စိတ်ကို ချမ်းချမ်းသာသာ မနေတတ်၊သင့်တော်သလို နှလုံးမသွင်းတတ်လို့ စိတ်မချမ်းသာတာတွေအားကြီးနေရင် အိုလွယ်တယ်။
စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်တွေကလဲ စိတ်ထောင်းတော့ကိုယ်ကြေဆိုတာလို မကောင်းတဲ့ရုပ်တွေ မချမ်းသာတဲ့ခပ်အိုအို ရုပ်တွေပဲ ဖြစ်လာတယ်။
အဲဒါကြောင့် စိတ်ကိုထိန်းသိမ်းပြီး စိတ်ချမ်းသာအောင်မနေတတ်တဲ့လူတွေဟာ သူများထက်ပိုပြီး အိုလွယ်တယ်။
ဒါကြောင့် စိတ်မချမ်းသာစရာကိစ္စ ပေါ်ပေါက်လာလို့ရှိရင်စိတ်ကို ထိန်းသိမ်းပြုပြင်နိုင်ရမယ်။
ကုသိုလ်ကောင်းမှုပြု ၊ဘုရားအာရုံပြု , ဘုရားရှိခိုး,တရားနှလုံးသွင်းနေမယ်။
အဲဒီကောင်းတဲ့ စိတ်ချမ်းသာစရာအလုပ်တွေ လုပ်နေရင်စိတ်ဆင်းရဲစရာနဲ့တွေ့လည်း စိတ်မဆင်းရဲတဲ့အပြင်နှလုံးသွင်းမှန်လို့ ငြိမ်းချမ်းနေတယ်။
စိတ်ကိုချမ်းသာအောင် မထိန်းသိမ်းနိုင်ရင်တော့ဆင်းရဲတဲ့ စိတ်တွေကြောင့် ဆင်းရဲတဲ့ရုပ်တွေ ထပ်ကာထပ်ကာအဖြစ်များလာတဲ့အတွက် စိတ်ကြောင့်ရုပ်ဟာမြန်မြန် အိုလာတော့တာပဲ။
သမုဒယတွေကြောင့် ဆင်းရဲရတယ်။ဇရာဒုက္ခရဲ့ အရင်းခံဟာတဏှာပဲ။
ဒီရုပ်ဟာ ကံကြောင့်လည်း အိုလွယ်တယ်…အာဟာရကြောင့်လဲ အိုလွယ်တယ်။
အပူ အအေးကို မဆင်ခြင်လို့ မနေတတ် မထိုင်တတ်တာတွေကြောင့်လဲ အိုလွယ်ပါတယ်။
တဏှာအရင်းခံပြီး စားချင်ရာစား၊ အပူ အအေး အရသာတွေကိုဇိမ်ခံပြီး နေချင်သလိုနေ။
လောကအလိုက် ချမ်းချမ်းသာသာနေတယ်။တရားနှလုံးမသွင်းဘူး။ ပေါ့ပေါ့ဆဆနေတယ်။
ဒီတော့ ခန္ဓာဟာ မကျန်းမမာဖြစ်ပြီး တဖြည်းဖြည်းယိုယွင်းလို့အိုသည်ဘက်ကို မြန်ဆန်လာတယ်ပေါ့။
အဲဒါကြောင့် စိတ်ကို ထိန်းနိုင်သမျှထိန်းပြီး ပြုပြင်ပေးမှဒီဒုက္ခက သက်သာပေလိမ့်မယ်။
သက်သာအောင်လည်း ငယ်စဉ်ကတည်းကစပြီးအလေ့ကျင့်လုပ်ယူထားရမယ်။
ဆရာတော်အရှင် ဇနကာဘိဝံသ
(ဓမ္မစကြာတရားတော်)မှ
စိတ္ကို ခ်မ္းခ်မ္းသာသာ မေနတတ္၊သင့္ေတာ္သလို ႏွလံုးမသြင္းတတ္လို႔ စိတ္မခ်မ္းသာတာေတြအားႀကီးေနရင္ အိုလြယ္တယ္။
စိတ္ေၾကာင့္ ျဖစ္ေပၚလာတဲ့႐ုပ္ေတြကလဲ စိတ္ေထာင္းေတာ့ကိုယ္ေၾကဆိုတာလို မေကာင္းတဲ့႐ုပ္ေတြ မခ်မ္းသာတဲ့ခပ္အိုအို ႐ုပ္ေတြပဲ ျဖစ္လာတယ္။
အဲဒါေၾကာင့္ စိတ္ကိုထိန္းသိမ္းၿပီး စိတ္ခ်မ္းသာေအာင္မေနတတ္တဲ့လူေတြဟာ သူမ်ားထက္ပိုၿပီး အိုလြယ္တယ္။
ဒါေၾကာင့္ စိတ္မခ်မ္းသာစရာကိစၥ ေပၚေပါက္လာလို႔႐ွိရင္စိတ္ကို ထိန္းသိမ္းျပဳျပင္ႏိုင္ရမယ္။
ကုသိုလ္ေကာင္းမႈျပဳ ၊ဘုရားအာရံုျပဳ , ဘုရား႐ွိခိုး,တရားႏွလံုးသြင္းေနမယ္။
အဲဒီေကာင္းတဲ့ စိတ္ခ်မ္းသာစရာအလုပ္ေတြ လုပ္ေနရင္စိတ္ဆင္းရဲစရာနဲ႔ေတြ႔လည္း စိတ္မဆင္းရဲတဲ့အျပင္ႏွလံုးသြင္းမွန္လို႔ ၿငိမ္းခ်မ္းေနတယ္။
စိတ္ကိုခ်မ္းသာေအာင္ မထိန္းသိမ္းႏိုင္ရင္ေတာ့ဆင္းရဲတဲ့ စိတ္ေတြေၾကာင့္ ဆင္းရဲတဲ့႐ုပ္ေတြ ထပ္ကာထပ္ကာအျဖစ္မ်ားလာတဲ့အတြက္ စိတ္ေၾကာင့္႐ုပ္ဟာျမန္ျမန္ အိုလာေတာ့တာပဲ။
သမုဒယေတြေၾကာင့္ ဆင္းရဲရတယ္။ဇရာဒုကၡရဲ႕ အရင္းခံဟာတဏွာပဲ။
ဒီ႐ုပ္ဟာ ကံေၾကာင့္လည္း အိုလြယ္တယ္…အာဟာရေၾကာင့္လဲ အိုလြယ္တယ္။
အပူ အေအးကို မဆင္ျခင္လို႔ မေနတတ္ မထိုင္တတ္တာေတြေၾကာင့္လဲ အိုလြယ္ပါတယ္။
တဏွာအရင္းခံၿပီး စားခ်င္ရာစား၊ အပူ အေအး အရသာေတြကိုဇိမ္ခံၿပီး ေနခ်င္သလိုေန။
ေလာကအလိုက္ ခ်မ္းခ်မ္းသာသာေနတယ္။တရားႏွလံုးမသြင္းဘူး။ ေပါ့ေပါ့့ဆဆေနတယ္။
ဒီေတာ့ ခႏၶာဟာ မက်န္းမမာျဖစ္ၿပီး တျဖည္းျဖည္းယိုယြင္းလို႔အိုသည္ဘက္ကို ျမန္ဆန္လာတယ္ေပါ့။
အဲဒါေၾကာင့္ စိတ္ကို ထိန္းႏိုင္သမ်ွထိန္းၿပီး ျပဳျပင္ေပးမွဒီဒုကၡက သက္သာေပလိမ့္မယ္။
သက္သာေအာင္လည္း ငယ္စဥ္ကတည္းကစၿပီးအေလ့က်င့္လုပ္ယူထားရမယ္။
ဆရာေတာ္အ႐ွင္ ဇနကာဘိဝံသ
(ဓမၼစၾကာတရားေတာ္)မွ