
“စိတ်ထားကောင်းရဲ့အကျိုး”
ညီမလေးရေဖြူစင်ရိုးသား စိတ်ထားများနဲ့ လောကအကြာင်း လူတွေအကြောင်း
ကျားသတ္တဝါ ကြောက်မက်ဖွယ်ရာ အချင်းအရာတွေကို
မသိရိုးသား စိတ်ထားလေးနဲ့ ကိုယ့်စိတ်နဲ့နှိုင်း ချစ်ခဲ့မိသလားကွယ်
ကာလရှည်ကြာ ဖုံးကွယ်မရပေါ်လာပါတဲ့ အမှန်တရား မျှော်လင့်မထား ကြားလိုက်ရချိန်
ကမ္ဘာကြီးလည်း ချာချာလည်ခဲ့ အိမ်ထောင်တစ်ခုရဲ့ အိမ်ဦးနတ်တဲ့လား
စဉ်းစားစရာမလို တွေဝေနေဖို့ မလိုပါဘူးကွယ် အလှဆုံးအပြုံးနဲ့ လှည့်ထွက်ခဲ့ပါ
ဒီချိန်မှာမှ နောက်မဆုတ်တတ်ဘဲ မိုက်မဲတွေဝေ လွှတ်မချနိုင်ရင်
ဝန်းကျင်လူတွေ ပေးမယ့်ဘွဲ့က စနိုက်မတဲ့လေ
ဖြူစင်စိတ်ထား ရိုးသားလွန်းတဲ့ ညီမလေးဘဝ အမဲစက်မစွန်း နာမည်ဆိုးမတွင် ရာဇဝင်မရိုင်းစေရေး
တစ်ဖက်မိန်းမသား အိမ်ထောင်ရှင်နဲ့ ကလေးများငဲ့ အသည်းကွဲခြင်းသာ လက်ခံသိမ်းပိုက်
စိတ်ထားကောင်းရဲ့အကျိုးမမျှော်ကိုးလည်း ပေးမှာဧကန်မုချပေမို့
စစ်မှန်ဖူးစာစာနာစိတ်ထား ယောကျ်ားကောင်းနဲ့တွေ့ခွင့်တစ်နေ့ သေချာတယ်
Myint Mo Thi Har
စစ်မှန်ဖူးစာစာနာစိတ်ထား ယောက်ျားကောင်းနဲ့တွေ့ခွင့်တစ်နေ့ သေချာတယ်
Myint Mo Thi Har