ကိုယ်ချင်းစာစိတ်ရှိသူတွေရဲ့ လက္ခဏာ

ကိုယ်ချင်းစာစိတ်ရှိသူတိုင်းမှာ တူညီချက်တစ်ခုကတော့အားနာတတ်တဲ့စိတ်ပါ။

လူတစ်ယောက် ကိုယ့်ကြောင့်ခံစားရမှာကို ကိုယ်ခံစားရမှာထက် ပိုကြောက်တတ်ပီး ကိုယ့်အသားနာမှာထက် သူများ အသားနာသွားမှာကို အရမ်းစိတ်ပူတတ်ကြတယ်။

ကိုယ်မှားခဲ့တဲ့ အမှားအတွက်ဆိုရင် ဘယ်လောက်ပဲ ပေးဆပ်ရ မညီးမညူ ပေးဆပ်တတ်ကြပီး ကိုယ့်အမှားတစ်ခုအတွက် တာဝန်ယူစိတ်အပြည့်ရှိကြတယ်။

ကိုယ့်ခံစားမူှများကို မျက်ကွယ်ပြုထားတတ်ကြပီး သူများငိုနေရင် ကိုယ်ပါမျက်ရည်ကျတတ်ကြပြန်တယ်။

ဘယ်လောက်ပဲအပြောဆိုးသူဖြစ်နေပါစေ ကိုယ်ချင်းစာစိတ်ရှိသူဆိုရင် ပါးစပ်ကထွက်တဲ့စကားနဲ့ ရင်ထဲမှာ ဆန့်ကျင်ဘက်ဖြစ်နေတတ်ကြပီး

ပါးစပ်ကပွစိပွစိပြောနေပေမယ့် လက်ကတော့အခြားသူလိုအပ်တာကို အလွယ်တကူဖြည့်ဆည်းပေးတတ်ကြတယ်။

ကိုယ့်ကို လိမ်ညာလှည့်ဖြားသူကိုတောင် ငါလုပ်လိုက်ရင်သူခံရမှာပါလားဆိုပီး သည်းခံတတ်ကြကာ မပြတ်မသားတဲ့စိတ်ကကိုယ့်ဒဏ်ရာတွေ ဗလပွတိုးပီးရင်းတိုးလာတာကို မေ့လျော့နေသလိုပါပဲ။

ကိုယ်ချင်းစာစိတ်ရှိသူတိုင်းက လူတစ်ယောက်အပေါ်ကောင်းပေးရင် ကိုယ်ခံရမှာသိသိကြီးနဲ့ နောင်တမရနိူင်ဘဲ

“မွေးသန္ဓေသေမှ ပျောက်”မယ်ဆိုတဲ့ စကားအတိုင်းကောင်းလက်စနဲ့ဆက်ကောင်းနေကြပီး ခံလက်စနဲ့ဆက်ပီးနာကျင်မူှကို ရင်ဝယ်ပိုက်နေတတ်ကြတယ်။

ကိုယ့်မေတ္တာ စေတနာကို ပြက်ရယ်ပြုအသုံးချသွားသူကိုပါးစပ်က ပြတ်တယ်….ပြတ်တယ်လို့ နာကျည်းစွာ ကြွေးကြော်နေပေမယ့် သတိရတိုင်း” သူအဆင်ပြေရဲ့လား”လို့တွေးပူနေတတ်ကြတယ်။

ကိုယ်ချင်းစာစိတ်ရှိသူတိုင်းက အငိုမျက်လုံး အပြုံးမျက်နှာနဲ့ကိုယ့်မှာ ငိုစရာရှိနေရင်တောင် အခြားသူကိုယ့်ကြောင့်စိတ်ဆင်းရဲသွားမှာကြောက်လို့ အပြုံးမျက်နှာနဲ့ ဟန်ဆောင်နေတတ်ကြတယ်။

ကိုယ်ချင်းစာတတ်သူတွေက မိသားစုအတွင်း ၊ ချစ်သူရည်းစားချင်းလင်မယားချင်း ၊ အပေါင်းအသင်းကြားမှာ အနစ်နာခံတတ်ပီးအလျော့ပေးတတ်ကြကာ “ဆယ်ခါခံရလည်း တစ်ကြိမ်တောင်အမှတ်သည်းခြေ မရှိသူ”တွေလို့ ပြောရင်လွန်မယ်မထင်ပါ။

စားစရာတစ်ခုရှိရင် ကိုယ်ကအငတ်ခံကျွေးတတ်ပီး လူတစ်ယောက်ဆီကကိုယ်ကအကူအညီတောင်းဖို့ အင်မတန်ဝန်လေးတတ်ကြတယ်။

တစ်ခါတလေ ကိုယ့်အရေးကိစ္စတွေမှာ ခေါင်းမာသလို ရှိတတ်ကြပေမယ့် အခြားသူအရေးကိစ္စတွေမှာတော့ ကိုယ့်တန်ဖိုးကိုဘာမှန်းမသိလောက်အောင် မာနမဲ့ပေးဆပ်တတ်ကြတယ်။

လူ့လောကကြီးမှာ ကိုယ်ချင်းစာစိတ်ရှိသူတွေကအမြဲတမ်း ခံဘက်ကပဲ ရှိနေတယ်လို့ ဆိုပေမယ့်ဘယ်တော့မှ ဆင်းဆင်းရဲရဲ မနေရတတ်သလိုလောကပါလ တရားစီရင်ခန်းမှာ သင့်အမူှအတွက် အခမဲ့ရှေ့နေ ရှိနေပေးမယ်ဆိုတာ ယုံကြည်ပါနော်သူငယ်ချင်း။

လေးစားစွာဖြင့််

ဇင်းနစ် မကွေး

ကုိယ္ခ်င္းစာစိတ္႐ွိသူတုိင္းမွာ တူညီခ်က္တစ္ခုကေတာ့အားနာတတ္တဲ့စိတ္ပါ။

လူတစ္ေယာက္ ကုိယ့္ေၾကာင့္ခံစားရမွာကုိ ကုိယ္ခံစားရမွာထက္ ပုိေၾကာက္တတ္ပီး ကုိယ့္အသားနာမွာထက္ သူမ်ား အသားနာသြားမွာကုိ အရမ္းစိတ္ပူတတ္ၾကတယ္။

ကုိယ္မွားခဲ့တဲ့ အမွားအတြက္ဆုိရင္ ဘယ္ေလာက္ပဲ ေပးဆပ္ရ မညီးမညဴ ေပးဆပ္တတ္ၾကပီး ကုိယ့္အမွားတစ္ခုအတြက္ တာဝန္ယူစိတ္အျပည့္႐ွိၾကတယ္။

ကုိယ့္ခံစားမူွမ်ားကုိ မ်က္ကြယ္ျပဳထားတတ္ၾကပီး သူမ်ားငုိေနရင္ ကုိယ္ပါမ်က္ရည္က်တတ္ၾကျပန္တယ္။

ဘယ္ေလာက္ပဲအေျပာဆုိးသူျဖစ္ေနပါေစ ကုိယ္ခ်င္းစာစိတ္႐ွိသူဆုိရင္ ပါးစပ္ကထြက္တဲ့စကားနဲ႔ ရင္ထဲမွာ ဆန္႔က်င္ဘက္ျဖစ္ေနတတ္ၾကပီး

ပါးစပ္ကပြစိပြစိေျပာေနေပမယ့္ လက္ကေတာ့အျခားသူလုိအပ္တာကုိ အလြယ္တကူျဖည့္ဆည္းေပးတတ္ၾကတယ္။

ကုိယ့္ကုိ လိမ္ညာလွည့္ျဖားသူကုိေတာင္ ငါလုပ္လုိက္ရင္သူခံရမွာပါလားဆုိပီး သည္းခံတတ္ၾကကာ မျပတ္မသားတဲ့စိတ္ကကုိယ့္ဒဏ္ရာေတြ ဗလပြတုိးပီးရင္းတုိးလာတာကုိ ေမ့ေလ်ာ့ေနသလုိပါပဲ။

ကုိယ္ခ်င္းစာစိတ္႐ွိသူတုိင္းက လူတစ္ေယာက္အေပၚေကာင္းေပးရင္ ကုိယ္ခံရမွာသိသိႀကီးနဲ႔ ေနာင္တမရႏူိင္ဘဲ

“ေမြးသေနၶေသမွ ေပ်ာက္”မယ္ဆုိတဲ့ စကားအတုိင္းေကာင္းလက္စနဲ႔ဆက္ေကာင္းေနၾကပီး ခံလက္စနဲ႔ဆက္ပီးနာက်င္မူွကုိ ရင္ဝယ္ပုိက္ေနတတ္ၾကတယ္။

ကုိယ့္ေမတၱာ ေစတနာကုိ ျပက္ရယ္ျပဳအသုံးခ်သြားသူကုိပါးစပ္က ျပတ္တယ္….ျပတ္တယ္လုိ႔ နာက်ည္းစြာ ေႂကြးေၾကာ္ေနေပမယ့္ သတိရတုိင္း” သူအဆင္ေျပရဲ႕လား”လုိ႔ေတြးပူေနတတ္ၾကတယ္။

ကုိယ္ခ်င္းစာစိတ္႐ွိသူတုိင္းက အငုိမ်က္လုံး အျပဳံးမ်က္ႏွာနဲ႔ကုိယ့္မွာ ငုိစရာ႐ွိေနရင္ေတာင္ အျခားသူကုိယ့္ေၾကာင့္စိတ္ဆင္းရဲသြားမွာေၾကာက္လုိ႔ အျပဳံးမ်က္ႏွာနဲ႔ ဟန္ေဆာင္ေနတတ္ၾကတယ္။

ကုိယ္ခ်င္းစာတတ္သူေတြက မိသားစုအတြင္း ၊ ခ်စ္သူရည္းစားခ်င္းလင္မယားခ်င္း ၊ အေပါင္းအသင္းၾကားမွာ အနစ္နာခံတတ္ပီးအေလ်ာ့ေပးတတ္ၾကကာ “ဆယ္ခါခံရလည္း တစ္ႀကိမ္ေတာင္အမွတ္သည္းေျခ မ႐ွိသူ”ေတြလုိ႔ ေျပာရင္လြန္မယ္မထင္ပါ။

စားစရာတစ္ခု႐ွိရင္ ကုိယ္ကအငတ္ခံေကြၽးတတ္ပီး လူတစ္ေယာက္ဆီကကုိယ္ကအကူအညီေတာင္းဖုိ႔ အင္မတန္ဝန္ေလးတတ္ၾကတယ္။

တစ္ခါတေလ ကုိယ့္အေရးကိစၥေတြမွာ ေခါင္းမာသလုိ ႐ွိတတ္ၾကေပမယ့္ အျခားသူအေရးကိစၥေတြမွာေတာ့ ကုိယ့္တန္ဖုိးကုိဘာမွန္းမသိေလာက္ေအာင္ မာနမဲ့ေပးဆပ္တတ္ၾကတယ္။

လူ႔ေလာကႀကီးမွာ ကုိယ္ခ်င္းစာစိတ္႐ွိသူေတြကအျမဲတမ္း ခံဘက္ကပဲ ႐ွိေနတယ္လုိ႔ ဆုိေပမယ့္ဘယ္ေတာ့မွ ဆင္းဆင္းရဲရဲ မေနရတတ္သလုိေလာကပါလ တရားစီရင္ခန္းမွာ သင့္အမူွအတြက္ အခမဲ့ေ႐ွ႕ေန ႐ွိေနေပးမယ္ဆုိတာ ယုံၾကည္ပါေနာ္သူငယ္ခ်င္း။

ေလးစားစြာျဖင့္္

ဇင္းနစ္​ မေကြး