သင္ေပ်ာ္ရႊင္ေအာင္လက္ေဆာင္ေပးဖူးတဲ့သူကို တန္ဖိုးထားပါ

လက္ေဆာင္ေပးတယ္ဆိုတာ ခ်စ္ခင္ၾကတဲ့သူေတြၾကားမွာ တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ျခင္းေမတၱာ၊ သံေယာဇဉ္၊ ခင္မင္မႈကိုျပသတဲ့ ခ်စ္စဖြယ္အမူအက်င့္ေလးတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ေသခ်ာတာကေတာ့ လက္ေဆာင္ေပးတတ္တဲ့သူေတြဟာ စိတ္ထားေကာင္းတဲ့သူေတြျဖစ္တယ္ဆိုတာပါပဲ။ ဘာလို႕လဲဆိုေတာ့ ….

(၁) သူတို႕ဟာ တစ္ဖက္သားကိုဂရုစိုက္တတ္တဲ့သူေတြျဖစ္တယ္

freepik

လက္ေဆာင္ေပးတာဟာ ကိုယ္ခ်စ္တဲ့ခင္တဲ့သူေတြကိုေပ်ာ္ရႊင္ေအာင္လုပ္ေပးတာပါ။ ဒါဟာ သူတို႕ကိုဂရုစိုက္လို႕ဆိုတာ ေျပာစရာေတာင္မလိုေတာ့ပါဘူး။ ကိုယ္ခ်စ္တဲ့ခင္တဲ့သူေတြကုိဂရုတစိုက္ရွိလို႕ သူတို႕ေပ်ာ္ရႊင္လာေအာင္ လက္ေဆာင္ေပးတာေပါ့။ ဒါေၾကာင့္ သင့္ကိုလက္ေဆာင္ေပးတဲ့သူရွိရင္ သူတို႕ဟာသင့္ကိုဂရုစိုက္တဲ့သူေတြျဖစ္တယ္ဆိုတာ မွတ္ထားပါ။

(၂) လူတစ္ဖက္သားခံစားခ်က္ကိုအေလးထားတတ္သူေတြျဖစ္တယ္

လက္ေဆာင္ေပးတဲ့အခါ ဒီလက္ေဆာင္ကိုရတဲ့သူေပ်ာ္ရႊင္ဖို႕အတြက္ ေသခ်ာစဉ္းစားရပါတယ္။ သူဘာၾကိုက္တတ္လဲ၊ သူ႕ကို ဘယ္အရာကေပ်ာ္ရႊင္ေအာင္လုပ္ေပးနိုင္မလဲစဉ္းစားရတယ္။ ဒီလိုလုပ္ေပးနိုင္ဖို႕ဆိုတာ တစ္ဖက္သားရဲ႕ခံစားခ်က္ကိုအေလးထားမွျဖစ္မွာပါ။

(၃) မနာလိုစိတ္မရွိသူေတြျဖစ္တယ္

လက္ေဆာင္ေပးျပီး လူတစ္ဖက္သားကိုေပ်ာ္ရႊင္ေအာင္လုပ္ေပးတတ္သူေတြဟာ မနာလိုစိတ္မရွိသူ၊ တစ္ဖက္သားေပ်ာ္ရႊင္မႈကို မုဒိတာပြားနိုင္သူေတြျဖစ္ပါတယ္။ သူတစ္ပါးေပ်ာ္ရႊင္မႈကိုၾကည့္ျပီး ကိုယ္ပါလိုက္ျပီးေပ်ာ္ရႊင္တတ္သူေတြျဖစ္ပါတယ္။

(၄) ေပးကမ္းလိုစိတ္ရွိသူေတြျဖစ္တယ္

freepik

လက္ေဆာင္ေပးတယ္ဆိုတာ ကိုယ့္အတြက္ျပန္ရဖို႕ဆိုတာထက္ ကိုယ္ေပးလိုက္တဲ့လက္ေဆာင္ေၾကာင့္ တစ္ဖက္သားကိုေပ်ာ္ေစခ်င္ရံုသက္သက္ပါပဲ။ ဒီလိုလူမ်ိဳးေတြဟာ ကိုယ့္မွာရွိရင္ရွိသေလာက္ေပးကမ္းခ်င္တဲ့သူေတြျဖစ္ပါတယ္။

(၅) ရိုးေျဖာင့္တဲ့စိတ္ရွိတယ္

ကိုယ္ေပးလိုက္တဲ့လက္ေဆာင္ေၾကာင့္ တစ္ဖက္သားေပ်ာ္ရႊင္သြားတာကိုျမင္ခ်င္ရံုသက္သက္နဲ႕ တစ္ဖက္သားဘာကိုၾကိုက္တတ္တယ္၊ ဘာလိုအပ္တယ္၊ ဘယ္အရာကိုေပးရင္သူေပ်ာ္သြားမလဲဆိုတာကို စဉ္းစားတတ္တဲ့သူေတြဟာ ကိုယ့္ေၾကာင့္လူတစ္ဖက္သားေပ်ာ္ရႊင္တာကိုပဲျမင္ခ်င္ျပီး ကိုယ့္ေၾကာင့္သူတစ္ပါးစိတ္အေနွာက္အယွက္ျဖစ္မွာကို စိုးရိမ္တတ္သူျဖစ္ပါတယ္။ ရိုးေျဖာင့္တဲ့စိတ္ရွိသူေတြျဖစ္ပါတယ္။

ဒီအခ်က္ေတြကိုၾကည့္ရင္ ကိုယ့္ကိုလက္ေဆာင္ေပးတဲ့သူေတြဟာ စိတ္ထားေကာင္းတဲ့သူေတြျဖစ္တယ္ဆိုတာ သိနိုင္ပါတယ္။ ဒါေၾကာင့္ သင့္ကိုလက္ေဆာင္ေပးတဲ့သူေတြရွိရင္ သူတို႕ကိုတန္ဖိုးထားပါ။

written by PP

လက်ဆောင်ပေးတယ်ဆိုတာ ချစ်ခင်ကြတဲ့သူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်၊ ခင်မင်မှုကိုပြသတဲ့ ချစ်စဖွယ်အမူအကျင့်လေးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ လက်ဆောင်ပေးတတ်တဲ့သူတွေဟာ စိတ်ထားကောင်းတဲ့သူတွေဖြစ်တယ်ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ….

(၁) သူတို့ဟာ တစ်ဖက်သားကိုဂရုစိုက်တတ်တဲ့သူတွေဖြစ်တယ်

လက်ဆောင်ပေးတာဟာ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေကိုပျော်ရွှင်အောင်လုပ်ပေးတာပါ။ ဒါဟာ သူတို့ကိုဂရုစိုက်လို့ဆိုတာ ပြောစရာတောင်မလိုတော့ပါဘူး။ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေကိုဂရုတစိုက်ရှိလို့ သူတို့ပျော်ရွှင်လာအောင် လက်ဆောင်ပေးတာပေါ့။ ဒါကြောင့် သင့်ကိုလက်ဆောင်ပေးတဲ့သူရှိရင် သူတို့ဟာသင့်ကိုဂရုစိုက်တဲ့သူတွေဖြစ်တယ်ဆိုတာ မှတ်ထားပါ။

(၂) လူတစ်ဖက်သားခံစားချက်ကိုအလေးထားတတ်သူတွေဖြစ်တယ်

လက်ဆောင်ပေးတဲ့အခါ ဒီလက်ဆောင်ကိုရတဲ့သူပျော်ရွှင်ဖို့အတွက် သေချာစဉ်းစားရပါတယ်။ သူဘာကြိုက်တတ်လဲ၊ သူ့ကို ဘယ်အရာကပျော်ရွှင်အောင်လုပ်ပေးနိုင်မလဲစဉ်းစားရတယ်။ ဒီလိုလုပ်ပေးနိုင်ဖို့ဆိုတာ တစ်ဖက်သားရဲ့ခံစားချက်ကိုအလေးထားမှဖြစ်မှာပါ။

(၃) မနာလိုစိတ်မရှိသူတွေဖြစ်တယ်

လက်ဆောင်ပေးပြီး လူတစ်ဖက်သားကိုပျော်ရွှင်အောင်လုပ်ပေးတတ်သူတွေဟာ မနာလိုစိတ်မရှိသူ၊ တစ်ဖက်သားပျော်ရွှင်မှုကို မုဒိတာပွားနိုင်သူတွေဖြစ်ပါတယ်။ သူတစ်ပါးပျော်ရွှင်မှုကိုကြည့်ပြီး ကိုယ်ပါလိုက်ပြီးပျော်ရွှင်တတ်သူတွေဖြစ်ပါတယ်။

(၄) ပေးကမ်းလိုစိတ်ရှိသူတွေဖြစ်တယ်

လက်ဆောင်ပေးတယ်ဆိုတာ ကိုယ့်အတွက်ပြန်ရဖို့ဆိုတာထက် ကိုယ်ပေးလိုက်တဲ့လက်ဆောင်ကြောင့် တစ်ဖက်သားကိုပျော်စေချင်ရုံသက်သက်ပါပဲ။ ဒီလိုလူမျိုးတွေဟာ ကိုယ့်မှာရှိရင်ရှိသလောက်ပေးကမ်းချင်တဲ့သူတွေဖြစ်ပါတယ်။

(၅) ရိုးဖြောင့်တဲ့စိတ်ရှိတယ်

ကိုယ်ပေးလိုက်တဲ့လက်ဆောင်ကြောင့် တစ်ဖက်သားပျော်ရွှင်သွားတာကိုမြင်ချင်ရုံသက်သက်နဲ့ တစ်ဖက်သားဘာကိုကြိုက်တတ်တယ်၊ ဘာလိုအပ်တယ်၊ ဘယ်အရာကိုပေးရင်သူပျော်သွားမလဲဆိုတာကို စဉ်းစားတတ်တဲ့သူတွေဟာ ကိုယ့်ကြောင့်လူတစ်ဖက်သားပျော်ရွှင်တာကိုပဲမြင်ချင်ပြီး ကိုယ့်ကြောင့်သူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်တတ်သူဖြစ်ပါတယ်။ ရိုးဖြောင့်တဲ့စိတ်ရှိသူတွေဖြစ်ပါတယ်။

ဒီအချက်တွေကိုကြည့်ရင် ကိုယ့်ကိုလက်ဆောင်ပေးတဲ့သူတွေဟာ စိတ်ထားကောင်းတဲ့သူတွေဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် သင့်ကိုလက်ဆောင်ပေးတဲ့သူတွေရှိရင် သူတို့ကိုတန်ဖိုးထားပါ။

written by PP