ေယာက်ာ္းေလးေတြ သူတို႕ခ်စ္တဲ့သူကို ခ်စ္ရက္နဲ႕လက္ထပ္ဖို႕မေရြးခ်ယ္တဲ့အေၾကာင္းရင္းမ်ား

ဘဝလက္တြဲေဖာ္ေရြးခ်ယ္တဲ့အခါ ကိုယ္ခ်စ္တဲ့သူထက္ ကိုယ္နဲ႕တစ္ဘဝလံုးအဆင္ေျပမယ့္သူကိုေရြးခ်ယ္တတ္ၾကပါတယ္။ မိန္းကေလးေတြမွ အိမ္ေထာင္ဖက္ကိုေရြးခ်ယ္တာမဟုတ္ပါဘူး၊ ေယာက်ာ္းေလးေတြလည္း အိမ္ေထာင္ဖက္ကိုေရြးခ်ယ္ၾကပါတယ္။ ဒါေၾကာင့္ တခ်ိဳ႕ေယာက်ာ္းေလးေတြ သူတို႕ခ်စ္တဲ့သူကတစ္ေယာက္၊ လက္ထပ္ဖို႕ေရြးခ်ယ္တဲ့သူကတစ္ေယာက္ ျဖစ္ေနတတ္တာပါ။ ေယာက်ာ္းေလးအမ်ားစု သူတို႕ခ်စ္တဲ့သူကိုခ်စ္ရက္နဲ႕ လက္ထပ္ဖို႕မေရြးခ်ယ္ၾကတဲ့အေၾကာင္းရင္းေတြကေတာ့ ….

(၁) ဘဝအေျခအေနေၾကာင့္

freepik

ခ်စ္ရဲ႕သားနဲ႕လက္ထပ္ဖို႕မစဉ္းစားတာဟာ တစ္ေယာက္နဲ႕တစ္ေယာက္ဘဝအေျခအေနမတူတာေၾကာင့္လည္းျဖစ္နိုင္ပါတယ္။ တကယ္ခ်စ္တဲ့အခါ အဆင့္အတန္းေတြ၊ အေျခအေနေတြက အေရးမၾကီးဘူးဆိုုေပမယ့္ ဒီလိုမ်ိဳး ဘဝအေျခအေနကြာဟျခင္းက ေရရွည္မွာအဆင္မေျပနိုင္ဘူး၊ သာယာတဲ့အိမ္ေထာင္ေရးကို မရနိုင္ဘူးလို႕ေတြးမိၾကတာေၾကာင့္ လက္ထပ္ဖို႕ ေနာက္ဆုတ္လိုက္တာျဖစ္ပါတယ္။

(၂) ေနထိုင္မႈပံုစံကြာဟျခင္းေၾကာင့္

လူနွစ္ေယာက္က ခ်စ္သူ၊ရည္းစားေတြအျဖစ္တြဲၾကတဲ့အခါမွာ နွစ္ဖက္မိသားစုေတြ၊ အသိုင္းအဝိုင္းေတြကို ထည့္မစဉ္းစားလည္းရေပမယ့္ လက္ထပ္ၾကမယ္ဆိုရင္ေတာ့ နွစ္ဖက္မိသားစုအသိုင္းအဝိုင္းေတြကို ထည့္စဉ္းစားဖို႕လိုလာပါျပီ။ တခ်ိဳ႕ကလည္း ဒါေတြကိုထည့္မစဉ္းစားဘဲ လက္ထပ္ၾကေပမယ့္ တခ်ိဳ႕ေတြကေတာ့ ဒါေတြကိုထည့္စဉ္းစားပါတယ္။ ကိုယ္ၾကီးျပင္းလာတဲ့မိသားစုပံုစံနဲ႕ သူၾကီးျပင္းလာတဲ့မိသားစုပံုစံကမတူညီကြာဟတဲ့အခါ ေရရွည္မွာအဆင္မေျပမႈေတြျဖစ္နိုင္ျပီး စိတ္ညစ္စရာေတြမ်ားနိုင္တယ္လို႕ ေတြးမိတာေၾကာင့္ ခ်စ္တဲ့သူကိုလက္မထပ္ဘဲ ကိုယ္နဲ႕သင့္ေတာ္တဲ့သူကိုပဲလက္ထပ္ဖို႕ ေရြးခ်ယ္ၾကတာျဖစ္ပါတယ္။

(၃) မိသားစုအတြက္စဉ္းစားတာေၾကာင့္

freepik

ေနာက္တစ္ခ်က္ကေတာ့ မိသားစုေၾကာင့္ပါ။ မိသားစုေၾကာင့္္လို႕ဆိုရာမွာ မိသားစုနဲ႕အဆင္မေျပတဲ့သူကိုေရြးလိုက္လို႕ ကိုယ့္အိမ္ေထာင္ဖက္နဲ႕မိသားစုရဲ႕ျပႆနာၾကားမွာ ညွပ္ျပီး ေျဖရွင္းရခက္တဲ့အေျခအေနမ်ိဳးေတြကို မၾကံုခ်င္လို႕ပါ။ တစ္သက္လံုးအတူတကြျဖတ္သန္းရတဲ့အခ်ိန္ေတြမွာ မိသားစုနဲ႕အိမ္ေထာင္ဖက္ၾကားက ျပႆနာေတြကိုေျဖရွင္းရင္းနဲ႕ အခ်ိန္မကုန္ခ်င္တာေၾကာင့္ပါ။

(၄) အနာဂတ္အတြက္မေသခ်ာတာေၾကာင့္

ေယာက်ာ္းေလးေတြကလည္း သူတို႕ရဲ႕အနာဂတ္စိတ္ခ်လံုျခံုရဖို႕အတြက္စဉ္းစားၾကပါတယ္။ ေရွးေခတ္ကလို ဗိုင္းေကာင္းေက်ာက္ဖိျဖစ္ဖို႕ဆိုတာထက္ ဒီမိန္းကေလးရဲ႕အေတြးအေခၚ၊အျပဳအမူနဲ႕ အက်င့္စရိုက္ စတာေတြက ေပါ့ပ်က္ပ်က္ျဖစ္ေနတယ္၊ အနာဂတ္မွာ ကိုယ့္အတြက္ ေနြးေထြးလံုျခံုမႈကိုမေပးနိုင္ေလာက္ဘူး၊ မိသားစုအတြက္ မိခင္ေကာင္းတစ္ေယာက္ျဖစ္ဖို႕ မေသခ်ာဘူးဆိုရင္ လက္ထပ္ဖို႕အတြက္ ဝန္ေလးတတ္ၾကပါတယ္။

(၅) အစတည္းကလက္ထပ္ဖို႕မေတြးထားတာေၾကာင့္

freepik

ဒါကေတာ့ရွင္းပါတယ္။ တခ်ိဳ႕ေယာက်ာ္းေလးေတြက စျပီးမတြဲခင္ကတည္းက လက္ထပ္ဖို႕အဆင္ေျပ၊မေျပဆိုတဲ့အထိ စဉ္းစားထားတတ္ၾကပါတယ္။ အဲ့လိုစဉ္းစားကတည္းက လက္ထပ္ဖို႕အဆင္မေျပေလာက္ဘူးလို႕သိေပမယ့္ ဒီအတိုင္းအေပ်ာ္သေဘာ တြဲတတ္ပါေသးတယ္။ ဒီလိုမ်ိဳး ကိုယ့္ကိုအေပ်ာ္တြဲတယ္ဆိုတာကို မိန္းကေလးဘက္က အကဲခတ္တတ္ဖို႕လိုပါတယ္။ ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႕ အခ်စ္စိတ္ေၾကာင့္ မ်က္စိမွိတ္ျပီးမယံုဖို႕၊ ေၾကာင္းက်ိဳးဆင္ျခင္နိုင္ဖို႕ အျမဲတမ္းသတိျပုနိုင္ဖို႕လိုပါတယ္။

written by PP

ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါ ကိုယ်ချစ်တဲ့သူထက် ကိုယ်နဲ့တစ်ဘဝလုံးအဆင်ပြေမယ့်သူကိုရွေးချယ်တတ်ကြပါတယ်။ မိန်းကလေးတွေမှ အိမ်ထောင်ဖက်ကိုရွေးချယ်တာမဟုတ်ပါဘူး၊ ယောကျာ်းလေးတွေလည်း အိမ်ထောင်ဖက်ကိုရွေးချယ်ကြပါတယ်။ ဒါကြောင့် တချို့ယောကျာ်းလေးတွေ သူတို့ချစ်တဲ့သူကတစ်ယောက်၊ လက်ထပ်ဖို့ရွေးချယ်တဲ့သူကတစ်ယောက် ဖြစ်နေတတ်တာပါ။ ယောကျာ်းလေးအများစု သူတို့ချစ်တဲ့သူကိုချစ်ရက်နဲ့ လက်ထပ်ဖို့မရွေးချယ်ကြတဲ့အကြောင်းရင်းတွေကတော့ ….

(၁) ဘဝအခြေအနေကြောင့်

ချစ်ရဲ့သားနဲ့လက်ထပ်ဖို့မစဉ်းစားတာဟာ တစ်ယောက်နဲ့တစ်ယောက်ဘဝအခြေအနေမတူတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်ချစ်တဲ့အခါ အဆင့်အတန်းတွေ၊ အခြေအနေတွေက အရေးမကြီးဘူးဆိုပေမယ့် ဒီလိုမျိုး ဘဝအခြေအနေကွာဟခြင်းက ရေရှည်မှာအဆင်မပြေနိုင်ဘူး၊ သာယာတဲ့အိမ်ထောင်ရေးကို မရနိုင်ဘူးလို့တွေးမိကြတာကြောင့် လက်ထပ်ဖို့ နောက်ဆုတ်လိုက်တာဖြစ်ပါတယ်။

(၂) နေထိုင်မှုပုံစံကွာဟခြင်းကြောင့်

လူနှစ်ယောက်က ချစ်သူ၊ရည်းစားတွေအဖြစ်တွဲကြတဲ့အခါမှာ နှစ်ဖက်မိသားစုတွေ၊ အသိုင်းအဝိုင်းတွေကို ထည့်မစဉ်းစားလည်းရပေမယ့် လက်ထပ်ကြမယ်ဆိုရင်တော့ နှစ်ဖက်မိသားစုအသိုင်းအဝိုင်းတွေကို ထည့်စဉ်းစားဖို့လိုလာပါပြီ။ တချို့ကလည်း ဒါတွေကိုထည့်မစဉ်းစားဘဲ လက်ထပ်ကြပေမယ့် တချို့တွေကတော့ ဒါတွေကိုထည့်စဉ်းစားပါတယ်။ ကိုယ်ကြီးပြင်းလာတဲ့မိသားစုပုံစံနဲ့ သူကြီးပြင်းလာတဲ့မိသားစုပုံစံကမတူညီကွာဟတဲ့အခါ ရေရှည်မှာအဆင်မပြေမှုတွေဖြစ်နိုင်ပြီး စိတ်ညစ်စရာတွေများနိုင်တယ်လို့ တွေးမိတာကြောင့် ချစ်တဲ့သူကိုလက်မထပ်ဘဲ ကိုယ်နဲ့သင့်တော်တဲ့သူကိုပဲလက်ထပ်ဖို့ ရွေးချယ်ကြတာဖြစ်ပါတယ်။

(၃) မိသားစုအတွက်စဉ်းစားတာကြောင့်

နောက်တစ်ချက်ကတော့ မိသားစုကြောင့်ပါ။ မိသားစုကြောင့််လို့ဆိုရာမှာ မိသားစုနဲ့အဆင်မပြေတဲ့သူကိုရွေးလိုက်လို့ ကိုယ့်အိမ်ထောင်ဖက်နဲ့မိသားစုရဲ့ပြဿနာကြားမှာ ညှပ်ပြီး ဖြေရှင်းရခက်တဲ့အခြေအနေမျိုးတွေကို မကြုံချင်လို့ပါ။ တစ်သက်လုံးအတူတကွဖြတ်သန်းရတဲ့အချိန်တွေမှာ မိသားစုနဲ့အိမ်ထောင်ဖက်ကြားက ပြဿနာတွေကိုဖြေရှင်းရင်းနဲ့ အချိန်မကုန်ချင်တာကြောင့်ပါ။

(၄) အနာဂတ်အတွက်မသေချာတာကြောင့်

ယောကျာ်းလေးတွေကလည်း သူတို့ရဲ့အနာဂတ်စိတ်ချလုံခြုံရဖို့အတွက်စဉ်းစားကြပါတယ်။ ရှေးခေတ်ကလို ဗိုင်းကောင်းကျောက်ဖိဖြစ်ဖို့ဆိုတာထက် ဒီမိန်းကလေးရဲ့အတွေးအခေါ်၊အပြုအမူနဲ့ အကျင့်စရိုက် စတာတွေက ပေါ့ပျက်ပျက်ဖြစ်နေတယ်၊ အနာဂတ်မှာ ကိုယ့်အတွက် နွေးထွေးလုံခြုံမှုကိုမပေးနိုင်လောက်ဘူး၊ မိသားစုအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ မသေချာဘူးဆိုရင် လက်ထပ်ဖို့အတွက် ဝန်လေးတတ်ကြပါတယ်။

(၅) အစတည်းကလက်ထပ်ဖို့မတွေးထားတာကြောင့်

ဒါကတော့ရှင်းပါတယ်။ တချို့ယောကျာ်းလေးတွေက စပြီးမတွဲခင်ကတည်းက လက်ထပ်ဖို့အဆင်ပြေ၊မပြေဆိုတဲ့အထိ စဉ်းစားထားတတ်ကြပါတယ်။ အဲ့လိုစဉ်းစားကတည်းက လက်ထပ်ဖို့အဆင်မပြေလောက်ဘူးလို့သိပေမယ့် ဒီအတိုင်းအပျော်သဘော တွဲတတ်ပါသေးတယ်။ ဒီလိုမျိုး ကိုယ့်ကိုအပျော်တွဲတယ်ဆိုတာကို မိန်းကလေးဘက်က အကဲခတ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ အချစ်စိတ်ကြောင့် မျက်စိမှိတ်ပြီးမယုံဖို့၊ ကြောင်းကျိုးဆင်ခြင်နိုင်ဖို့ အမြဲတမ်းသတိပြုနိုင်ဖို့လိုပါတယ်။

written by PP