ခံတွင်းက ရောဂါပိုးနှင့်အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးဖြစ်တဲ့ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏ကျန်းမာရေးကောင်းကျိုးများ

ဒီ Post လေးကတော့ ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ တင်ထားတာလေးကို သမီးလေးတို့ ဗဟုသုတဖြစ်စေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် . . .

ခုလိုမျှဝေပေးတဲ့ ဆရာ့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ဆရာ ။

နေ့စဉ်လုပ်တော့မယ်

ခံတွင်းက ရောဂါပိုးနှင့်အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးဖြစ်တဲ့ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏ကျန်းမာရေးကောင်းကျိုးများ

တန်ဖိုးထားရပါသောမိတ်ဆွေများအားမိမိတို့၏ခံတွင်းကို အုန်းဆီနှမ်းဆီ သံလွင်ဆီတစ်မျိုးမျိုးဖြင့်တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့်ပလုတ်ကျင်းပေးခြင်းဖြင့်ပြန်လည်ရရှိမည့်ကျန်းမာရေး အကျိုးကျေးဇူးများနှင့်

ခံတွင်းက အာပုတ်ရည်များအစာအိမ်သို့ မရောက်ရှိတော့ဘဲအစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါကာကွယ်ပြီးသားဖြစ်ပါကြောင်းပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ

ကျွန်တော်တို့ငယ်ငယ်တုန်းကမြန်မာပြည်မှာမြန်မာဆရာဝန်များနှင့်အတူ အိန္ဒိယနိုင်ငံကပန်ချာဘီဆရာဝန်တွေပါဆေးရုံ ဆေးပေးခန်းတွေမှာအများအပြားတွေ့ရှိရတတ်တာကိုကောင်းစွာ မှတ်မိနေပါသေးတယ်

ကျွန်တော်ငယ်ငယ်ကနေ့ယနေ့တိုင်းကောင်းကောင်းမှတ်မိနေသေးတာက

ကျွန်တော့်အမေဒူးအရမ်းနာနေ၍ပခုက္ကူမြို့ထင်းတန်းရပ်မှာဆေးခန်းဖွင့်ထားတဲ့ပန်ချာဘီဆရာဝန်ကြီးဒေါက်တာမာဒေးထံသို့သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ်

အမေ၏ဒူးတစ်ဘက်ကရောင်ကိုင်းနေပြီးလမ်းတောင်မလျှောက်နိုင်လို့ဆေးခန်းသွားမယ်ဆိုရင်လည်းအမေကိုဦးလေးတွေကချီမပြီးခေါ်သွားလေ့ရှိပါတယ်

ဆရာဝန်ကြီးဒေါက်တာမာဒေးမှအမေကိုသေသေချာချာ စစ်ဆေးပြီးနောက်သွားတွေကောင်းရဲ့လားလို့မေးတော့

အမေမျက်နာအမူအရာကဒူးနာတာနဲ့သွားကောင်းတာမကောင်းတာဆိုင်လို့လားဟုထင်နေဟန်တူပါတယ်

ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့အံသွားပေါက်တွေကိုတွေ့သွားပါတယ်

အံသွားတွေကပြည်ပုပ်တွေဟာဒူးကိုရောက်သွားပြီးဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါပဲ

ထိုသွားတွေကိုဖာထေးပြုပြင်လိုက်တော့အမေဒူးနာလည်းကောင်းသွားတာကိုလက်တွေ့မြင်တွေ့ခဲ့ရဘူးပါတယ်

ဆက်လက်၍ဒေါက်တာမာဒေးမှအမေအားနေ့စဉ် နှမ်းဆီ ဟင်းစားဇွန်းတစ်ဇွန်းဖြင့်ပလုတ်ကျင်းခိုင်းရာအမေဒူးနာပြန်မဖြစ်တော့တာကိုလည်းသတိထားမိပါတယ်

နောက်တစ်ယောက်ကတော့သိုင်းရွိုက်ရောဂါဖြစ်တဲ့ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲ

သူ့ရဲ့သိုင်းရွိုက်ဂလင်းကနေဟိုမုန်းအထွက်နဲတော့လူကလေးလံထိုင်းမှိုင်းပြီးကိုယ်အလေးချိန်လည်းတက်လာတယ်ရုပ်ပါပြောင်းသွားလို့သူ့ကိုမမှတ်မိနိုင်ပါဘူး

ခံတွင်းကဗက်တီးရီးယားနဲ့အဆိပ်တွေကသိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို blockလုပ်ထားလို့ ဟိုမုန်းကောင်းကောင်းမထွက်တဲ့အတွက်

သွားဆရာဝန်ဆီမှာသေချာကုသလိုက်တဲ့နောက်မှာတော့ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်

သူလည်းသံလွင်ဆီကို နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့် ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာ ပြန်ပြီးရောဂါမဖြစ်တော့တာကို လေ့လာတွေ့ရှိရပါတယ်

ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့သူတစ်ယောက်အကြောင်းကိုပြောပြဆွေးနွေးလိုပါသေးတယ်

သူ့မှာကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်တော့လူကဖောသွပ်သွပ်ဖြစ်လာပြီးမျက်ခွံပါမို့ပြီးရုပ်ပါပြောင်းသွားပါတယ်

ခြေထောက်တွေကလည်းဖောပြီးရောင်ကိုင်းနေပါတော့တယ်

ကျောက်ကပ်ဆေးတွေသောက်လည်းလူကသိပ်မသက်သာရှာပါဘူးတစ်နေ့ သူသွားအရမ်းနာနေလို့

သွားဆရာဝန်ကိုသွားရောက်ပြသတဲ့အခါကြတော့မှ သွားဆရာဝန်တွေကသူ့ပါးစပ်ထဲမှာပျက်စီးနေတဲ့သွားနဲ့သွားဖုံးတွေကိုပြန်ကောင်းအောင်ကုပေးလိုက်တော့မှ ကျောက်ကပ်လည်းပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်

သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာနေ့စဉ်ပလုတ်ကျင်းတယ်ဟုသတိရပါတယ်

ကျွန်တော်နဲ့အရမ်းခင်မင်တဲ့ငယ်သူငယ်ချင်းတစ်ယောက်လည်းငယ်ငယ်ကတည်းကပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲ

ဘယ်လောက်တောင်းနံသလည်းဆိုရင်မျက်နှာချင်းဆိုင်စကားပြောလို့တောင်အဆင်သိပ်မပြေချင်ပါဘူး

ခံတွင်းအနံ့ကဆိုးဝါးတာလည်းမပြောနဲ့.သွားတိုက်လည်းအတော်လေးပျင်သူဖြစ်တဲ့အတွက်

နှစ်တွေကြာလာတော့ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ်

ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာငယ်ငယ်ကတည်းကလည်းသိပ်မကျန်းမာရှာတဲ့အတွက် အသက်(၄၅)နှစ်လောက်မှာဘဲဆုံးသွားတာကိုတွေ့ခဲ့ရဘူးပါတယ်

ယခုအချိန်အခါမှာလည်းရာသီဥတုအစားအသောက်အပြုအမူအနေအထိုင်တွေကြောင့်

လူတော်တော်များများဖြစ်နေတဲ့ရောဂါဝေဒနာတွေကတော့အသည်းရောဂါ အဆုတ်ရောဂါအစာအိမ် ကျောက်ကပ် နှလုံးအူလမ်းကြောင်း၊ဆီးချိုနှလုံးသွေးကြော

ဦးနှောက်၊အသက်ရှူလမ်းကြောင်း၊ဆီးလမ်းကြောင်းနဲ့ကင်ဆာရောဂါမျိုးစုံအရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာခံတွင်းမှာရှိနေတဲ့ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့်အများဆုံးဖြစ်နေကြတာကိုအားလုံးသတိထားမိစေချင်ပါတယ်

ခံတွင်းမသန့်လေရောဂါထူလေဘဲဖြစ်ပြီးပါးစပ်နံလေရောဂါများလေအသက်တိုလေပဲဖြစ်ပါတယ်

သွားဖုံးအရင်းမှာအစိမ်းရောင်အဝါရောင်ရှိတဲ့ပြည်တွေထဲမှာအလွန်အဆိပ်ပြင်းတဲ့ရောဂါပိုးတွေရှိပါတယ်

ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကိုအမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်

ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကိုဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးနည်းကတော့အုန်းဆီ နှမ်းဆီ သံလွင်ဆီတို့ဖြင်ပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ်

ဘာကြောင့်လည်းဆိုတော့ဆီကအဆိပ်စုပ်အားကောင်းပြီးသွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာအိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကိုဆီကဆွဲထုတ်ပေးနိုင်လိုဘဲဖြစ်ပါတယ်

နံနက်စောစောအိပ်ယာထတာနဲ့ဆီတစ်ငုံစာကို၁၀မိနစ်လောက်ငုံထားပြီးပလုတ်ကျင်းပေးပါကရောဂါပိုးတွေထွက်သွားလိမ့်ပါမယ်

ထိုကဲ့သို့ဆီဖြင့်ပလုပ်ကျင်းပြီးမှသွားတိုက်တာသည်အကောင်းဆုံးပါပဲ

ပလုပ်ကျင်းပြီးရင်တော့ရေနွေးနွေးလေးဖြင့်ပါစပ်ကိုပြန်လည်ဆေးကြောပေးရင်ဖြင့်အကောင်းဆုံးပါပဲခင်ဗျာ

ပလုတ်ကျင်းဖို့အကောင်းဆုံးဆီကတော့မြန်မာနိုင်ငံမှာအလွယ်တကူဝယ်လို့ရတဲ့အုန်းဆီဘဲဖြစ်ပါတယ်

အုန်းဆီအပြင်သံလွင်ဆီ၊နှမ်းဆီတွေနဲ့လည်းပလုတ်ကျင်းလို့လည်းရပါတယ်

ပဲဆီ နေကြာဆီ စားအုန်ဆီတွေနဲ့တော့ပလုတ်မကျင်းစေချင်ပါဘူးခင်ဗျာ

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့်ဆီဖြင့်ပလုပ်ကျင်းတာကိုနေ့စဉ်မလုပ်နိုင်ရင်တောင်မှတစ်ပတ်ကို(၂)ခါ(၃)ခါလောက်လုပ်ပေးသင့်တယ်ဟုအကြံပေးလိုပါတယ်

ယခုအခါဆီနဲ့ပလုပ်ကျင်းပြီးခံတွင်းသန့်ရှင်းအောင်ပြုလုပ်ကာကျန်းမာနေထိုင်တဲ့နည်းကိုနိုင်ငံတော်တော်များများအထူးသဖြင့်ထိုင်နိုင်ငံမှာလက်ခံကျင့်သုံးနေတာကိုသိရှိရပါတယ်ခင်ဗျာ

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့်ခံတွင်းမသန့်လေကျန်းမာရေးထူလေဆိုတာကိုသတိပြုပြီးခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက်ခံတွင်းကိုသန့်ရှင်အောင်ထားပြီး

ကျန်ရှိနေသော အချိန်ခဏလေးကိုကျန်းမာစွာဖြင့်ရှင်းသန်းနေထိုင်ကြရအောင်ပါခင်ဗျာ

ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ



နေ့စဉ်လုပ်တော့မယ်















































