ကတိတစ္ခုကိုလြယ္လြယ္ေပးျပီးလြယ္လြယ္ဖ်က္တတ္သူေတြခံစားရမယ့္ၾကီးမားတဲ့ဆံုးရံႈးမႈ(၄)မ်ိဳး

ကတိဖ်က္တယ္ဆိုတာ မေကာင္းတဲ့အက်င့္ပါ။ ကတိတစ္ခုကိုလြယ္လြယ္ေပးျပီးလြယ္လြယ္ဖ်က္မယ္ဆိုရင္ အဲ့ဒီကတိကိုအစတည္းက မေပးလိုက္တာ ပိုေကာင္းပါတယ္။ ေပးလိုက္ျပီးျပီဆိုရင္လည္း အဲ့ဒီကတိကို တည္နိုင္ဖို႕အတြက္ တတ္နိုင္သေလာက္ၾကိုးစားသင့္ပါတယ္။ အထူးသျဖင့္ လူေတြဟာ ကိုယ့္ကိုခ်စ္တဲ့သူေတြအေပၚဆို ကတိဖ်က္လည္းဘာမွမျဖစ္ဘူး၊ အျမဲတမ္းခြင့္လႊတ္မွာပဲဆိုတဲ့စိတ္နဲ႕ ကတိတစ္ခုကိုလြယ္လြယ္ေပးလိုက္၊လြယ္လြယ္ဖ်က္လိုက္ လုပ္တတ္ၾကပါတယ္။ အဲ့ဒီလိုလုပ္ျခင္းက ေရရွည္မွာ ဒီလိုအက်ိဳးဆက္ေတြျဖစ္လာေစပါလိမ့္မယ္။

(၁) ကိုယ့္အေပၚယံုၾကည္မႈေလ်ာ့နည္းလာမယ္

ဘာမွမျဖစ္ေလာက္ပါဘူးဆိုတဲ့အေတြးနဲ႕ ကတိဖ်က္တာမ်ားလာတဲ့အခါ ကိုယ့္ကိုအရမ္းခ်စ္ျပီး အျမဲခြင့္လႊတ္တဲ့သူေတာင္မွ ခြင့္လႊတ္ဖို႕ခက္လာျပီး ကိုယ့္အေပၚယံုၾကည္မႈေလ်ာ့နည္းလာပါလိမ့္မယ္။ ကိုယ့္ကိုခ်စ္တဲ့သူေတြရဲ႕ယံုၾကည္မႈကို ဆံုးရံႈးရပါလိမ့္မယ္။

freepik

(၂) ကိုယ့္အေပၚေလးစားမႈေလ်ာ့နည္းလာမယ္

ကတိဖ်က္တယ္ဆိုတာ ကိုယ့္တန္ဖိုးကိုေလ်ာ့က်သြားေအာင္လုပ္လိုက္တာပါပဲ။ ကိုယ့္ရဲ႕တန္ဖိုးကို ကိုယ္ကမျမွင့္တင္ဘဲ နိမ့္က်ေအာင္လုပ္ေနသေရြ႕ တျခားသူေတြကလည္း ကိုယ့္ကို ေလးစားမွာမဟုတ္ပါဘူး။ ကိုယ့္ကိုခ်စ္တဲ့သူေတြက ကိုယ့္အေပၚ ေလးစားမႈမရွိဘဲ ပစ္ပစ္ခါခါေျပာဆိုဆက္ဆံတာမ်ိဳးေတြ ၾကံဳလာရပါလိမ့္မယ္။

(၃) ေနာက္ထပ္ကတိဖ်က္သူေတြကိုဖန္တီးလိုက္နိုင္တယ္

freepik

ကိုယ္ကေရွ႕ကေနကတိအျမဲဖ်က္ေနတဲ့အခါ ေနာက္လူေတြလည္း ကိုယ့္လုိပဲ ကတိမတည္တဲ့သူေတြျဖစ္လာနိုင္ပါတယ္။ ကတိဖ်က္ခံရတာမ်ားလာတဲ့အခါ ကိုယ္လည္း ကတိတည္စရာမလိုဘူးဆိုတဲ့ စိတ္မ်ိုးျဖစ္လာျပီး ကတိလြယ္လြယ္ဖ်က္တတ္တဲ့သူေတြ ျဖစ္လာပါလိမ့္မယ္။

(၄) ကိုယ့္ကိုခ်စ္တဲ့သူေတြကို ဆံုးရံႈးသြားနိုင္တယ္

ကတိဖ်က္္ခံရတာဟာ ကိုယ့္ကိုတန္ဖိုးမထားလို႕၊ မခ်စ္လို႕လို႕ယူဆသြားနိုင္ျပီး ကိုယ့္အေပၚမွာ ထားတဲ့ခ်စ္တဲ့စိတ္ေတြလည္း ေလ်ာ့နည္းလာျပီး ကိုယ့္ကိုစိတ္နာသြားနိုင္ပါတယ္။ ဒီလိုနဲ႕ ကိုယ့္အေပၚခ်စ္တဲ့သူေတြကို ဆံုးရံႈးသြားနိုင္ပါတယ္။

written by PP

ကတိဖျက်တယ်ဆိုတာ မကောင်းတဲ့အကျင့်ပါ။ ကတိတစ်ခုကိုလွယ်လွယ်ပေးပြီးလွယ်လွယ်ဖျက်မယ်ဆိုရင် အဲ့ဒီကတိကိုအစတည်းက မပေးလိုက်တာ ပိုကောင်းပါတယ်။ ပေးလိုက်ပြီးပြီဆိုရင်လည်း အဲ့ဒီကတိကို တည်နိုင်ဖို့အတွက် တတ်နိုင်သလောက်ကြိုးစားသင့်ပါတယ်။ အထူးသဖြင့် လူတွေဟာ ကိုယ့်ကိုချစ်တဲ့သူတွေအပေါ်ဆို ကတိဖျက်လည်းဘာမှမဖြစ်ဘူး၊ အမြဲတမ်းခွင့်လွှတ်မှာပဲဆိုတဲ့စိတ်နဲ့ ကတိတစ်ခုကိုလွယ်လွယ်ပေးလိုက်၊လွယ်လွယ်ဖျက်လိုက် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုလုပ်ခြင်းက ရေရှည်မှာ ဒီလိုအကျိုးဆက်တွေဖြစ်လာစေပါလိမ့်မယ်။

(၁) ကိုယ့်အပေါ်ယုံကြည်မှုလျော့နည်းလာမယ်

ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့အတွေးနဲ့ ကတိဖျက်တာများလာတဲ့အခါ ကိုယ့်ကိုအရမ်းချစ်ပြီး အမြဲခွင့်လွှတ်တဲ့သူတောင်မှ ခွင့်လွှတ်ဖို့ခက်လာပြီး ကိုယ့်အပေါ်ယုံကြည်မှုလျော့နည်းလာပါလိမ့်မယ်။ ကိုယ့်ကိုချစ်တဲ့သူတွေရဲ့ယုံကြည်မှုကို ဆုံးရှုံးရပါလိမ့်မယ်။

(၂) ကိုယ့်အပေါ်လေးစားမှုလျော့နည်းလာမယ်

ကတိဖျက်တယ်ဆိုတာ ကိုယ့်တန်ဖိုးကိုလျော့ကျသွားအောင်လုပ်လိုက်တာပါပဲ။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်ကမမြှင့်တင်ဘဲ နိမ့်ကျအောင်လုပ်နေသရွေ့ တခြားသူတွေကလည်း ကိုယ့်ကို လေးစားမှာမဟုတ်ပါဘူး။ ကိုယ့်ကိုချစ်တဲ့သူတွေက ကိုယ့်အပေါ် လေးစားမှုမရှိဘဲ ပစ်ပစ်ခါခါပြောဆိုဆက်ဆံတာမျိုးတွေ ကြုံလာရပါလိမ့်မယ်။

(၃) နောက်ထပ်ကတိဖျက်သူတွေကိုဖန်တီးလိုက်နိုင်တယ်

ကိုယ်ကရှေ့ကနေကတိအမြဲဖျက်နေတဲ့အခါ နောက်လူတွေလည်း ကိုယ့်လိုပဲ ကတိမတည်တဲ့သူတွေဖြစ်လာနိုင်ပါတယ်။ ကတိဖျက်ခံရတာများလာတဲ့အခါ ကိုယ်လည်း ကတိတည်စရာမလိုဘူးဆိုတဲ့ စိတ်မျိုးဖြစ်လာပြီး ကတိလွယ်လွယ်ဖျက်တတ်တဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။

(၄) ကိုယ့်ကိုချစ်တဲ့သူတွေကို ဆုံးရှုံးသွားနိုင်တယ်

ကတိဖျက်ခံရတာဟာ ကိုယ့်ကိုတန်ဖိုးမထားလို့၊ မချစ်လို့လို့ယူဆသွားနိုင်ပြီး ကိုယ့်အပေါ်မှာ ထားတဲ့ချစ်တဲ့စိတ်တွေလည်း လျော့နည်းလာပြီး ကိုယ့်ကိုစိတ်နာသွားနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ့်အပေါ်ချစ်တဲ့သူတွေကို ဆုံးရှုံးသွားနိုင်ပါတယ်။

written by PP