တန်ဖိုးရှိသောသူ ဖြစ်နေလို့ပါ
တစ်ခါတလေမှာ ကဲ့ရဲ့မှုခံရတယ်ဆိုတာ ကောင်းတာလုပ်ခြင်း၊မလုပ်ခြင်းနဲ့မသက်ဆိုင်ပါဘူး၊
ကဲ့ရဲ့တတ်သူတို့ရဲ့ကိုယ့်အပေါ်မှာဘယ်လိုသဘောထားနေတယ်ဆိုတာနဲ့သက်ဆိုင်ပါတယ်။
တစ်ချို့ကဲ့ရဲ့သူတို့အတွက် အချိန်ပေးမနေပါနဲ့၊တစ်ချို့သူတွေအတွက် ကဲ့ရဲ့ခြင်းဆိုတာသူတို့ရဲ့ရိုးရာဖြစ်နေပါပြီ၊
သူတို့မှာ ကိုယ်နဲ့ပတ်သက်ပြီး တစ်ခုခုမကျေနပ်မှု အစာမကြေမှုရှိနေတာပါ။
သူတို့ရဲ့ကဲ့ရဲ့မှုကို သိပ်ဂရုစိုက်ပြနေရင်သူတို့ရဲ့ကဲ့ရဲ့မှုက အထမြောက်သွားသလိုဖြစ်သွားတတ်ပါတယ်။
ကိုယ်ဂရုမစိုက်လေသူတို့ရဲ့ကဲ့ရဲ့မှုက အချဉ်းနှီးလေပါပဲ။
ဂရုစိုက်စရာမလိုတဲ့အနေအထားမှာဂရုကိုမစိုက်ပါနဲ့ တန်ဖိုးရှိတဲ့အချိန်တွေမကုန်ဆုံးအောင်ပါ။
တစ်ခါတလေမှာ ကဲ့ရဲ့ခံရတယ်ဆိုတာ တန်ဖိုးမရှိတဲ့ လူတစ်ယောက်ဖြစ်နေလို့မဟုတ်ဘူးနော်၊
တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်နေလို့သာ ကဲ့ရဲ့ခံနေရတာပါ။
(ဒါက ကိုယ့်အလုပ်ကို တန်ဖိုးရှိရှိလုပ်နေသောလူတိုင်းကို ဆိုလိုတာပါ)
မေတ္တာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)
တန္ဖိုးရွိေသာသူ ျဖစ္ေနလို႔ပါ
တစ္ခါတေလမွာ ကဲ့ရဲ႕မႈခံရတယ္ဆိုတာ ေကာင္းတာလုပ္ျခင္း၊မလုပ္ျခင္းနဲ႔မသက္ဆိုင္ပါဘူး၊
ကဲ့ရဲ႕တတ္သူတို႔ရဲ႕ကိုယ့္အေပၚမွာဘယ္လိုသေဘာထားေနတယ္ဆိုတာနဲ႔သက္ဆိုင္ပါတယ္။
တစ္ခ်ိဳ႕ကဲ့ရဲ႕သူတို႔အတြက္ အခ်ိန္ေပးမေနပါနဲ႔၊တစ္ခ်ိဳ႕သူေတြအတြက္ ကဲ့ရဲ႕ျခင္းဆိုတာသူတို႔ရဲ႕႐ိုးရာျဖစ္ေနပါၿပီ၊
သူတို႔မွာ ကိုယ္နဲ႔ပတ္သက္ၿပီး တစ္ခုခုမေက်နပ္မႈ အစာမေၾကမႈရွိေနတာပါ။
သူတို႔ရဲ႕ကဲ့ရဲ႕မႈကို သိပ္ဂ႐ုစိုက္ျပေနရင္သူတို႔ရဲ႕ကဲ့ရဲ႕မႈက အထေျမာက္သြားသလိုျဖစ္သြားတတ္ပါတယ္။
ကိုယ္ဂ႐ုမစိုက္ေလသူတို႔ရဲ႕ကဲ့ရဲ႕မႈက အခ်ဥ္းႏွီးေလပါပဲ။
ဂ႐ုစိုက္စရာမလိုတဲ့အေနအထားမွာဂ႐ုကိုမစိုက္ပါနဲ႔ တန္ဖိုးရွိတဲ့အခ်ိန္ေတြမကုန္ဆုံးေအာင္ပါ။
တစ္ခါတေလမွာ ကဲ့ရဲ႕ခံရတယ္ဆိုတာ တန္ဖိုးမရွိတဲ့ လူတစ္ေယာက္ျဖစ္ေနလို႔မဟုတ္ဘူးေနာ္၊
တန္ဖိုးရွိတဲ့ လူတစ္ေယာက္ျဖစ္ေနလို႔သာ ကဲ့ရဲ႕ခံေနရတာပါ။
(ဒါက ကိုယ့္အလုပ္ကို တန္ဖိုးရွိရွိလုပ္ေနေသာလူတိုင္းကို ဆိုလိုတာပါ)
ေမတၱာျဖင့္
အရွင္ဇနက(မႏၲေလးစာသင္သား)