ကျွန်မလား…? မိန်းမသားပေမယ့် ရိုးသားမူနဲ့ကြိုးစားလာခဲ့တော့ သမိုင်းကြောင်းကလှပါတယ်။

အောင်နိုင်တဲ့အပြုံးကိုပြုံးနိုင်ဖို့ကြိုးစားပါ

ကျွန်မလား…? မိန်းမသားပေမယ့် ရိုးသားမူနဲ့ကြိုးစားလာခဲ့တော့ သမိုင်းကြောင်းကလှပါတယ်။

နောင်တတွေလည်းကင်းနေသလို သိက္ခာနဲ့လိပ်ပြာလည်းလုံပါတယ်။

ကျွန်မ ဘယ်လိုအခက်အခဲတွေပဲလာလာ သွေးအေးအေးနဲ့တည်တည်ငြိမ်ငြိမ်ပါပဲ။

တည်ငြိမ်ရင့်ကျက်တယ်ဆိုတာ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို လျှောက်လှမ်းလာခဲ့ရလို့ပါ။

ကြုံလာသမျှ အခက်အခဲအတားအဆီးတွေကို တုန်လူှပ်ခြင်းအလျှင်းမရှိပဲ

ယုံကြည်မူနဲ့စိန်ခေါ်နိုင်ခဲ့လ်ု့ိ အောင်နိုင်တဲ့အပြုံးကို အမြဲပြုံးနိုင်ခဲ့တယ်။

ဒါပေမယ့် ဘာမှအကျိုးမရှိ,အရာမထင်တဲ့ လူတွေရဲ့ကဲ့ရဲ့စောင်းမြောင်းမူတွေ

အမြင်ကျဉ်းမြောင်းမူနဲ့အဆိုးမြင်နေတာတွေ သိက္ခာတရားကို ညစ်ထေးအောင်

အရောင်ဆိုးနေကြတာတွေကိုတော့ ဘက်ပြိုင်ညင်းခုံမနေခဲ့ဘူး။

လေတိုက်တိုင်းသာ ပန်းတွေ ကြွေပြရရင် ဝေပြစရာတောင်ကျန်တော့မှာမဟုတ်ဘူးလေ။

အဓိက,က ကိုယ်လျှောက်တဲ့လမ်းက မှန်ကန်နေရင် ဘာကိုမှဂရုစိုက်လို့ လိုက်ပါခံစားနေစရာမလိုပါဘူး။

ကိုယ့်ကိုရပ်တန့်စေတဲ့သူဟာ ဘယ်သူမှ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပဲမဟုတ်လား…?

ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မူထားတယ်။ ကိုယ့်ကိုယ်ကိုပဲအားကိုးတယ်။

ပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို လျောက်လှမ်းလာခဲ့ရတော့ ကိုယ့်ကိုယ်ကို လေးစားတယ်။

ကျွန်မ မိန်းမသားပေမယ့် ရိုးသားမူနဲ့ ကြိုးစားလာခဲ့တော့ သမိုင်းကြောင်းကလှပါတယ်။

နောင်တတွေလည်းကင်းနေသလို သိက္ခာနဲ့လိပ်ပြာလည်းလုံပါတယ်။

Nan Khin May Win






ကြုံလာသမျှ အခက်​အခဲအတားအဆီး​တွေကို တုန်​လှူပ်​ခြင်းအလျှင်းမရှိပဲ

ယုံကြည်​မူနဲ့စိန်​​ခေါ်နိုင်​ခဲ့လ်ို့ အောင်​နိုင်​တဲ့အပြုံးကို အမြဲပြုံးနိုင်​ခဲ့တယ်​။











Nan Khin May Win