မိသားစုမှာပဲဖြစ်ဖြစ်၊အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ဘယ်လိုအဖွဲ့အစည်းမျိုးမှာပဲဖြစ်ဖြစ်၊

သူတို့တွေရင်ဆိုင်နေကြတဲ့Stress စိတ်ဖိစီးမှု၊သောက ဝေဒနာ၊conflict သဘောထားကွဲလွဲမှု၊ရန်ပွဲ၊တိုက်ပွဲ စသောပြဿနာတို့သည်လည်း၊

စိတ်တစ်ခုရဲ့တောင်းဆိုမှုတစ်ခုကြောင့်၊ဖြစ်ကြတာပါတယ်။အနောက်တိုင်းစာအုပ်တစ်အုပ်မှာဖတ်ဖူးတယ်၊Conflictဆိုတာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ဆာလောင်မွတ်သိပ်မှုအတွက် သွေးရူးသွေးတန်းဖြစ်နေခြင်းကို အစာကျွေးခြင်းတစ်ခုလို့ပြောပါတယ်။

ဘာပဲဖြစ်ဖြစ်၊လူတစ်ယောက်မှာ သူ့ဘဝအေးချမ်းဖို့အတွက်၊စိတ်ကအခရာကျပါတယ်၊တစ်ခြားအရာတွေဘယ်လောက်ပင်ပြည့်စုံပါစေ၊

စိတ်ပိုင်းဆိုင်ရာတွေချွတ်ယွင်းမှုရှိတာနဲ့၊တစ်ခြားပြည့်စုံနေသောအရာတွေကိုလည်း မပြည့်စုံဘူးလို့ခံစားလာရမှာဖြစ်ပါတယ်။

စိတ်ချမ်းသာနေရင်၊တစ်ခြားရုပ်ပိုင်းဆိုရာတွေ ဆင်းရဲနေပါစေ၊ဘဝဟာပြည့်စုံနေသေးတယ်၊ဘဝဟာနေပျော်စရာကောင်းပါတယ်။

ဒါပေမယ့် စိတ်ဆင်းရဲနေရရင်တော့၊တစ်ခြားပစ္စည်းဥစ္စာတွေပြည့်စုံနေစေကာမူ၊ဘဝဟာကျေနပ်စရာမကောင်းတော့ဘူး၊နေချင်စရာမကောင်းဘူးဖြစ်လာတတ်ပါတယ်။

ဘာလို့လဲဆိုတော့ စိတ်ပိန်ရင် အရာအားလုံးဟာပိန်သွားတာပါပဲ။

အရှင်ဇနက(မန္တလေးစာသင်သား)

စိတ္ပိန္ရင္၊အရာအားလုံးပိန္ပါတယ္

စိတ္ပိန္ရင္၊လူလည္းပိန္တတ္တယ္တဲ့၊က်မၼာေရး ရွု႕ေထာင့္ကၾကည့္ရင္လည္း၊စိတ္မက်မၼာမွုေတြျဖစ္လာရင္ ခႏၶာလည္းမက်မၼာမွုျဖစ္လာပါတယ္။

ခႏၶာကုိယ္ကက်မၼာေရးေတြမေကာင္း ျပန္ေတာ့ စိတ္ကလည္း ေဖာက္ျပန္ၿပီး၊ေနထုိင္လွုပ္ရွားရတာ လြတ္လပ္ေပါ့ပါးမွုေတြ မရွိျပန္ဘူး။

စိတ္နဲ႕ကုိယ္၊ကုိယ္နဲ႕စိတ္ တစ္ခုကုိတစ္ခုမွီတည္ ဆက္စပ္မွုေတြ ရွိေနေလေတာ့တစ္ခုက တစ္စုံတစ္ရာ ခြ်တ္ယြင္းသြားရင္ေနာက္တစ္ခုကလည္း တစ္စုံတစ္ရာျဖစ္ျပန္ပါတယ္။

ဒီႏွစ္ခုထဲမွာ စိတ္ကေတာ့ပုိၿပီးအေရးႀကီးပါတယ္။ သူ႕စိတ္ထက္ ကုိယ့္စိတ္က ပုိအေရးႀကီးပါတယ္။

ေလာကမွာ လူသားေတြက်င္လည္ေနၾကေသာ မိသားစုမွာပဲျဖစ္ျဖစ္၊အလုပ္ထဲမွာပဲျဖစ္ျဖစ္၊ဘယ္လုိအဖြဲ႔အစည္းမ်ိဳးမွာပဲျဖစ္ျဖစ္၊

သူတုိ႕ေတြရင္ဆုိင္ေနၾကတဲ့Stress စိတ္ဖိစီးမွု၊ေသာက ေဝဒနာ၊conflict သေဘာထားကြဲလြဲမွု၊ရန္ပြဲ၊တုိက္ပြဲ စေသာျပႆနာတုိ႕သည္လည္း၊

စိတ္တစ္ခုရဲ႕ေတာင္းဆုိမွုတစ္ခုေၾကာင့္၊ျဖစ္ၾကတာပါတယ္။အေနာက္တုိင္းစာအုပ္တစ္အုပ္မွာဖတ္ဖူးတယ္၊Conflictဆုိတာ စိတ္ပုိင္းဆုိင္ရာအားျဖင့္ ဆာေလာင္မြတ္သိပ္မွုအတြက္ ေသြးရူးေသြးတန္းျဖစ္ေနျခင္းကုိ အစာေကြ်းျခင္းတစ္ခုလုိ႕ေျပာပါတယ္။

ဘာပဲျဖစ္ျဖစ္၊လူတစ္ေယာက္မွာ သူ႕ဘဝေအးခ်မ္းဖို႕အတြက္၊စိတ္ကအခရာက်ပါတယ္၊တစ္ျခားအရာေတြဘယ္ေလာက္ပင္ျပည့္စုံပါေစ၊

စိတ္ပိုင္းဆိုင္ရာေတြခြ်တ္ယြင္းမႈရွိတာနဲ႕၊တစ္ျခားျပည့္စုံေနေသာအရာေတြကိုလည္း မျပည့္စုံဘူးလို႕ခံစားလာရမွာျဖစ္ပါတယ္။

စိတ္ခ်မ္းသာေနရင္၊တစ္ျခား႐ုပ္ပိုင္းဆိုရာေတြ ဆင္းရဲေနပါေစ၊ဘဝဟာျပည့္စုံေနေသးတယ္၊ဘဝဟာေနေပ်ာ္စရာေကာင္းပါတယ္။

ဒါေပမယ့္ စိတ္ဆင္းရဲေနရရင္ေတာ့၊တစ္ျခားပစၥည္းဥစၥာေတြျပည့္စုံေနေစကာမူ၊ဘဝဟာေက်နပ္စရာမေကာင္းေတာ့ဘူး၊ေနခ်င္စရာမေကာင္းဘူးျဖစ္လာတတ္ပါတယ္။

ဘာလို႕လဲဆိုေတာ့ စိတ္ပိန္ရင္ အရာအားလုံးဟာပိန္သြားတာပါပဲ။

အရွင္ဇနက(မႏၲေလးစာသင္သား)