ရင်ဆိုင်ကြုံတွေ့ရမှာ မလွဲပါ သူငယ်ချင်း
လူဖြစ်နေရတဲ့အခိုက်အတန့်လေးမှာကာယကံ ဝစီကံ မနောကံစတဲ့ကံသုံးပါးကိုသတိနဲ့ အထူးဂရုပြု စောင့်ရှောက်နေကြပါသူငယ်ချင်း
မိမိ အမှားကို မှားမှန်းသိကြပြီးသူများ အမှားကိုလည်းအားပေးအားမြှောက်မပြုပါနဲ့
ကူညီထောက်ပံ့ခြင်း မပြုလုပ်ပါနဲ့ သူငယ်ချင်း
ဒါမှလူ့ဘဝရတာ ထိုက်တန်ပြီးလူဖြစ်ရကျိုးနပ်ကာသံသရာအတွက် အကောင်းဆုံးပြုပြင်ဖန်တီး ပုံဖော်နိုင်ကြမှာပေါ့ သူယ်ချင်းရယ်
လောက ကပေးတဲ့အချိန်အတိုင်းဘဲ တွေ့ကြုံဆုံခွင့်ရခဲ့ကြတာပဲ မဟုတ်လား
ဘာကိုဘယ်လိုအစွဲအလမ်းတွေထားပြီး စွဲနေကြဦးမလဲ
ငါ နဲ့ ငါ့နာမည်တောင် ငါ မရှိတော့ရင်ဝေးရသေးတာပဲ သူငယ်ချင်းရယ်
ကိုယ့်စိတ်ကိုယ်တောင် အလိုမကျသေးတာပဲ
သူတစ်ပါးစိတ်ကို ကိုယ့်စိတ်အတိုင်း လွှမ်းမိုးဖို့ဆိုတာပို၍ပို၍ ခက်ခဲပါတယ် သူငယ်ချင်းရယ်
မတော်တဆဘဲဖြစ်ဖြစ် တိုက်ဆိုင်တာဘဲဖြစ်ဖြစ် ရည်ရွယ်ထားလို့ဘဲဖြစ်ဖြစ်
ဘဝမှာဆုံးခဲ့ဖူးသမျှအရာရာဟာ တစ်နေ့နေ့တော့ ခွဲခွါရအုံးမှာလေ
ဘယ်သူမှရှောင်လွဲလို့မရပါဘူး သူငယ်ချင်းရယ်
ဒါကြောင့် ရရှိခဲ့တဲ့ လူ့ဘဝလေးကို တန်ဖိုးထားမြတ်နိုးတတ်ပါစေ သူယ်ချင်းရေ
ရွှေကို သင်္ဂဇာ
ရင္ဆိုင္ႀကဳံေတြ႕ရမွာ မလြဲပါ သူငယ္ခ်င္း
လူျဖစ္ေနရတဲ့အခိုက္အတန္႔ေလးမွာကာယကံ ဝစီကံ မေနာကံစတဲ့ကံသုံးပါးကိုသတိနဲ႔ အထူးဂ႐ုျပဳ ေစာင့္ေရွာက္ေနၾကပါသူငယ္ခ်င္း
မိမိ အမွားကို မွားမွန္းသိၾကၿပီးသူမ်ား အမွားကိုလည္းအားေပးအားေျမႇာက္မျပဳပါနဲ႔
ကူညီေထာက္ပံ့ျခင္း မျပဳလုပ္ပါနဲ႔ သူငယ္ခ်င္း
ဒါမွလူ႔ဘဝရတာ ထိုက္တန္ၿပီးလူျဖစ္ရက်ိဳးနပ္ကာသံသရာအတြက္ အေကာင္းဆုံးျပဳျပင္ဖန္တီး ပုံေဖာ္ႏိုင္ၾကမွာေပါ့ သူယ္ခ်င္းရယ္
ေလာက ကေပးတဲ့အခ်ိန္အတိုင္းဘဲ ေတြ႕ႀကဳံဆုံခြင့္ရခဲ့ၾကတာပဲ မဟုတ္လား
ဘာကိုဘယ္လိုအစြဲအလမ္းေတြထားၿပီး စြဲေနၾကဦးမလဲ
ငါ နဲ႔ ငါ့နာမည္ေတာင္ ငါ မရွိေတာ့ရင္ေဝးရေသးတာပဲ သူငယ္ခ်င္းရယ္
ကိုယ့္စိတ္ကိုယ္ေတာင္ အလိုမက်ေသးတာပဲ
သူတစ္ပါးစိတ္ကို ကိုယ့္စိတ္အတိုင္း လႊမ္းမိုးဖို႔ဆိုတာပို၍ပို၍ ခက္ခဲပါတယ္ သူငယ္ခ်င္းရယ္
မေတာ္တဆဘဲျဖစ္ျဖစ္ တိုက္ဆိုင္တာဘဲျဖစ္ျဖစ္ ရည္႐ြယ္ထားလို႔ဘဲျဖစ္ျဖစ္
ဘဝမွာဆုံးခဲ့ဖူးသမွ်အရာရာဟာ တစ္ေန႔ေန႔ေတာ့ ခြဲခြါရအုံးမွာေလ
ဘယ္သူမွေရွာင္လြဲလို႔မရပါဘူး သူငယ္ခ်င္းရယ္
ဒါေၾကာင့္ ရရွိခဲ့တဲ့ လူ႔ဘ၀ေလးကို တန္ဖိုးထားျမတ္ႏိုးတတ္ပါေစ သူယ္ခ်င္းေရ
ေ႐ႊကို သဂၤဇာ