အိမ်မက်ထဲကသူ

အိမ်မက်ထဲကသူ

ကျမတို့.နှစ်ယောက်ရဲ့.အိမ်မက်တွေကလှပါတယ်ဒါပေမယ့်.တစ်ကယ်တမ်းလက်တွေ့ကြမှာတော့..မဟုတ်ပြန်ဘူး.လေ။

ဘဝကချိုမြိန်သလိုနဲ့.ခါးသီးနေပြန်တယ်..အချစ်ကပူလောင်ပါတယ်လို့သာပြောနေတဲ့..

ကျမ..တစ်ကယ်တမ်းကျတော့..ကျမ.မစွန့်လွှတ်နိုင်ခဲ့ပါဘူး….။

သူ့နဲ့.ကျမ.ဂတိပေးခဲ့ပြီးချည်နှောင်ထားခဲ့ကြတယ်

ဒါပေမယ့်..မတည်မြဲပါဘူး..သူ့ကို.သတိရလို့တွေ့ချင်တဲ့.ကျမရဲ့.စိတ်ကူးဆန္ဒတွေကတစ်ကယ်တမ်းကြတော့..

နှလုံးသားချင်းကနီးမလိုနဲ့..မိုင်ပေါင်းများစွာဝေးနေခဲ့ကြပါတယ်လေ.မတူညီတဲ့ဘဝအခြေအနေမှာ.အိမ်မက်တစ်ခြား..ရင်ဘတ်ကတစ်ခြားနဲ့..

သက်ပြင်းတွေအကြိမ်အကြိမ်ချပြီး..အိပ်ယာထက်မှာလူးလိမ့်ရင်းအိပ်မပျော်တဲ့ညတွေများခဲ့ရတယ်။

သူနဲ့.ကျမ.ပြန်ဆုံဖို့မဖြစ်နိုင်တဲ့အကြောင်းတွေကို..ကျမကသာ..အသိဆုံးပါ.ဝမ်းနည်းစွာနဲ့အသည်းနင့်အောင်ခံစားရတာနဲ့တင်.လွယ်လွယ်နဲ့မေ့နိုင်အောင်ကြိုးစားရမှာပေါ့..မေ့နိုင်ပါစေလို့ဆုတောင်းနေမိတယ်။

အချစ်ဆိုတာ…သူ့ဘက်က.မပက်သက်ချင်ရင်တောင်…

ကျမဘက်က.အတင်းလိုက်ပက်သက်နေမိတာမျိုး

ကျမ..မျက်ရည်.သိပ်လွယ်တယ် သူ့နဲ့ဝေးပြီးနောက်ပိုင်း..ချောင်ကပ်ပြီးငိုခဲ့ရပေါင်းများစွာနဲ့ပေါ့။

သူ့ကို ကျမ ခုချိန်ထိ အိမ်မက်ထဲမှာတွေ့နေရတယ်တစ်ကယ်တော့.သူ့က.ကျမရဲ့အိမ်မက်ထဲကလူပါ။

မှီ

အိမ္မက္ထဲကသူ













မှီ