လည်ချောင်းနာတာကိုချက်ချင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်း(၄)မျိုး

shutterstock


(၁) ပျားရည်

shutterstock


(၂) ဆားရည်


(၃) သံပရိုသီး

shutterstock


(၄) ရေနွေးကြမ်း


written by PP

ရာသီဥတုအပြောင်းအလဲဖြစ်လာတဲ့အခါမှာပဲဖြစ်ဖြစ်၊ နေပူထဲအသွားများတာကြောင့်ပဲဖြစ်ဖြစ်၊ အအေးမိလို့ပဲဖြစ်ဖြစ် နှာစေး၊ချောင်းဆိုး၊ ဖျားတာတွေနဲ့အတူ လည်ချောင်းနာတာလည်း ဖြစ်လာတတ်ပါတယ်။ လည်ချောင်းနာတဲ့အခါ လည်ပင်းတစ်ခုလုံးပူပြင်းခြောက်သွေ့နေပြီး နေရခက်လှပါတယ်။ လည်ချောင်းနာပျောက်ဖို့အတွက် အရမ်းခက်ခက်ခဲခဲစဉ်းစားနေစရာမလိုပါဘူး။ ဒီနည်းလေးတွေနဲ့ လွယ်လွယ်ကူကူကုသလို့ရပါတယ်။

(၁) ပျားရည်

ပျားရည်က ဘက်တီးရီးယားတွေကိုသေစေပြီး ရောင်ရမ်းတာတွေကိုသက်သာစေပါတယ်။ လည်ချောင်းနာတဲ့အခါ ပျားရည်တစ်ဇွန်းကို ဒီအတိုင်းစားပေးတာပဲဖြစ်ဖြစ်၊ ရေနွေးအဖြူလေးနဲ့ရောပြီး သောက်လိုက်တာပဲဖြစ်ဖြစ် လုပ်ပေးလိုက်ပါ။ လည်ချောင်းနာတာချက်ချင်းသက်သာပါလိမ့်မယ်။

(၂) ဆားရည်

ရေနွေးအဖြူတစ်ခွက်ထဲကို ဆားတစ်ဇွန်းထည့်မွှေပြီး တစ်နာရီတစ်ခါပလုတ်ကျင်းပေးပါ။ ဆားရည်ရဲ့အစွမ်းကြောင့် လည်ချောင်းနာတာ ပျောက်ကင်းသွားပါလိမ့်မယ်။

(၃) သံပရိုသီး

သံပရိုရည်မှာပါဝင်တဲ့ဗီတာမင် စီ က ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ ပျားရည်တစ်ဇွန်းထဲကို သံပရိုသီးတစ်စိတ်ညှစ်ထည့်ပြီး သောက်ပေးလိုက်ရုံနဲ့ လည်ချောင်းနာတာကို ပျောက်ကင်းစေပါတယ်။

(၄) ရေနွေးကြမ်း

လက်ဖက်ခြောက်ရေနွေးကြမ်းကလည်း လည်ချောင်းနာတာကို ကုသပေးနိုင်ပါတယ်။ လက်ဖက်ခြောက်ရေနွေးကြမ်းကို တစ်နေ့နှစ်ခွက်သောက်ပေးရုံနဲ့ လည်ချောင်းနာတာကိုပျောက်ကင်းသက်သာစေပါတယ်။

written by PP