တခ်ို႕လူေတြသင့္ကိုအေၾကာင္းမဲ့မုန္းေနရတဲ့ေနာက္ကြယ္က အေၾကာင္းရင္း

ေလာကၾကီးမွာ လူေတြအားလံုးကိုယ့္ကိုခ်စ္ေနဖို႕ဆိုတာ မျဖစ္နိုင္ပါဘူး။ ကိုယ့္ကိုခ်စ္တဲ့သူေတြရွိသလို၊ ကိုယ့္ကိုမုန္းတဲ့သူေတြဆိုတာလည္း ေသခ်ာေပါက္ရွိမွာပါပဲ။ ဒါေပမယ့္ ကိုယ့္ကိုမုန္းတဲ့သူ၊ အေကာင္းမျမင္တဲ့သူေတြရဲ႕ ေျပာစကားေတြ၊ ေဝဖန္တိုက္ခိုက္မႈေတြကို အျမဲတမ္းေခါင္းထဲထည့္ေနဖို႕၊ သူတို႕ေၾကာင့္ ကိုယ့္ရဲ႕ရည္မွန္းခ်က္ေတြပ်က္စီးခံဖို႕၊ ကိုယ္လုပ္မယ့္အလုပ္ေတြေနွာင့္ေနွးခံဖို႕ မျဖစ္သင့္ပါဘူး။ ဘာလို႕လဲဆိုေတာ့ သူတို႕ေတြကိုယ့္ကိုမုန္းေနတယ္ဆိုတာ ဒီအခ်က္ေတြေၾကာင့္မို႕ပါ။

(၁) သင့္ကိုမနာလိုလို႕

freepik

လူတခ်ို႕က သူတစ္ပါးေအာင္ျမင္မႈ၊ သူတစ္ပါးအဆင္ေျပေပ်ာ္ရႊင္မႈကို မုဒိတာပြားနိုင္ေပမယ့္ တခ်ိဳ႕ေတြကေတာ့ အဲ့ဒီလိုစိတ္မထားနိုင္ဘဲ သူတစ္ပါးေအာင္ျမင္ေပ်ာ္ရႊင္ေနတာ၊ အဆင္ေျပေနတာကိုျမင္ရင္ အလုိလိုၾကည့္မရျဖစ္ျပီးမုန္းေနတတ္ပါတယ္။ သင့္ကိုအေၾကာင္းရင္းမရွိဘဲ ၾကည့္မရျဖစ္ေန၊မုန္းေနတယ္ဆိုတာ ဒီလိုလူမ်ိဳးေတြပဲျဖစ္ပါတယ္။

(၂) သူတို႕ထက္သင္ကသာေနလို႕

ေနာက္ထပ္တစ္မ်ိဳးကေတာ့ သူတို႕ဘယ္လိုၾကိုးစားၾကိုးစားသင့္ကိုမမီနိုင္တဲ့သူေတြျဖစ္ပါတယ္။ သူတို႕ေတြဟာ သူတို႕ထက္အဖက္ဖက္ကသာေနတဲ့သင့္ကို အသားလြတ္ၾကီးမုန္းေနတတ္ပါတယ္။ ဒီေတာ့ သင့္ကိုမုန္းေနတဲ့သူေတြကို စိတ္မဆိုးပါနဲ႕။ သူတို႕က သနားဖို႕ေတာင္ေကာင္းေနပါေသးတယ္။

(၃) သင္လုပ္ေနတာေတြကိုပ်က္စီးသြားေစခ်င္လို႕

freepik

သူတို႕ဘယ္ေလာက္ၾကိုးစားၾကိုးစားသင့္ကိုမမီနိုင္တဲ့အခါ သင့္ကိုပ်က္စီးရာပ်က္စီးေၾကာင္းျဖစ္ေစခ်င္ၾကပါတယ္။ သင္လုပ္ေနတဲ့အလုပ္မွာ မေအာင္ျမင္ဖို႕အတြက္ သူတို႕မတားဆီးနိုင္တဲ့အခါ သင့္ရဲ႕မေကာင္းေၾကာင္းေတြကို သြားပုပ္ေလလြင့္ေျပာျပီး တိုက္ခိုက္တတ္ပါတယ္။ ဒါေၾကာင့္ ေသခ်ာမွတ္ထားပါ။ သင့္ကိုမေကာင္းေၾကာင္းေျပာျပီး တိုက္ခိုက္ေနတဲ့သူေတြဟာ သင္စိတ္အေနွာက္အယွက္ျဖစ္ဖို႕ရည္ရြယ္ျပီး သင့္ရဲ႕အေျခအေနေတြကိုပ်က္ယြင္းသြားေအာင္ ၾကံစည္ေနတာျဖစ္ပါတယ္။

(၄) သတၱိမရွိတဲ့သူေတြမို႕

သူတို႕ေတြက သင့္ကိုမၾကိုက္ဘူး၊ မုန္းေနတယ္ဆိုတာ သင့္ရဲ႕ေကာင္းကြက္ေတြကို လက္မခံနိုင္တာေၾကာင့္ျဖစ္ပါတယ္။ ဒီလိုလက္မခံနိုင္တာကိုလည္း ေရွ့တည့္တည့္မ်က္နွာခ်င္းဆိုင္ျပီး မေျပာရဲလို႕ ေနာက္ကြယ္ကေန အမုန္းစကားေတြေျပာျပီး တိုက္ခိုက္ေနတာျဖစ္ပါတယ္။

(၅) အေကာင္းျမင္စိတ္နည္းပါးလြန္းလို႕

freepik

လူတိုင္းက အေကာင္းျမင္တတ္သလို၊ အဆိုးျမင္စိတ္လည္းရွိၾကပါတယ္။ ဒါေပမယ့္ အေကာင္းျမင္စိတ္နည္းပါးလြန္းရင္ေတာ့ လူတစ္ေယာက္ရဲ႕ေအာင္ျမင္မႈကို မုဒိတာမပြားနိုင္ဘဲ မခံမရပ္နိုင္ျဖစ္ေနတတ္ပါတယ္။ သူတို႕လိုလူမ်ိဳးေတြက သူတစ္ပါးေအာင္ျမင္တာကို မၾကည့္နိုင္၊မျမင္နိုင္ၾကဘဲ သူတစ္ပါးပ်က္စီးဖို႕၊ အဆင္မေျပဖို႕ကိုပဲျမင္ခ်င္ၾကသူေတြျဖစ္ပါတယ္။ အေကာင္းျမင္စိတ္နည္းပါးလြန္းသူေတြက သူတစ္ပါးကို အေၾကာင္းျပခ်က္မရွိမုန္းတတ္ၾကပါတယ္။

written by PP

လောကကြီးမှာ လူတွေအားလုံးကိုယ့်ကိုချစ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ့်ကိုချစ်တဲ့သူတွေရှိသလို၊ ကိုယ့်ကိုမုန်းတဲ့သူတွေဆိုတာလည်း သေချာပေါက်ရှိမှာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုမုန်းတဲ့သူ၊ အကောင်းမမြင်တဲ့သူတွေရဲ့ ပြောစကားတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေကို အမြဲတမ်းခေါင်းထဲထည့်နေဖို့၊ သူတို့ကြောင့် ကိုယ့်ရဲ့ရည်မှန်းချက်တွေပျက်စီးခံဖို့၊ ကိုယ်လုပ်မယ့်အလုပ်တွေနှောင့်နှေးခံဖို့ မဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေကိုယ့်ကိုမုန်းနေတယ်ဆိုတာ ဒီအချက်တွေကြောင့်မို့ပါ။

(၁) သင့်ကိုမနာလိုလို့

လူတချို့က သူတစ်ပါးအောင်မြင်မှု၊ သူတစ်ပါးအဆင်ပြေပျော်ရွှင်မှုကို မုဒိတာပွားနိုင်ပေမယ့် တချို့တွေကတော့ အဲ့ဒီလိုစိတ်မထားနိုင်ဘဲ သူတစ်ပါးအောင်မြင်ပျော်ရွှင်နေတာ၊ အဆင်ပြေနေတာကိုမြင်ရင် အလိုလိုကြည့်မရဖြစ်ပြီးမုန်းနေတတ်ပါတယ်။ သင့်ကိုအကြောင်းရင်းမရှိဘဲ ကြည့်မရဖြစ်နေ၊မုန်းနေတယ်ဆိုတာ ဒီလိုလူမျိုးတွေပဲဖြစ်ပါတယ်။

(၂) သူတို့ထက်သင်ကသာနေလို့

နောက်ထပ်တစ်မျိုးကတော့ သူတို့ဘယ်လိုကြိုးစားကြိုးစားသင့်ကိုမမီနိုင်တဲ့သူတွေဖြစ်ပါတယ်။ သူတို့တွေဟာ သူတို့ထက်အဖက်ဖက်ကသာနေတဲ့သင့်ကို အသားလွတ်ကြီးမုန်းနေတတ်ပါတယ်။ ဒီတော့ သင့်ကိုမုန်းနေတဲ့သူတွေကို စိတ်မဆိုးပါနဲ့။ သူတို့က သနားဖို့တောင်ကောင်းနေပါသေးတယ်။

(၃) သင်လုပ်နေတာတွေကိုပျက်စီးသွားစေချင်လို့

သူတို့ဘယ်လောက်ကြိုးစားကြိုးစားသင့်ကိုမမီနိုင်တဲ့အခါ သင့်ကိုပျက်စီးရာပျက်စီးကြောင်းဖြစ်စေချင်ကြပါတယ်။ သင်လုပ်နေတဲ့အလုပ်မှာ မအောင်မြင်ဖို့အတွက် သူတို့မတားဆီးနိုင်တဲ့အခါ သင့်ရဲ့မကောင်းကြောင်းတွေကို သွားပုပ်လေလွင့်ပြောပြီး တိုက်ခိုက်တတ်ပါတယ်။ ဒါကြောင့် သေချာမှတ်ထားပါ။ သင့်ကိုမကောင်းကြောင်းပြောပြီး တိုက်ခိုက်နေတဲ့သူတွေဟာ သင်စိတ်အနှောက်အယှက်ဖြစ်ဖို့ရည်ရွယ်ပြီး သင့်ရဲ့အခြေအနေတွေကိုပျက်ယွင်းသွားအောင် ကြံစည်နေတာဖြစ်ပါတယ်။

(၄) သတ္တိမရှိတဲ့သူတွေမို့

သူတို့တွေက သင့်ကိုမကြိုက်ဘူး၊ မုန်းနေတယ်ဆိုတာ သင့်ရဲ့ကောင်းကွက်တွေကို လက်မခံနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒီလိုလက်မခံနိုင်တာကိုလည်း ရှေ့တည့်တည့်မျက်နှာချင်းဆိုင်ပြီး မပြောရဲလို့ နောက်ကွယ်ကနေ အမုန်းစကားတွေပြောပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။

(၅) အကောင်းမြင်စိတ်နည်းပါးလွန်းလို့

လူတိုင်းက အကောင်းမြင်တတ်သလို၊ အဆိုးမြင်စိတ်လည်းရှိကြပါတယ်။ ဒါပေမယ့် အကောင်းမြင်စိတ်နည်းပါးလွန်းရင်တော့ လူတစ်ယောက်ရဲ့အောင်မြင်မှုကို မုဒိတာမပွားနိုင်ဘဲ မခံမရပ်နိုင်ဖြစ်နေတတ်ပါတယ်။ သူတို့လိုလူမျိုးတွေက သူတစ်ပါးအောင်မြင်တာကို မကြည့်နိုင်၊မမြင်နိုင်ကြဘဲ သူတစ်ပါးပျက်စီးဖို့၊ အဆင်မပြေဖို့ကိုပဲမြင်ချင်ကြသူတွေဖြစ်ပါတယ်။ အကောင်းမြင်စိတ်နည်းပါးလွန်းသူတွေက သူတစ်ပါးကို အကြောင်းပြချက်မရှိမုန်းတတ်ကြပါတယ်။

written by PP