အိမ်မွေးတိရစ္ဆာန်လေးတွေကို သံယောဇဉ်တွယ်တတ်တဲ့သူတွေရဲ့ စိတ်နေစိတ်ထား

လောကကြီးမှာ အိမ်မွေးတိရစ္ဆာန်မွေးချင်တဲ့သူနဲ့ မမွေးချင်တဲ့သူဆိုပြီး လူနှစ်မျိုးရှိပါတယ်။ တချို့ကျတော့လည်း တိရစ္ဆာန်လေးတွေကို ချစ်ပေမယ့် နေရာအနေအထားကြောင့် မွေးဖို့အဆင်မပြေတဲ့သူတွေလည်းရှိကြတာပါပဲ။ အခုပြောချင်တာက အိမ်မွေးတိရစ္ဆာန်လေးတွေအပေါ် ချစ်ခင်တတ်တဲ့သူ၊ သံယောဇဉ်တွယ်တတ်သူတွေရဲ့ စိတ်နေစိတ်ထားအကြောင်းပါ။

အိမ်မွေးတိရစ္ဆာန်တွေကိုချစ်တတ်တဲ့သူတွေက ….

(၁) ကြင်နာတတ်သူတွေ

freepik

တိရစ္ဆာန်လေးတွေဟာ သခင်အပေါ်အရမ်းသိတတ်ကြပါတယ်။ သူတို့လေးတွေကို ရိုက်ရင်တောင် ဘာမှပြန်မလုပ်ပါဘူး။ ဒါပေမယ့် အကြင်နာတရားမရှိတဲ့ လူတွေကတော့ သူတို့ကို ညှင်းပန်းနှိပ်စက်တတ်ကြပေမယ့် အကြင်နာတရားရှိသူတွေကတော့ မိသားစုဝင်လို သံယောဇဉ်တွယ်တတ်ကြပါတယ်။

(၂) စိတ်ရှည်သည်းခံတတ်သူတွေ

အိမ်မွေးတိရစ္ဆာန်လေးတွေကို အိမ်မှာမွေးထားဖို့ဆို တော်ရုံစိတ်ရှည်သည်းခံမှုမျိုးနဲ့မရပါဘူး။ စကားလည်းပြန်မပြောတတ်တဲ့ သူတို့လေးတွေကို တော်တော်လေးစိတ်ရှည်သည်းခံပြီးမွေးထားမှရတာပါ။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်မွေးတဲ့သူတွေဟာ တခြားသူတွေထက် စိတ်ရှည်တဲ့သူတွေဖြစ်ပါတယ်။

(၃) အဆင့်အတန်းခွဲခြားစိတ်၊တစ်ဖက်သားကိုနှိမ်တတ်တဲ့စိတ်မျိုးမရှိသူတွေ

တိရစ္ဆာန်လေးတွေအပေါ်ချစ်နိုင်တဲ့သူတွေဆိုတာက အဆင့်အတန်းခွဲခြားစိတ်မရှိတဲ့သူ၊ တစ်ဖက်သားကိုနှိမ့်ချလိုစိတ်မရှိဘဲ အရှိအတိုင်းလက်ခံတတ်တဲ့သူတွေဖြစ်ပါတယ်။

(၄) ပေးဆပ်တတ်သူတွေ

freepik

တိရစ္ဆာန်လေးတွေကို ချစ်လို့ သူတို့ဆီကချစ်ခြင်းမေတ္တာကလွဲလို့ ဘာမှပြန်ရဖို့မရှိပါဘူး။ ဒီတော့ သူတို့ကိုချစ်တယ်ဆိုတာ ပေးဆပ်ပြီးပဲချစ်ရတာမျိုးပါ။

(၅) မျှော်လင့်ချက်မထားဘဲချစ်တတ်သူတွေ

တိရစ္ဆာန်လေးတွေကို ချစ်တဲ့အခါ သူတို့လေးတွေကိုယ့်ကိုပြန်ချစ်ပါစေတော့ဆိုတဲ့စိတ်မျိုးနဲ့ ချစ်ကြတာမဟုတ်ပါဘူး။ သူတို့ကိုချစ်လို့ကို ချစ်တာပါ၊ ဘာမျှော်လင့်ချက်မှမပါဘဲ၊ ဘာမှပြန်ရဖို့မတွေးဘဲချစ်ကြတာပါ။ ဒါကြောင့် တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူတွေဟာ လူအချင်းချင်းကိုလည်း မျှော်လင့်ချက်မထားဘဲချစ်တတ်တဲ့သူတွေ၊ အချစ်စစ်အချစ်မှန်နဲ့ချစ်တတ်သူတွေဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပညာရှင်တွေက တိရစ္ဆာန်တွေကိုချစ်တတ်သူတွေကို ချစ်သူအဖြစ်ရွေးချယ်ဖို့ အကြံပေးကြတာဖြစ်ပါတယ်။

written by PP