အေပ်ာ္ရည္းစားမထားခင္မွာ ဒါေတြကိုအရင္စဉ္းစားပါဦး သမီးေလးေရ ….

lonely girl near window thinking about something. beautiful sad lonely girl sitting near the window is missing

မိန္းကေလးေတြအေနနဲ႕ ဘဝလက္တြဲေဖာက္အျဖစ္ရည္ရြယ္ျပီးခ်စ္သူ၊ရည္းစားထားၾကသလို၊ လက္တြဲဖို႕အထိမရည္ရြယ္ဘဲ အေပ်ာ္ရည္စားထားတာမ်ိဳးလည္း လုပ္တတ္ၾကပါတယ္။ တကယ္ေတာ့ လူတစ္ေယာက္ကိုအေပ်ာ္တြဲတယ္ဆိုတာ လံုးဝမလုုပ္သင့္တဲ့အရာတစ္ခုပါ။ ဒါေပမယ့္ အေပ်ာ္ရည္းစားထားတယ္ဆိုတာမေကာင္းေၾကာင္း၊ မထားသင့္ေၾကာင္းေတြေျပာျပီး လိုက္ပိတ္ပင္ေနလို႕လည္း မရပါဘူး။ ဒါေၾကာင့္ မိန္းကေလးေတြ အေပ်ာ္ရည္းစားထားဖို႕ စဉ္းစားေနတယ္ဆိုရင္ အရင္ဆံုး အခုေျပာမယ့္အေၾကာင္းအရာေတြကို အေလးအနက္ထားစဉ္းစားသင့္ပါတယ္။

(၁) ကိုယ့္ကိုအေပ်ာ္တြဲမယ္ဆိုရင္ေရာလက္ခံနိုင္မွာလား

freepik

အေပ်ာ္တြဲတယ္ဆိုတာ ဆန္းတဲ့ကိစၥမဟုတ္ပါဘူး။ ဒါေပမယ့္ ကိုယ္ခ်င္းစာစိတ္ရွိတဲ့သူ၊ သူမ်ားအတြက္စဉ္းစားေပးတတ္တဲ့သူေတြကေတာ့ လူတစ္ေယာက္ကိုဘယ္ေတာ့မွ အေပ်ာ္တြဲမွာမဟုတ္ပါဘူး။ ဘာလို႕လဲဆိုေတာ့ သူတို႕က သူမ်ားခံစားခ်က္ကိုအေလးထားလို႕ပါ။ အေပ်ာ္တြဲခံရတဲ့သူဘက္က ေတြးေပးတတ္လို႕ပါ။ ဒါေၾကာင့္ တစ္ေယာက္ေယာက္ကို အေပ်ာ္ပဲတြဲမယ္လို႕ စိတ္ကူးရွိေနတယ္ဆိုရင္ ကိုယ့္ကိုဒီလိုလုပ္ရင္ေရာလက္ခံနိုင္မလား စဉ္းစားပါ။

(၂) ကိုယ့္အတြက္အႏၱရာယ္မ်ားလြန္းတယ္

freepik

တစ္ေယာက္ေယာက္ကိုအေပ်ာ္တြဲတာက ကိုယ့္အတြက္အႏၱရာယ္မ်ားလြန္းပါတယ္။ ကိုယ္ကေယာက်ာ္းေလးပဲျဖစ္ျဖစ္၊ မိန္းကေလးပဲျဖစ္ျဖစ္ အေပ်ာ္ရည္းစားထားတာက ကိုယ့္အတြက္အႏၱရာယ္မ်ားလြန္းပါတယ္။ ကိုယ္က အေပ်ာ္တြဲရံုပဲစဉ္းစားထားသလို တစ္ဖက္လူကလည္း ကိုယ့္ကိုအေပ်ာ္ၾကံမယ္၊ ေၾကာရရံုၾကံမယ္၊ ေငြညွစ္ဖို႕ခ်ဉ္းကပ္လာတာမ်ိဳး၊ ဒုကၡေပးဖုိ႕ၾကိုးစားလာတာမ်ိဳးေတြ ျဖစ္လာနိုင္ပါတယ္။ ဒါေၾကာင့္ ဘယ္လုိလူမ်ိဳးနဲ႕ပဲ ပတ္သက္ပတ္သက္ သူတို႕ရဲ႕အေၾကာင္းေတြမသိဘဲ မပတ္သက္လိုက္ပါနဲ႕။ သူတို႕အေၾကာင္းထိုက္သင့္သေလာက္သိမွ ပတ္သက္ပါ။ လူမျမင္ရတဲ့ လိုင္းေပၚကပတ္သက္မႈမ်ိဳးေတြကို လံုးဝေရွာင္ေစခ်င္ပါတယ္။ လူခ်င္းမေတြ႕ရေပမယ့္လည္း အႏၱရာယ္မ်ားလြန္းပါတယ္။

(၃) ကိုယ့္ရဲ႕အနာဂတ္ကိုပါ ထိခိုက္ေစနိုင္တယ္

freepik

အေပ်ာ္ရည္းစားထားတာက ဘာျပႆနာမွမရွိဘူး၊ ကိုယ့္ကိုဒုကၡမေပးနိုင္ဘူးလို႕ ထင္ရေပမယ့္ ကိုယ္ကအိမ္ေထာင္အတည္တက်ျပုေတာ့မယ္၊ မိသားစုေလးတစ္ခုကိုအတည္တက်တည္ေထာင္ေတာ့မယ္ ဆိုတဲ့အခါမွ အဲ့ဒီအေပ်ာ္ရည္းစားထားခဲ့တာနဲ႕ပတ္သက္ျပီးေတာ့ ျပႆနာတစ္ခုခုျဖစ္လာတာမ်ိဳး၊ သိကၡာခ်ခံရတာမ်ိဳးေတြၾကံုရတတ္ပါတယ္။ ေပ်ာ္ရႊင္စရာမိသားစုေလးကို တည္ေဆာက္ခ်င္တဲ့အခါမွ အဲ့ဒီအေပ်ာ္ရည္းစားကိစၥေၾကာင့္ ျပႆနာတက္ရတဲ့သူေတြအမ်ားၾကီးရွိပါတယ္။ ဒါေၾကာင့္ အေပ်ာ္ရည္းစားထားမယ္လို႕ စိတ္ကူးရွိေနရင္ အခုေျပာတဲ့အခ်က္ေလးေတြကို ေသခ်ာစဉ္းစားေစခ်င္ပါတယ္။

written by PP

မိန်းကလေးတွေအနေနဲ့ ဘဝလက်တွဲဖောက်အဖြစ်ရည်ရွယ်ပြီးချစ်သူ၊ရည်းစားထားကြသလို၊ လက်တွဲဖို့အထိမရည်ရွယ်ဘဲ အပျော်ရည်စားထားတာမျိုးလည်း လုပ်တတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်ကိုအပျော်တွဲတယ်ဆိုတာ လုံးဝမလုပ်သင့်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အပျော်ရည်းစားထားတယ်ဆိုတာမကောင်းကြောင်း၊ မထားသင့်ကြောင်းတွေပြောပြီး လိုက်ပိတ်ပင်နေလို့လည်း မရပါဘူး။ ဒါကြောင့် မိန်းကလေးတွေ အပျော်ရည်းစားထားဖို့ စဉ်းစားနေတယ်ဆိုရင် အရင်ဆုံး အခုပြောမယ့်အကြောင်းအရာတွေကို အလေးအနက်ထားစဉ်းစားသင့်ပါတယ်။

(၁) ကိုယ့်ကိုအပျော်တွဲမယ်ဆိုရင်ရောလက်ခံနိုင်မှာလား

အပျော်တွဲတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်ရှိတဲ့သူ၊ သူများအတွက်စဉ်းစားပေးတတ်တဲ့သူတွေကတော့ လူတစ်ယောက်ကိုဘယ်တော့မှ အပျော်တွဲမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က သူများခံစားချက်ကိုအလေးထားလို့ပါ။ အပျော်တွဲခံရတဲ့သူဘက်က တွေးပေးတတ်လို့ပါ။ ဒါကြောင့် တစ်ယောက်ယောက်ကို အပျော်ပဲတွဲမယ်လို့ စိတ်ကူးရှိနေတယ်ဆိုရင် ကိုယ့်ကိုဒီလိုလုပ်ရင်ရောလက်ခံနိုင်မလား စဉ်းစားပါ။

(၂) ကိုယ့်အတွက်အန္တရာယ်များလွန်းတယ်

တစ်ယောက်ယောက်ကိုအပျော်တွဲတာက ကိုယ့်အတွက်အန္တရာယ်များလွန်းပါတယ်။ ကိုယ်ကယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အပျော်ရည်းစားထားတာက ကိုယ့်အတွက်အန္တရာယ်များလွန်းပါတယ်။ ကိုယ်က အပျော်တွဲရုံပဲစဉ်းစားထားသလို တစ်ဖက်လူကလည်း ကိုယ့်ကိုအပျော်ကြံမယ်၊ ကြောရရုံကြံမယ်၊ ငွေညှစ်ဖို့ချဉ်းကပ်လာတာမျိုး၊ ဒုက္ခပေးဖို့ကြိုးစားလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုလူမျိုးနဲ့ပဲ ပတ်သက်ပတ်သက် သူတို့ရဲ့အကြောင်းတွေမသိဘဲ မပတ်သက်လိုက်ပါနဲ့။ သူတို့အကြောင်းထိုက်သင့်သလောက်သိမှ ပတ်သက်ပါ။ လူမမြင်ရတဲ့ လိုင်းပေါ်ကပတ်သက်မှုမျိုးတွေကို လုံးဝရှောင်စေချင်ပါတယ်။ လူချင်းမတွေ့ရပေမယ့်လည်း အန္တရာယ်များလွန်းပါတယ်။

(၃) ကိုယ့်ရဲ့အနာဂတ်ကိုပါ ထိခိုက်စေနိုင်တယ်

အပျော်ရည်းစားထားတာက ဘာပြဿနာမှမရှိဘူး၊ ကိုယ့်ကိုဒုက္ခမပေးနိုင်ဘူးလို့ ထင်ရပေမယ့် ကိုယ်ကအိမ်ထောင်အတည်တကျပြုတော့မယ်၊ မိသားစုလေးတစ်ခုကိုအတည်တကျတည်ထောင်တော့မယ် ဆိုတဲ့အခါမှ အဲ့ဒီအပျော်ရည်းစားထားခဲ့တာနဲ့ပတ်သက်ပြီးတော့ ပြဿနာတစ်ခုခုဖြစ်လာတာမျိုး၊ သိက္ခာချခံရတာမျိုးတွေကြုံရတတ်ပါတယ်။ ပျော်ရွှင်စရာမိသားစုလေးကို တည်ဆောက်ချင်တဲ့အခါမှ အဲ့ဒီအပျော်ရည်းစားကိစ္စကြောင့် ပြဿနာတက်ရတဲ့သူတွေအများကြီးရှိပါတယ်။ ဒါကြောင့် အပျော်ရည်းစားထားမယ်လို့ စိတ်ကူးရှိနေရင် အခုပြောတဲ့အချက်လေးတွေကို သေချာစဉ်းစားစေချင်ပါတယ်။

written by PP