
” မြန်မာမလေး ပီသပါစေ ”
အသည်းကွဲလို့ ဘီယာနဲ့လေ စိတ်ဖြေသတဲ့လား သူငယ်ချင်း
အသည်းဆိုတာ ကွဲတတ်တဲ့အရာ ကွဲမှာပဲမို့ သခ်ါရလို့ မှတ်ယူလိုက်ပါကွာ
ဘီယာတစ်ခွက် ဦးနှောက်ကလာပ်စီးပျက်စီးစေတာ ဆေးသုတေသနပြောကြားခဲ့တယ်
မြတ်ဘုရားက ဟောကြားညွှန်ပြသေရည်သောက်ရင် ဖြစ်ရာဘဝရူးကြရတယ်
ခုနေမြင်သမျှ အရူးတွေက အတိတ်ဘဝက အရက်သမားတွေ
မသေခင်ပင် ကတုန်ကယင် ဦးနှောက်ယွင်းချို့ကျပ်မပြည့်သို့ ယိုယွင်းလေပြီ
အသိတွေ သေပြီးခါလည်း အပါယ်ငရဲ သက်ဆင်းနစ်မျော အပူတောထဲ ဒုက္ခပူတွေ ကြောက်တတ်ပါကွာ
မြန်မာမိန်းကလေး ပီသရေးမို့ပြောချင်ပါတယ် ကိုရီးယားကဆိုဂျူသောက်ပြ အားမကျပါနဲ့
ငါတို့နိုင်ငံ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာ အဆုံးအမတွေကြား အလေးထားကာ ပြုပြင်ပါတော့
ကွဲပြီးရင်ပြန်ဆက်တတ်တဲ့ အသည်းနှလုံးအတွက် ဇကာပေါက်ဖြစ်စေမယ့် သေရည်နဲ့တော့ အစားမထိုးလိုက်ပါနဲ့
ဒီဘဝတင်မက သံသရာပါဆိုးစေမှာမို့ အကြိမ်ကြိမ်အခါခါ တားမြစ်ပါရစေ
အမုန်းခံပြီး တားဆီးပါရစေ မြန်မာမလေး ပီသပါစေကွာ
Myint Mo Thi Har
” ျမန္မာမေလး ပီသပါေစ ”
အသည္းကြဲလို႔ ဘီယာနဲ႔ေလ စိတ္ေျဖသတဲ့လား သူငယ္ခ်င္း
အသည္းဆိုတာ ကြဲတတ္တဲ့အရာ ကြဲမွာပဲမို႔ သခ္ါရလို႔ မွတ္ယူလိုက္ပါကြာ
ဘီယာတစ္ခြက္ ဦးေႏွာက္ကလာပ္စီးပ်က္စီးေစတာ ေဆးသုေတသနေျပာၾကားခဲ့တယ္
ျမတ္ဘုရားက ေဟာၾကားၫႊန္ျပေသရည္ေသာက္ရင္ ျဖစ္ရာဘဝ႐ူးၾကရတယ္
ခုေနျမင္သမွ် အ႐ူးေတြက အတိတ္ဘဝက အရက္သမားေတြ
မေသခင္ပင္ ကတုန္ကယင္ ဦးေႏွာက္ယြင္းခ်ိဳ႕က်ပ္မျပည့္သို႔ ယိုယြင္းေလၿပီ
အသိေတြ ေသၿပီးခါလည္း အပါယ္ငရဲ သက္ဆင္းနစ္ေမ်ာ အပူေတာထဲ ဒုကၡပူေတြ ေၾကာက္တတ္ပါကြာ
ျမန္မာမိန္းကေလး ပီသေရးမို႔ေျပာခ်င္ပါတယ္ ကိုရီးယားကဆိုဂ်ဴေသာက္ျပ အားမက်ပါနဲ႔
ငါတို႔ႏိုင္ငံ ယဥ္ေက်းမႈနဲ႔ ဗုဒၶဘာသာ အဆုံးအမေတြၾကား အေလးထားကာ ျပဳျပင္ပါေတာ့
ကြဲၿပီးရင္ျပန္ဆက္တတ္တဲ့ အသည္းႏွလုံးအတြက္ ဇကာေပါက္ျဖစ္ေစမယ့္ ေသရည္နဲ႔ေတာ့ အစားမထိုးလိုက္ပါနဲ႔
ဒီဘဝတင္မက သံသရာပါဆိုးေစမွာမို႔ အႀကိမ္ႀကိမ္အခါခါ တားျမစ္ပါရေစ
အမုန္းခံၿပီး တားဆီးပါရေစ ျမန္မာမေလး ပီသပါေစကြာ
Myint Mo Thi Har