ခရမ္းခ်ဉ္သီးတစ္လံုးတည္းနဲ႕ မ်က္နွာေပၚကအမည္းစက္၊ဝက္ျခံ၊အဆီျပန္တာေတြေပ်ာက္တဲ့နည္း

ခရမ္းခ်ဉ္သီးက ဗီတာမင္ ၾကြယ္ဝတဲ့အသီးတစ္မ်ိဳးျဖစ္ျပီး က်န္းမာေရးအတြက္အထူးေကာင္းမြန္ပါတယ္။ ဒါ့အျပင္ အသားအေရကို ၾကည္လင္ေတာက္ပေစတဲ့အစြမ္းလည္း ရွိေနပါေသးတယ္။ ခရမ္းခ်ဉ္သီးတစ္လံုးရွိရံုနဲ႕ မ်က္နွာအသားအေရကို လံုးဝၾကည္လင္သြားေအာင္ လုပ္လို႕ရပါတယ္။

(၁) မ်က္နွာအဆီျပန္တာကိုေလွ်ာ့ခ်ေပးမယ့္နည္း

freepik

မ်က္နွာသစ္ျပီးတဲ့အခ်ိန္ ခရမ္းခ်ဉ္သီးအရည္ကို မ်က္နွာအနွံ႕ပါးပါးေလးလိမ္းျပီးငါးမိနစ္အၾကာမွာ ေရျပန္ေဆးခ်ေပးပါ။ ဒါကို ညအိပ္ရာဝင္ခါနီးတိုင္း ေန႕စဉ္မပ်က္မကြက္လုပ္ေပးသြားရင္ မ်က္နွာအဆီျပန္တာကုိ သက္သာသြားေစပါလိမ့္မယ္။

(၂) ေခြ်းေပါက္က်ယ္ေတြကိုေပ်ာက္ကင္းေစမယ့္နည္း

ခရမ္းခ်ဉ္သီးကိုထက္ျခမ္းျခမ္းျပီး မ်က္နွာကိုတိုက္ရိုက္ပြတ္တိုက္ေပးပါ။ အဲ့လိုပြတ္တိုက္ေပးတာက ေခြ်းေပါက္ေတြထဲမွာပိတ္ေနတဲ့ အညစ္အေၾကးေတြကို သန္႕စင္ေစျပီး တိုနာလိမ္းေပးသလိုျဖစ္ေစတာေၾကာင့္ ေခြ်းေပါက္က်ယ္တာေတြကို ေပ်ာက္ကင္းေစပါတယ္။ ၁၅မိနစ္ေလာက္ပြတ္တိုက္ျပီးရင္ ေရေအးနဲ႕ေဆးခ်ေပးလိုက္ပါ။ ေန႕စဉ္ပံုမွန္လုပ္ေပးရမွာပါ။

(၃) အသားအေရပိုၾကည္ျပီး၊ပိုျဖူလာေစမယ့္နည္း

freepik

ခရမ္းခ်ဉ္သီးတစ္လံုးနဲ႕ပ်ားရည္တစ္ဇြန္းတို႕ကိုေရာေမႊျပီး မ်က္နွာအနွံ႕လိမ္းေပးကာ ၁၅မိနစ္ေလာက္ေနရင္ မ်က္နွာသစ္ေပးပါ။ သံုးရက္တစ္ၾကိမ္ပံုမွန္လုပ္ေပးသြားရံုနဲ႕ တစ္လေလာက္ၾကာရင္ မ်က္နွာေလးက သိသိသာသာပိုျဖူလာျပီး၊ ပိုလည္းၾကည္လင္လာပါလိမ့္မယ္။

(၄) အမည္းစက္ေပ်ာက္ေစမယ့္နည္း

ခရမ္းခ်ဉ္သီးတစ္လံုးကို သံပရိုရည္နည္းနည္းေရာျပီး အမည္းစက္နဲ႕အမာရြတ္ေတြရွိတဲ့ေနရာမွာ ပါးပါးေလးလိမ္းေပးပါ။ ၁၀ မိနစ္ေလာက္ေစာင့္ျပီး ေရေအးနဲ႕မ်က္နွာျပန္သစ္လိုက္ပါ။ ေန႕စဉ္မပ်က္မကြက္လုပ္ေပးသြားရင္ အမည္းစက္ေတြ၊ အမာရြတ္ေတြ လံုးဝအရွင္းေပ်ာက္သြားပါလိမ့္မယ္။

written by PP

ခရမ်းချဉ်သီးက ဗီတာမင် ကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် အသားအရေကို ကြည်လင်တောက်ပစေတဲ့အစွမ်းလည်း ရှိနေပါသေးတယ်။ ခရမ်းချဉ်သီးတစ်လုံးရှိရုံနဲ့ မျက်နှာအသားအရေကို လုံးဝကြည်လင်သွားအောင် လုပ်လို့ရပါတယ်။

(၁) မျက်နှာအဆီပြန်တာကိုလျှော့ချပေးမယ့်နည်း

မျက်နှာသစ်ပြီးတဲ့အချိန် ခရမ်းချဉ်သီးအရည်ကို မျက်နှာအနှံ့ပါးပါးလေးလိမ်းပြီးငါးမိနစ်အကြာမှာ ရေပြန်ဆေးချပေးပါ။ ဒါကို ညအိပ်ရာဝင်ခါနီးတိုင်း နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် မျက်နှာအဆီပြန်တာကို သက်သာသွားစေပါလိမ့်မယ်။

(၂) ချွေးပေါက်ကျယ်တွေကိုပျောက်ကင်းစေမယ့်နည်း

ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်းပြီး မျက်နှာကိုတိုက်ရိုက်ပွတ်တိုက်ပေးပါ။ အဲ့လိုပွတ်တိုက်ပေးတာက ချွေးပေါက်တွေထဲမှာပိတ်နေတဲ့ အညစ်အကြေးတွေကို သန့်စင်စေပြီး တိုနာလိမ်းပေးသလိုဖြစ်စေတာကြောင့် ချွေးပေါက်ကျယ်တာတွေကို ပျောက်ကင်းစေပါတယ်။ ၁၅မိနစ်လောက်ပွတ်တိုက်ပြီးရင် ရေအေးနဲ့ဆေးချပေးလိုက်ပါ။ နေ့စဉ်ပုံမှန်လုပ်ပေးရမှာပါ။

(၃) အသားအရေပိုကြည်ပြီး၊ပိုဖြူလာစေမယ့်နည်း

ခရမ်းချဉ်သီးတစ်လုံးနဲ့ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးကာ ၁၅မိနစ်လောက်နေရင် မျက်နှာသစ်ပေးပါ။ သုံးရက်တစ်ကြိမ်ပုံမှန်လုပ်ပေးသွားရုံနဲ့ တစ်လလောက်ကြာရင် မျက်နှာလေးက သိသိသာသာပိုဖြူလာပြီး၊ ပိုလည်းကြည်လင်လာပါလိမ့်မယ်။

(၄) အမည်းစက်ပျောက်စေမယ့်နည်း

ခရမ်းချဉ်သီးတစ်လုံးကို သံပရိုရည်နည်းနည်းရောပြီး အမည်းစက်နဲ့အမာရွတ်တွေရှိတဲ့နေရာမှာ ပါးပါးလေးလိမ်းပေးပါ။ ၁၀ မိနစ်လောက်စောင့်ပြီး ရေအေးနဲ့မျက်နှာပြန်သစ်လိုက်ပါ။ နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် အမည်းစက်တွေ၊ အမာရွတ်တွေ လုံးဝအရှင်းပျောက်သွားပါလိမ့်မယ်။

written by PP