ေန႕စဉ္နဲ႕အမွ်စိတ္ညစ္ေနရတာကိုေလ်ာ့ပါးသက္သာေစျပီး သင့္ကိုေပ်ာ္ရႊင္ေစမယ့္လွ်ို႕ဝွက္ခ်က္

အသက္ရွင္ေနတုန္း ေပ်ာ္ရႊင္တဲ့သူျဖစ္မွ လူျဖစ္က်ိုးနပ္တယ္လို႕ ဆိုရမွာပါ။ ေန႕စဉ္နဲ႕အမွ် စိတ္ညစ္စိတ္ဆင္းရဲေနရတဲ့ဘဝမ်ိဳးမွာရွင္သန္ေနရရင္ လူျဖစ္က်ိုးနပ္တဲ့သူလို႕ မေခၚထိုက္ပါဘူး။ ဘဝမွာေပ်ာ္ရႊင္တဲ့သူျဖစ္ဖို႕အတြက္ စည္းစိမ္ခ်မ္းသာ၊ ဂုဏ္ျဒပ္ေတြအမ်ားၾကီးရွိဖို႕မလိုအပ္ပါဘူး။ ဒီအခ်က္ေလးေတြကိုပဲ လိုအပ္တာပါ။

(၁) ေက်းဇူးတင္တတ္တဲ့စိတ္

freepik

သူမ်ားပိုင္ဆိုင္မႈေတြကို မမက္ေမာဘဲ ကိုယ့္မွာရွိတဲ့အရာ၊ ကိုယ့္ရဲ႕ပိုင္ဆိုင္မႈေတြကို တန္ဖိုးထားတတ္ျပီး အရာရာကိုေက်းဇူးတင္တတ္တဲ့စိတ္က သင့္ကိုေပ်ာ္ရႊင္ေစပါတယ္။

(၂) အေကာင္းျမင္စိတ္္

အဆိုးျမင္စိတ္က သင့္ကိုစိတ္ဖိစီးပင္ပန္းေစျပီး အေကာင္းျမင္စိတ္က သင့္ကိုလြတ္လပ္ေပါ့ပါးေစပါတယ္။ စိတ္လြတ္လပ္ေပါ့ပါးမႈက သင့္ကိုေပ်ာ္ရႊင္ေစပါလိိမ့္မယ္။ သူတစ္ပါးအေပၚအေကာင္းျမင္ျခင္းက သင့္ရဲ႕စိတ္ထဲမွာ မနာလိုျဖစ္ျခင္းကိုလည္း ကင္းေဝးေစပါတယ္။

(၃) ေမ့ပစ္တတ္တဲ့စိတ္

လူတိုင္းမွာ မေကာင္းတဲ့အတိတ္ေတြ၊ စိတ္ညစ္စရာအေၾကာင္းအရာေတြရွိတတ္ၾကပါတယ္။ ဒါေတြကို တစ္သက္လံုးသယ္ေဆာင္သြားရင္ အဲ့ဒီအရာေတြက သင့္ကိုတစ္ခ်ိန္လံုးဖိစီးနွိပ္စက္ေနမွာျဖစ္ပါတယ္။ ဒါေတြကို ေမ့ပစ္နိုင္ရင္၊ လႊတ္ခ်ပစ္နိုင္ရင္ေတာ့ သင့္ရဲ႕စိတ္ထဲမွာ ေပါ့ပါးလြတ္လပ္ျပီး ေပ်ာ္ရႊင္ရပါလိမ့္မယ္။

(၄) ခြင့္လႊတ္တတ္တဲ့စိတ္

ကိုယ့္အေပၚအမွားက်ူးလြန္တဲ့သူ၊ ကိုယ့္ကုိစိတ္ဒုကၡေပးတဲ့သူေတြကို ခြင့္လႊတ္တတ္ဖို႕ဆိုတာလည္း ေတာ္ေတာ္ေလးမလြယ္တဲ့ ကိစၥတစ္ခုပါ။ ဒါေပမယ့္ သူတို႕ကိုခြင့္မလႊတ္ဘဲ ေတးမွတ္ထားတယ္ဆိုရင္လည္း ဒီစိတ္နဲ႕ ကိုယ္ပဲပင္ပန္းရတာပါ။ တခ်ိဳ႕အရာေတြကို ခြင့္လႊတ္တတ္မယ္ဆိုရင္ေတာ့ ကိုယ့္စိတ္ရဲ႕ေပ်ာ္ရႊင္မႈကို ရမွာပါ။

(၅) ေကာင္းမြန္တဲ့နႈတ္ထြက္စကား

freepik

လူတစ္ေယာက္ရဲ႕နႈတ္ထြက္စကားက သူ႕ရဲ႕စိတ္ကလာတာပါ။ သူ႕ရဲ႕စိတ္ကမေကာင္းတာေတြကိန္းေအာင္းေနရင္ နႈတ္ထြက္စကားေတြကလည္း မေကာင္းနိုင္ပါဘူး။ ေကာင္းမြန္တဲ့နႈတ္ထြက္စကား၊ ခ်ိုသာတဲ့နႈတ္ထြက္စကားက ေကာင္းမြန္တဲ့အေတြးေတြကိုျဖစ္ေစျပီး စိတ္ကိုေပ်ာ္ရႊင္ေစပါတယ္။

written by PP

အသက်ရှင်နေတုန်း ပျော်ရွှင်တဲ့သူဖြစ်မှ လူဖြစ်ကျိုးနပ်တယ်လို့ ဆိုရမှာပါ။ နေ့စဉ်နဲ့အမျှ စိတ်ညစ်စိတ်ဆင်းရဲနေရတဲ့ဘဝမျိုးမှာရှင်သန်နေရရင် လူဖြစ်ကျိုးနပ်တဲ့သူလို့ မခေါ်ထိုက်ပါဘူး။ ဘဝမှာပျော်ရွှင်တဲ့သူဖြစ်ဖို့အတွက် စည်းစိမ်ချမ်းသာ၊ ဂုဏ်ဒြပ်တွေအများကြီးရှိဖို့မလိုအပ်ပါဘူး။ ဒီအချက်လေးတွေကိုပဲ လိုအပ်တာပါ။

(၁) ကျေးဇူးတင်တတ်တဲ့စိတ်

သူများပိုင်ဆိုင်မှုတွေကို မမက်မောဘဲ ကိုယ့်မှာရှိတဲ့အရာ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားတတ်ပြီး အရာရာကိုကျေးဇူးတင်တတ်တဲ့စိတ်က သင့်ကိုပျော်ရွှင်စေပါတယ်။

(၂) အကောင်းမြင်စိတ်

အဆိုးမြင်စိတ်က သင့်ကိုစိတ်ဖိစီးပင်ပန်းစေပြီး အကောင်းမြင်စိတ်က သင့်ကိုလွတ်လပ်ပေါ့ပါးစေပါတယ်။ စိတ်လွတ်လပ်ပေါ့ပါးမှုက သင့်ကိုပျော်ရွှင်စေပါလိမ့်မယ်။ သူတစ်ပါးအပေါ်အကောင်းမြင်ခြင်းက သင့်ရဲ့စိတ်ထဲမှာ မနာလိုဖြစ်ခြင်းကိုလည်း ကင်းဝေးစေပါတယ်။

(၃) မေ့ပစ်တတ်တဲ့စိတ်

လူတိုင်းမှာ မကောင်းတဲ့အတိတ်တွေ၊ စိတ်ညစ်စရာအကြောင်းအရာတွေရှိတတ်ကြပါတယ်။ ဒါတွေကို တစ်သက်လုံးသယ်ဆောင်သွားရင် အဲ့ဒီအရာတွေက သင့်ကိုတစ်ချိန်လုံးဖိစီးနှိပ်စက်နေမှာဖြစ်ပါတယ်။ ဒါတွေကို မေ့ပစ်နိုင်ရင်၊ လွှတ်ချပစ်နိုင်ရင်တော့ သင့်ရဲ့စိတ်ထဲမှာ ပေါ့ပါးလွတ်လပ်ပြီး ပျော်ရွှင်ရပါလိမ့်မယ်။

(၄) ခွင့်လွှတ်တတ်တဲ့စိတ်

ကိုယ့်အပေါ်အမှားကျူးလွန်တဲ့သူ၊ ကိုယ့်ကိုစိတ်ဒုက္ခပေးတဲ့သူတွေကို ခွင့်လွှတ်တတ်ဖို့ဆိုတာလည်း တော်တော်လေးမလွယ်တဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် သူတို့ကိုခွင့်မလွှတ်ဘဲ တေးမှတ်ထားတယ်ဆိုရင်လည်း ဒီစိတ်နဲ့ ကိုယ်ပဲပင်ပန်းရတာပါ။ တချို့အရာတွေကို ခွင့်လွှတ်တတ်မယ်ဆိုရင်တော့ ကိုယ့်စိတ်ရဲ့ပျော်ရွှင်မှုကို ရမှာပါ။

(၅) ကောင်းမွန်တဲ့နှုတ်ထွက်စကား

လူတစ်ယောက်ရဲ့နှုတ်ထွက်စကားက သူ့ရဲ့စိတ်ကလာတာပါ။ သူ့ရဲ့စိတ်ကမကောင်းတာတွေကိန်းအောင်းနေရင် နှုတ်ထွက်စကားတွေကလည်း မကောင်းနိုင်ပါဘူး။ ကောင်းမွန်တဲ့နှုတ်ထွက်စကား၊ ချိုသာတဲ့နှုတ်ထွက်စကားက ကောင်းမွန်တဲ့အတွေးတွေကိုဖြစ်စေပြီး စိတ်ကိုပျော်ရွှင်စေပါတယ်။

written by PP