ကလေးဘဝမှာစိတ်ဒဏ်ရာတွေခံစားရပြီးကြီးပြင်းလာသူတွေမှာ တွေ့ရတတ်တဲ့လက္ခဏာများ

ငယ်စဉ်ကတည်းက အခက်အခဲတွေ၊ လောကဓံတွေကိုရင်ဆိုင်ခဲ့ရတဲ့ကလေးတစ်ယောက်၊ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ မကြာခဏကြုံခဲ့ရတဲ့ကလေးတစ်ယောက်ဟာ စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာတတ်ပါတယ်။

စိတ်ဒဏ်ရာဆိုတာမျိုးက မျက်စိနဲ့ မြင်ရတာမျိုးမဟုတ်တာကြောင့် လူတစ်ယောက်ဟာ စိတ်ဒဏ်ရာတွေရှိခဲ့လား၊ ဘယ်လိုနာကျင်မှုမျိုးတွေကို ရင်ဆိုင်နေရလည်းဆိုတာကို အပေါ်ယံကြည့်ရုံနဲ့တော့ မမြင်နိုင်ပါဘူး။ ဒါပေမယ့် သူ့ရဲ့အပြုအမူနဲ့ နေပုံထိုင်ပုံတွေကိုကြည့်ပြီး ငယ်စဉ်ကစိတ်ဒဏ်ရာတွေရခဲ့လားဆိုတာကို ခန့်မှန်းကြည့်လို့ရပါတယ်။ စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာသူတစ်ယောက်မှာ ဒီလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

(၁) သန်မာတယ်၊ ကြင်နာတတ်တယ်

စိတ်ဒဏ်ရာရှိသူတွေဟာ အခက်အခဲတေါ၊ အကြပ်အတည်းတွေနဲ့ လောကဓံကိုရင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုပြုပြင်ရပါတယ်။ ဒီလိုပြုပြင်ရင်းက တခြားသူတွေထက် ပိုသန်မာသူတွေဖြစ်လာကြပါတယ်။ ပြီးတော့ သူတို့ဟာ စိတ်ထဲကနေနာကျင်ခံစားရတာကို ကောင်းကောင်းနားလည်တာကြောင့် သူတို့ခံစားရတဲ့နာကျင်မှုတွေ တခြားသူကိုမခံစားစေချင်တာကြောင့် တစ်ဖက်သားအပေါ် ကြင်နာတတ်ကြပါတယ်။

(၂) တခါတရံတစ်ကိုယ်ကောင်းဆန်တယ်

စိတ်ဒဏ်ရာတွေရှိတဲ့သူတွေဟာ တခါတရံတစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ်။ သူတို့တွေဟာ ငယ်ဘဝကစပြီး လုံလုံလောက်လောက်အချစ်မခံခဲ့ရ၊ ဦးစားပေးမှုကိုမရခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုဦးစားပေးဖို့လိုအပ်တာကြောင့်ဖြစ်ပါတယ်။

(၃) မတောင်းပန်ခင်ကတည်းက ခွင့်လွှတ်တတ်တယ်

စိတ်ဒဏ်ရာရှိသူအများစုဟာ လူတွေအပေါ်အမှားလုပ်မိမှာစိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်အမှားမလုပ်မိအောင် နေတတ်ကြပြီး သူတို့အပေါ်အမှားကျူးလွန်မိရင်လည်း ကိုယ်နဲ့နှိုင်းပြီးတော့တွေးပြီး မတောင်းပန်ခင်ကတည်းက ခွင့်လွှတ်ပြီးသားဖြစ်နေတတ်ပါတယ်။

(၄) အငြင်းခံရမှာကြောက်တယ်

သူတို့တွေဟာ ဘဝမှာ အမြဲလိုလိုဦးစားပေးမခံရတာကြောင့် ကျန်တဲ့ဘဝမှာ အငြင်းခံရမှာကိုသေမလောက်ကြောက်ကြပါတယ်။ အလုပ်မှာ၊ ပေါင်းသင်းဆက်ဆံရေးမှာ၊ မိသားစုမှာ စသဖြင့် နယ်ပယ်အမျိုးမျိုးမှာ ဘယ်လိုအကြောင်းကြောင့်မှ အငြင်းမခံချင်ဘဲ သူတို့ကို လက်ခံအောင် တတ်နိုင်သလောက်ကြိုးစားတတ်ကြပါတယ်။

(၅) ဆန့်ကျင်ဘက်အမူအကျင့်တွေရှိတတ်တယ်

စိတ်ဒဏ်ရာရှိသူတွေဟာ ဆန့်ကျင်ဘက်အမူအကျင့်တွေရှိတတ်ကြပါတယ်။ တခါတရံပျော်ရွှင်နေတတ်ပြီး တခါတရံမှာအလိုလိုနေရင်း ဝမ်းနည်းနေတတ်ပါတယ်။ တခါတရံမှာ ဆတ်ဆတ်ထိမခံဖြစ်နေတတ်ပြီး တခါတရံမှာလည်း သူမတူအောင်နူးညံ့နေတတ်ပြန်ပါတယ်။ အဲ့ဒီလိုမျိုး ဆန့်ကျင်ဘက်အပြုအမူတွေရှိနေတတ်ပါတယ်။ ဒါကလည်း သူတို့ရဲ့ငယ်ဘဝစိတ်ဒဏ်ရာကြောင့်ပါ။

written by PP

ငယ္စဉ္ကတည္းက အခက္အခဲေတြ၊ ေလာကဓံေတြကိုရင္ဆိုင္္ခဲ့ရတဲ့ကေလးတစ္ေယာက္၊ ကံၾကမၼာအလွည့္အေျပာင္းေတြနဲ႕ မၾကာခဏၾကံုခဲ့ရတဲ့ကေလးတစ္ေယာက္ဟာ စိတ္ဒဏ္ရာေတြနဲ႕ၾကီးျပင္းလာတတ္ပါတယ္။ စိတ္ဒဏ္ရာဆိုတာမ်ိဳးက မ်က္စိနဲ႕ ျမင္ရတာမ်ိုးမဟုတ္တာေၾကာင့္ လူတစ္ေယာက္ဟာ စိတ္ဒဏ္ရာေတြရွိခဲ့လား၊ ဘယ္လိုနာက်င္မႈမ်ိဳးေတြကို ရင္ဆိုင္ေနရလည္းဆိုတာကို အေပၚယံၾကည့္ရံုနဲ႕ေတာ့ မျမင္နိုင္ပါဘူး။ ဒါေပမယ့္ သူ႕ရဲ႕အျပဳအမူနဲ႕ ေနပံုထိုင္ပံုေတြကိုၾကည့္ျပီး ငယ္စဉ္ကစိတ္ဒဏ္ရာေတြရခဲ့လားဆိုတာကို ခန္႕မွန္းၾကည့္လို႕ရပါတယ္။ စိတ္ဒဏ္ရာေတြနဲ႕ၾကီးျပင္းလာသူတစ္ေယာက္မွာ ဒီလကၡဏာေတြကို ေတြ႕ရတတ္ပါတယ္။

(၁) သန္မာတယ္၊ ၾကင္နာတတ္တယ္

စိတ္ဒဏ္ရာရွိသူေတြဟာ အခက္အခဲေတါ၊ အၾကပ္အတည္းေတြနဲ႕ ေလာကဓံကိုရင္ဆိုင္နိုင္ဖို႕အတြက္ ကိုယ့္ကိုယ္ကိုျပုျပင္ရပါတယ္။ ဒီလိုျပုျပင္ရင္းက တျခားသူေတြထက္ ပိုသန္မာသူေတြျဖစ္လာၾကပါတယ္။ ျပီးေတာ့ သူတို႕ဟာ စိတ္ထဲကေနနာက်င္ခံစားရတာကို ေကာင္းေကာင္းနားလည္တာေၾကာင့္ သူတို႕ခံစားရတဲ့နာက်င္မႈေတြ တျခားသူကိုမခံစားေစခ်င္တာေၾကာင့္ တစ္ဖက္သားအေပၚ ၾကင္နာတတ္ၾကပါတယ္။

(၂) တခါတရံတစ္ကိုယ္ေကာင္းဆန္တယ္

စိတ္ဒဏ္ရာေတြရွိတဲ့သူေတြဟာ တခါတရံတစ္ကိုယ္ေကာင္းဆန္တတ္ၾကပါတယ္။ သူတို႕ေတြဟာ ငယ္ဘဝကစျပီး လံုလံုေလာက္ေလာက္အခ်စ္မခံခဲ့ရ၊ ဦးစားေပးမႈကိုမရခဲ့တာေၾကာင့္ ကိုယ့္ကိုယ္ကိုဦးစားေပးဖို႕လိုအပ္တာေၾကာင့္ျဖစ္ပါတယ္။

(၃) မေတာင္းပန္ခင္ကတည္းက ခြင့္လႊတ္တတ္တယ္

စိတ္ဒဏ္ရာရွိသူအမ်ားစုဟာ လူေတြအေပၚအမွားလုပ္မိမွာစိုးရိမ္တတ္ၾကပါတယ္။ ဒါေၾကာင့္ တတ္နိုင္သေလာက္အမွားမလုပ္မိေအာင္ ေနတတ္ၾကျပီး သူတို႕အေပၚအမွားက်ူးလြန္မိရင္လည္း ကိုယ္နဲ႕နွိုင္းျပီးေတာ့ေတြးျပီး မေတာင္းပန္ခင္ကတည္းက ခြင့္လႊတ္ျပီးသားျဖစ္ေနတတ္ပါတယ္။

(၄) အျငင္းခံရမွာေၾကာက္တယ္

သူတို႕ေတြဟာ ဘဝမွာ အျမဲလိုလိုဦးစားေပးမခံရတာေၾကာင့္ က်န္တဲ့ဘဝမွာ အျငင္းခံရမွာကိုေသမေလာက္ေၾကာက္ၾကပါတယ္။ အလုပ္မွာ၊ ေပါင္းသင္းဆက္ဆံေရးမွာ၊ မိသားစုမွာ စသျဖင့္ နယ္ပယ္အမ်ိဳးမ်ိဳးမွာ ဘယ္လိုအေၾကာင္းေၾကာင့္မွ အျငင္းမခံခ်င္ဘဲ သူတို႕ကို လက္ခံေအာင္ တတ္နိုင္သေလာက္ၾကိုးစားတတ္ၾကပါတယ္။

(၅) ဆန္႕က်င္ဘက္အမူအက်င့္ေတြရွိတတ္တယ္

စိတ္ဒဏ္ရာရွိသူေတြဟာ ဆန္႕က်င္ဘက္အမူအက်င့္ေတြရွိတတ္ၾကပါတယ္။ တခါတရံေပ်ာ္ရႊင္ေနတတ္ျပီး တခါတရံမွာအလိုလိုေနရင္း ဝမ္းနည္းေနတတ္ပါတယ္။ တခါတရံမွာ ဆတ္ဆတ္ထိမခံျဖစ္ေနတတ္ျပီး တခါတရံမွာလည္း သူမတူေအာင္နူးညံ့ေနတတ္ျပန္ပါတယ္။ အဲ့ဒီလိုမ်ိဳး ဆန္႕က်င္ဘက္အျပုအမူေတြရွိေနတတ္ပါတယ္။ ဒါကလည္း သူတို႕ရဲ႕ငယ္ဘဝစိတ္ဒဏ္ရာေၾကာင့္ပါ။

written by PP