အားနာတယ်ဆိုတာ ရိုးသားခြင်းမဟုတ်

အားနာတယ်ဆိုတာ ရိုးသားခြင်းမဟုတ်

တစ်ခါတလေ သူညာနေမှန်းသိပေမယ့်အားနာလို့ ကိုယ့်ပြောချင်တာမပြောလိုက်သောအခါ သူ့ကိုလိမ်ဖို့ညာဖို့နောက်ထပ် အခွင့်အရေးပေးလိုက်သလိုပါပဲ။

ကိုယ်အားနာတာ သူတန်ဖိုး မထားရင်နောက်ထပ်အားနာနေစရာ မလိုပါဘူး၊

ကိုယ့်ကိုလိမ်နေ၊ညာနေသောလူကိုတစ်ကြိမ်မက အကြိမ်ကြိမ်ဘာလို့အားနာနေရမှာလဲ။

လောကမှာ လိုက်ကြည့် အားနာတတ်သောသူတိုင်းအလိမ်ခံနေရတာပဲလေ၊

တကယ်တော့အားနာတယ်ဆိုတာ ရိုးသားတာလည်းမဟုတ်အားနာလိုက်လို့ ကိုယ့်စိတ်အေးချမ်းရတာမှမဟုတ်တာလေ။ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားနာမှုကသူ့ကို လိမ်ရသောဒုက္ခမဖြစ်ပါစေနဲ့။

ကိုယ်လည်း အလိမ်မခံရဖို့ သူလည်းသူများတွေအပေါ်မှာ လိမ်တာတွေရပ်ဖို့ သူ့မှာလိမ်ရသောဒုက္ခကင်းဖို့၊ကိုယ့်မှာအားနာရလို့စိတ်ပင်ပန်းရခြင်းကင်းဖို့ ကိုယ့်ရဲ့အားနာတတ်သောစိတ်ကို သတိထားရပါမယ်။

နားလည်မှုမလွယ်ပါနဲ့။ အားနာတယ်ဆိုတာရိုးသားမှုမဟုတ်ပါဘူး။လူတစ်ယောက်ကိုအားနာလိုက်တဲ့အခါ ကိုယ့်စိတ်ကိုပြန်ကြည့်ပါ၊ရိုးသားမှုရှိလား၊မရှိလားဆိုတာ၊

ရိုးသားရင် စိတ်ကသိကအောက်မဖြစ်ဘူး၊မရိုးသားရင် စိတ်ကသိကအောက်ဖြစ်တယ်။

မေတ္တာဖြင့်

အရှင်ဇနက(မန္တလေးစာသင်သား)

အားနာတယ္ဆိုတာ ႐ိုးသားျခင္းမဟုတ္

တစ္ခါတေလ သူညာေနမွန္းသိေပမယ့္အားနာလို႔ ကိုယ့္ေျပာခ်င္တာမေျပာလိုက္ေသာအခါ သူ႔ကိုလိမ္ဖို႔ညာဖို႔ေနာက္ထပ္ အခြင့္အေရးေပးလိုက္သလိုပါပဲ။

ကိုယ္အားနာတာ သူတန္ဖိုး မထားရင္ေနာက္ထပ္အားနာေနစရာ မလိုပါဘူး၊

ကိုယ့္ကိုလိမ္ေန၊ညာေနေသာလူကိုတစ္ႀကိမ္မက အႀကိမ္ႀကိမ္ဘာလို႔အားနာေနရမွာလဲ။

ေလာကမွာ လိုက္ၾကည့္ အားနာတတ္ေသာသူတိုင္းအလိမ္ခံေနရတာပဲေလ၊

တကယ္ေတာ့အားနာတယ္ဆိုတာ ႐ိုးသားတာလည္းမဟုတ္အားနာလိုက္လို႔ ကိုယ့္စိတ္ေအးခ်မ္းရတာမွမဟုတ္တာေလ။ဘာပဲျဖစ္ျဖစ္ကိုယ့္ရဲ႕အားနာမႈကသူ႔ကို လိမ္ရေသာဒုကၡမျဖစ္ပါေစနဲ႔။

ကိုယ္လည္း အလိမ္မခံရဖို႔ သူလည္းသူမ်ားေတြအေပၚမွာ လိမ္တာေတြရပ္ဖို႔ သူ႔မွာလိမ္ရေသာဒုကၡကင္းဖို႔၊ကိုယ့္မွာအားနာရလို႔စိတ္ပင္ပန္းရျခင္းကင္းဖို႔ ကိုယ့္ရဲ႕အားနာတတ္ေသာစိတ္ကို သတိထားရပါမယ္။

နားလည္မႈမလြယ္ပါနဲ႔။ အားနာတယ္ဆိုတာ႐ိုးသားမႈမဟုတ္ပါဘူး။လူတစ္ေယာက္ကိုအားနာလိုက္တဲ့အခါ ကိုယ့္စိတ္ကိုျပန္ၾကည့္ပါ၊႐ိုးသားမႈရွိလား၊မရွိလားဆိုတာ၊

႐ိုးသားရင္ စိတ္ကသိကေအာက္မျဖစ္ဘူး၊မ႐ိုးသားရင္ စိတ္ကသိကေအာက္ျဖစ္တယ္။

ေမတၱာျဖင့္

အရွင္ဇနက(မႏၲေလးစာသင္သား)