မိန္းမေကာင္းတစ္ေယာက္ရဲ႕အဂၤါရပ္နဲ႕ညီေအာင္ေနထိုင္တတ္ျပီလား…သမီးေလးတို႕….

မိန္းမေကာင္းတစ္ေယာက္ဆိုတာ ျပင္ပရုပ္ရည္သန္႕ရွင္းသပ္ရပ္ျပီး အရည္အခ်င္းလည္းရွိတဲ့သူမ်ိဳးကိုေျပာတာပါ။ မိန္းမေကာင္းတစ္ေယာက္ျဖစ္ဖို႕ ရုပ္ရည္ေခ်ာေမာလွပေနဖို႕၊ ျပီးျပည့္စံုေနဖို႕မလိုပါဘူး။ တစ္ကိုယ္ရည္သန္႕ရွင္းမႈရွိဖို႕၊ အမ်ားအျမင္မွာတင့္တယ္ေနဖို႕ေတာ့လိုပါတယ္။ ဒီေတာ့ မိန္းမေကာင္းတစ္ေယာက္ရဲ႕အဂၤါရပ္နဲ႕ညီေအာင္ ေနထိုင္နည္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

(၁) အေပၚယံေတြကိုအရမ္းဦးစားမေပးပါနဲ႕

freepik

လူတစ္ေယာက္ရဲ႕တန္ဖိုးဆိုတာ အေပၚယံတန္ဖိုးၾကီးပစၥည္းေတြမဟုတ္ပါဘူး။ အေပၚယံမိတ္ကပ္ေတြ၊ေစ်းၾကီးေပးရတဲ့အဝတ္အစားေတြနဲ႕ တန္ဖိုးၾကီး branded အသံုးအေဆာင္ေတြက လူတစ္ေယာက္ရဲ႕တန္ဖိုးကို ကိုယ္စားမျပုပါဘူး။ အေပၚယံေတြကုိ ဦးစားေပးလြန္းတဲ့အခါ ကိုယ့္အတြက္တကယ္အေရးပါတဲ့အရာေတြ၊ ကိုယ္တကယ္ဦးစားေပးရမယ့္အရာေတြကို ေမ့ေလ်ာ့ေနမိတတ္ျပီး ဒီအေပၚယံေတြက ဘဝအတြက္တကယ္အေရးၾကီးတယ္လို႕ ထင္ျမင္လာတတ္ပါတယ္။ ဒါေၾကာင့္ အေပၚယံေတြကို အရမ္းဦးစားမေပးပါနဲ႕။ ထိုက္သင့္သေလာက္ပဲ လုပ္ပါ။

(၂) ဆံပင္ကိုသပ္သပ္ရပ္ရပ္ထားပါ

ဆံပင္ပံုစံေတြအမ်ိဳးမ်ိဳးေျပာင္းတာ၊ အေရာင္ဆန္းဆန္္းေတြခဏခဏေျပာင္းဆိုးတာက သင့္ကို အရမ္းမိုက္၊ အရမ္းအထာက်တယ္လို႕ ထင္ရေစပါတယ္။ ဒါေပမယ့္ သန္႕ရွင္းသန္႕ရပ္တဲ့ ဆံေကသာကသာ သင့္ကိုဆြဲေဆာင္မႈပိုရွိေစတာပါ။ အေရာင္ဆိုးရင္လည္း ညီညီညာညာဆိုးတာမ်ိဳး၊ ေကာက္ထားတာပဲျဖစ္ျဖစ္၊ ေျဖာင့္ထားတာပဲျဖစ္ျဖစ္၊ ရႈပ္ပြမေနေအာင္၊ အဖ်ားေတြကြဲျပီး ဖြာလန္မေနေအာင္ အျမဲဂရုစိုက္သင့္ပါတယ္။

(၃) စကားေျပာတဲ့အခါ ၾကည္လင္ျပတ္သားတဲ့အသံနဲ႕ေျပာပါ

freepik

စကားသံတိုးတိုးပဲေျပာတာက ယဉ္ေက်းတယ္လို႕ ထင္ရေပမယ့္ တကယ္တမ္းေတာ့ စကားေျပာတဲ့အခါ မက်ယ္လြန္း၊ မတိုးလြန္းတဲ့အသံ၊ ၾကည္လင္ျပတ္သားတဲ့အသံနဲ႕ ေျပာဆိုသင့္ပါတယ္။ အဲ့လိုေျပာတာက တည္တံ့တဲ့ပံုစံမ်ိဳးျဖစ္ေစတာေၾကာင့္ လူေတြရဲ႕ေလးစားမႈကိုရနိုင္ပါတယ္။

(၄) လက္၊ ေျခေထာက္ေတြနဲ႕ဖိနပ္ေတြကိုသန္႕ရွင္းေအာင္ထားပါ

တစ္ကိုယ္ရည္သန္႕ရွင္းမႈမွာ အေရးၾကီးဆံုးက လက္ေတြ၊ ေျခေထာက္ေတြပါ။ လက္ေခ်ာင္းေတြ၊ လက္သည္းေတြနဲ႕ ေျခေထာက္ေတြ၊ ေျခသည္းေတြကို အျမဲသန္႕ရွင္းေအာင္ထားျခင္းက သင္ဟာ တစ္ကိုယ္ရည္သန္႕ရွင္းမႈကိုအေလးထားတဲ့သူတစ္ေယာက္ဆိုတာ ေပၚလြင္ေစပါတယ္။ ဒါ့အျပင္ ဖိနပ္ေတြကိုလည္း သန္႕ရွင္းေအာင္ထားဖို႕လိုပါတယ္။

(၅) အသက္အရြယ္နဲ႕လိုက္ဖက္တဲ့အဝတ္အစားကိုဝတ္ပါ

freepik

အဝတ္အစားဆိုတာ တန္ဖိုးၾကီးတာ၊ တန္္ဖိုးနည္းတာေတြထက္ ကိုယ္နဲ႕လိုက္ဖက္မႈရွိျခင္း၊မရွိျခင္းကပဲ အေရးၾကီးတာပါ။ ကိုယ္နဲ႕လိုက္ဖက္တဲ့အဝတ္အစားဟာ ကိုယ့္ကိုပိုၾကည့္ေကာင္းေစျပီး တန္ဖိုးရွိတဲ့ပံုစံျဖစ္ေစပါတယ္။ အထူးသျဖင့္ အသက္အရြယ္နဲ႕လိုက္ဖက္တဲ့အဝတ္အစားေတြကို ဝတ္ဆင္သင့္ပါတယ္။ အသက္အရြယ္နဲ႕လိုက္ဖက္တဲ့အဝတ္အစားေတြကို ဝတ္ဆင္ျခင္းက သင့္ရဲ႕အလွ၊ သင့္ရဲ႕ဂုဏ္ကိုနွစ္ဆျမင့္တက္ေစပါတယ္။

written by PP

မိန်းမကောင်းတစ်ယောက်ဆိုတာ ပြင်ပရုပ်ရည်သန့်ရှင်းသပ်ရပ်ပြီး အရည်အချင်းလည်းရှိတဲ့သူမျိုးကိုပြောတာပါ။ မိန်းမကောင်းတစ်ယောက်ဖြစ်ဖို့ ရုပ်ရည်ချောမောလှပနေဖို့၊ ပြီးပြည့်စုံနေဖို့မလိုပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့၊ အများအမြင်မှာတင့်တယ်နေဖို့တော့လိုပါတယ်။ ဒီတော့ မိန်းမကောင်းတစ်ယောက်ရဲ့အင်္ဂါရပ်နဲ့ညီအောင် နေထိုင်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) အပေါ်ယံတွေကိုအရမ်းဦးစားမပေးပါနဲ့

လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ အပေါ်ယံတန်ဖိုးကြီးပစ္စည်းတွေမဟုတ်ပါဘူး။ အပေါ်ယံမိတ်ကပ်တွေ၊ဈေးကြီးပေးရတဲ့အဝတ်အစားတွေနဲ့ တန်ဖိုးကြီး branded အသုံးအဆောင်တွေက လူတစ်ယောက်ရဲ့တန်ဖိုးကို ကိုယ်စားမပြုပါဘူး။ အပေါ်ယံတွေကို ဦးစားပေးလွန်းတဲ့အခါ ကိုယ့်အတွက်တကယ်အရေးပါတဲ့အရာတွေ၊ ကိုယ်တကယ်ဦးစားပေးရမယ့်အရာတွေကို မေ့လျော့နေမိတတ်ပြီး ဒီအပေါ်ယံတွေက ဘဝအတွက်တကယ်အရေးကြီးတယ်လို့ ထင်မြင်လာတတ်ပါတယ်။ ဒါကြောင့် အပေါ်ယံတွေကို အရမ်းဦးစားမပေးပါနဲ့။ ထိုက်သင့်သလောက်ပဲ လုပ်ပါ။

(၂) ဆံပင်ကိုသပ်သပ်ရပ်ရပ်ထားပါ

ဆံပင်ပုံစံတွေအမျိုးမျိုးပြောင်းတာ၊ အရောင်ဆန်းဆန်းတွေခဏခဏပြောင်းဆိုးတာက သင့်ကို အရမ်းမိုက်၊ အရမ်းအထာကျတယ်လို့ ထင်ရစေပါတယ်။ ဒါပေမယ့် သန့်ရှင်းသန့်ရပ်တဲ့ ဆံကေသာကသာ သင့်ကိုဆွဲဆောင်မှုပိုရှိစေတာပါ။ အရောင်ဆိုးရင်လည်း ညီညီညာညာဆိုးတာမျိုး၊ ကောက်ထားတာပဲဖြစ်ဖြစ်၊ ဖြောင့်ထားတာပဲဖြစ်ဖြစ်၊ ရှုပ်ပွမနေအောင်၊ အဖျားတွေကွဲပြီး ဖွာလန်မနေအောင် အမြဲဂရုစိုက်သင့်ပါတယ်။

(၃) စကားပြောတဲ့အခါ ကြည်လင်ပြတ်သားတဲ့အသံနဲ့ပြောပါ

စကားသံတိုးတိုးပဲပြောတာက ယဉ်ကျေးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ စကားပြောတဲ့အခါ မကျယ်လွန်း၊ မတိုးလွန်းတဲ့အသံ၊ ကြည်လင်ပြတ်သားတဲ့အသံနဲ့ ပြောဆိုသင့်ပါတယ်။ အဲ့လိုပြောတာက တည်တံ့တဲ့ပုံစံမျိုးဖြစ်စေတာကြောင့် လူတွေရဲ့လေးစားမှုကိုရနိုင်ပါတယ်။

(၄) လက်၊ ခြေထောက်တွေနဲ့ဖိနပ်တွေကိုသန့်ရှင်းအောင်ထားပါ

တစ်ကိုယ်ရည်သန့်ရှင်းမှုမှာ အရေးကြီးဆုံးက လက်တွေ၊ ခြေထောက်တွေပါ။ လက်ချောင်းတွေ၊ လက်သည်းတွေနဲ့ ခြေထောက်တွေ၊ ခြေသည်းတွေကို အမြဲသန့်ရှင်းအောင်ထားခြင်းက သင်ဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုကိုအလေးထားတဲ့သူတစ်ယောက်ဆိုတာ ပေါ်လွင်စေပါတယ်။ ဒါ့အပြင် ဖိနပ်တွေကိုလည်း သန့်ရှင်းအောင်ထားဖို့လိုပါတယ်။

(၅) အသက်အရွယ်နဲ့လိုက်ဖက်တဲ့အဝတ်အစားကိုဝတ်ပါ

အဝတ်အစားဆိုတာ တန်ဖိုးကြီးတာ၊ တန်ဖိုးနည်းတာတွေထက် ကိုယ်နဲ့လိုက်ဖက်မှုရှိခြင်း၊မရှိခြင်းကပဲ အရေးကြီးတာပါ။ ကိုယ်နဲ့လိုက်ဖက်တဲ့အဝတ်အစားဟာ ကိုယ့်ကိုပိုကြည့်ကောင်းစေပြီး တန်ဖိုးရှိတဲ့ပုံစံဖြစ်စေပါတယ်။ အထူးသဖြင့် အသက်အရွယ်နဲ့လိုက်ဖက်တဲ့အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။ အသက်အရွယ်နဲ့လိုက်ဖက်တဲ့အဝတ်အစားတွေကို ဝတ်ဆင်ခြင်းက သင့်ရဲ့အလှ၊ သင့်ရဲ့ဂုဏ်ကိုနှစ်ဆမြင့်တက်စေပါတယ်။

written by PP