အမေသို့ ရင်ဖွင့်စာ
အမေ… အခက်ခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ .
ပြေးခိုလိုက်ချင်တာ မိဘရင်ခွင်ပါ….
ပူလောင်လွန်းတဲ့ ဒီလောက. မာယာများတဲ့ ဒီလောက.
မျက်နှာဖုံးများစွာနဲ့ ဒီလောက..
စရိုက်မျိုးစုံ အဖုံဖုံကို ရင်ဆိုင်ကျော်ဖြတ်ဖို့
ခက်ခဲလွန်းလှတယ် အမေရယ်..
ပူလောင်လှတဲ့ လောကီထဲမှာ အပူရုပ်ကို ဟန်လုပ်ပြီး
နေရတဲ့ အလုပ်ဟာလဲ သမီးအတွက် အရမ်းးပင်ပန်းတယ်အမေ…
မာယာတွေနဲ့ အလှဆင်ထားတဲ့ ဒီလောကကြီးမှာ ..
ကိုယ်က သားကောင်မဖြစ်ဖို့.
ကြောက်လန့်မှုတွေဖုံးကွယ် ကြိုးစားအားမွေးရင်း ရပ်တည်နေရတယ်..
ဒါတင်မကသေးဘူးအမေ..
မျက်နှာဖုံးတွေနဲ့ ပြည့်နေတဲ့ လောကကြီးထဲမှာ
ပုံရိပ်စစ်ကိုမြင်နိုင်ဖို့. ထွင်းဖောက်ကြည့်နေရတယ်.
ဖြစ်နိုင်ခွင့်သာရမယ်ဆိုရင်..
သမီးလေ.. ဟိုး…….. ငယ်ဘဝကစားခဲ့ရတဲ့
ဘာဟင်းမှ မပါ ကြောင်ဆီ ကျားဆီဆိုတဲ့ ထမင်းဖြူဆုပ်ကလေးကို စားရင်း..
ဖြူစင်တဲ့ ကလေးဘဝလေးနဲ့..
အမေ့ရင်ခွင်မှာ ခိုလုံခွင့် ရချင်နေမိတယ်…
မပို ( ထီးလင်း )
အေမသို႔ ရင္ဖြင့္စာ
အေမ… အခက္ခဲေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ .
ေျပးခိုလိုက္ခ်င္တာ မိဘရင္ခြင္ပါ….
ပူေလာင္လြန္းတဲ့ ဒီေလာက. မာယာမ်ားတဲ့ ဒီေလာက.
မ်က္ႏွာဖုံးမ်ားစြာနဲ႔ ဒီေလာက..
စ႐ိုက္မ်ိဳးစုံ အဖုံဖုံကို ရင္ဆိုင္ေက်ာ္ျဖတ္ဖို႔
ခက္ခဲလြန္းလွတယ္ အေမရယ္..
ပူေလာင္လွတဲ့ ေလာကီထဲမွာ အပူ႐ုပ္ကို ဟန္လုပ္ၿပီး
ေနရတဲ့ အလုပ္ဟာလဲ သမီးအတြက္ အရမ္းးပင္ပန္းတယ္အေမ…
မာယာေတြနဲ႔ အလွဆင္ထားတဲ့ ဒီေလာကႀကီးမွာ ..
ကိုယ္က သားေကာင္မျဖစ္ဖုိ႔.
ေၾကာက္လန္႔မႈေတြဖုံးကြယ္ ႀကိဳးစားအားေမြးရင္း ရပ္တည္ေနရတယ္..
ဒါတင္မကေသးဘူးအေမ..
မ်က္ႏွာဖုံးေတြနဲ႔ ျပည့္ေနတဲ့ ေလာကႀကီးထဲမွာ
ပုံရိပ္စစ္ကိုျမင္ႏိုင္ဖို႔. ထြင္းေဖာက္ၾကည့္ေနရတယ္.
ျဖစ္ႏိုင္ခြင့္သာရမယ္ဆိုရင္..
သမီးေလ.. ဟိုး…….. ငယ္ဘဝကစားခဲ့ရတဲ့
ဘာဟင္းမွ မပါ ေၾကာင္ဆီ က်ားဆီဆိုတဲ့ ထမင္းျဖဴဆုပ္ကေလးကို စားရင္း..
ျဖဴစင္တဲ့ ကေလးဘဝေလးနဲ႔..
အေမ့ရင္ခြင္မွာ ခိုလုံခြင့္ ရခ်င္ေနမိတယ္…
မပို ( ထီးလင္း )