”အရွဲ့တိုက်ခြင်းဟာလည်း ဒေါသရဲ့ သဘောပါပဲ”

”အရွဲ့တိုက်ခြင်းဟာလည်း ဒေါသရဲ့ သဘောပါပဲ”

ရွဲ့ပြီဆိုကတည်းက မတည့်တော့ပါဘူး။

မတည့်ရင် အမဲ့တွေနဲ့ ခနဲ့တာတွေလည်း ဖြစ်လာပြန်ပါတယ်။

ခနဲ့တာများရင် မကျေနပ်ချက်တွေများလာတတ်ပြီး မကျေနပ်တာများရင် အသေသတ်တာတွေအထိ ဖြစ်သွားနိုင်ပါတယ်။

အရင်းစစ်တော့ အလိုမကျတာကို အကြောင်းပြုရာက နှလုံးသွင်း မမှန်တော့ဘဲ သူတင်းကိုယ်တင်း တင်းကြပြီး သူရွဲ့ ကိုယ်ရွဲ့တာတွေပါ ဖြစ်လာကြခြင်းပါပဲ။

ကိစ္စတစ်ခုဟာ လက်ခံသူရဲ့ စိတ်နှလုံးသွင်းကိုလိုက်ပြီး အကောင်းလည်း ဖြစ်သွားတတ်သလို မကောင်းလည်း ဖြစ်သွားတတ်တဲ့ သဘောရှိတဲ့အတွက် အပြစ်မဖြစ်အောင် ဆင်ခြင်တတ်တဲ့ စိတ်ဟာ သိပ်ကိုအရေးကြီးလှပါတယ်။

အဓိကကတော့ ကိုယ့်ရဲ့စိတ်နှလုံးသွင်းကို ကိုယ်ကိုယ်တိုင် သတိပြု ဆင်ခြင်ရမှာပဲ ဖြစ်ပါတယ်။

ကိုယ်ကအပြစ်ဖြစ်အောင် တွေးရင် ကိုယ့်အတွေးက ကိုယ့်ကိုပင်ပန်းစေမှာဖြစ်ပြီး ကိုယ်ကရွဲ့ရင် ကိုယ့်အတွေးကလည်း ကိုယ့်ကို မတည့်တာတွေနဲ့ မဲ့စေမှာဖြစ်ပါတယ်။

ဒီတော့ကား အာရုံတစ်ခုကို အကြောင်းပြုပြီး နှလုံးသွင်းမမှန်ရာက ရွဲ့တာစောင်းတာ၊ မဲ့တာဖဲ့တာ ခနဲ့တာတွေ ဖြစ်တတ်ပြီး ပူလောင်မှုတွေကိုပါ ယူဆောင်သမှု ပြုတတ်တဲ့အတွက် အလိုမကျပေမယ့် မငိုရအောင်၊

မတည့်ပေမယ့် မရွဲ့မိအောင်၊ မကောင်းပေမယ့် မစောင်းမိအောင် ကိုယ့်ကိုကိုယ်သာ အပြစ်မဖြစ်အောင် နှလုံးသွင်းဆင်ခြင်တတ်တဲ့ အကျင့်လေးနဲ့ နေထိုင်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။

သေချာတာကတော့ အရွဲ့တိုက်တာဟာ ကုသိုလ်မရပါဘူး။ အဲဒါ ဒေါသရဲ့ သဘောပါပဲ။

မနာပ ဒါယီ အရှင်ဝိစိတ္တ

”အ႐ြဲ႕တိုက္ျခင္းဟာလည္း ေဒါသရဲ႕ သေဘာပါပဲ”

႐ြဲ႕ၿပီဆိုကတည္းက မတည့္ေတာ့ပါဘူး။

မတည့္ရင္ အမဲ့ေတြနဲ႔ ခနဲ႔တာေတြလည္း ျဖစ္လာျပန္ပါတယ္။

ခနဲ႔တာမ်ားရင္ မေက်နပ္ခ်က္ေတြမ်ားလာတတ္ၿပီး မေက်နပ္တာမ်ားရင္ အေသသတ္တာေတြအထိ ျဖစ္သြားႏိုင္ပါတယ္။

အရင္းစစ္ေတာ့ အလိုမက်တာကို အေၾကာင္းျပဳရာက ႏွလုံးသြင္း မမွန္ေတာ့ဘဲ သူတင္းကိုယ္တင္း တင္းၾကၿပီး သူ႐ြဲ႕ ကိုယ္႐ြဲ႕တာေတြပါ ျဖစ္လာၾကျခင္းပါပဲ။

ကိစၥတစ္ခုဟာ လက္ခံသူရဲ႕ စိတ္ႏွလုံးသြင္းကိုလိုက္ၿပီး အေကာင္းလည္း ျဖစ္သြားတတ္သလို မေကာင္းလည္း ျဖစ္သြားတတ္တဲ့ သေဘာရွိတဲ့အတြက္ အျပစ္မျဖစ္ေအာင္ ဆင္ျခင္တတ္တဲ့ စိတ္ဟာ သိပ္ကိုအေရးႀကီးလွပါတယ္။

အဓိကကေတာ့ ကိုယ့္ရဲ႕စိတ္ႏွလုံးသြင္းကို ကိုယ္ကိုယ္တိုင္ သတိျပဳ ဆင္ျခင္ရမွာပဲ ျဖစ္ပါတယ္။

ကိုယ္ကအျပစ္ျဖစ္ေအာင္ ေတြးရင္ ကိုယ့္အေတြးက ကိုယ့္ကိုပင္ပန္းေစမွာျဖစ္ၿပီး ကိုယ္က႐ြဲ႕ရင္ ကိုယ့္အေတြးကလည္း ကိုယ့္ကို မတည့္တာေတြနဲ႔ မဲ့ေစမွာျဖစ္ပါတယ္။

ဒီေတာ့ကား အာ႐ုံတစ္ခုကို အေၾကာင္းျပဳၿပီး ႏွလုံးသြင္းမမွန္ရာက ႐ြဲ႕တာေစာင္းတာ၊ မဲ့တာဖဲ့တာ ခနဲ႔တာေတြ ျဖစ္တတ္ၿပီး ပူေလာင္မႈေတြကိုပါ ယူေဆာင္သမႈ ျပဳတတ္တဲ့အတြက္ အလိုမက်ေပမယ့္ မငိုရေအာင္၊

မတည့္ေပမယ့္ မ႐ြဲ႕မိေအာင္၊ မေကာင္းေပမယ့္ မေစာင္းမိေအာင္ ကိုယ့္ကိုကိုယ္သာ အျပစ္မျဖစ္ေအာင္ ႏွလုံးသြင္းဆင္ျခင္တတ္တဲ့ အက်င့္ေလးနဲ႔ ေနထိုင္ၾကည့္ၾကဖို႔ပဲ ျဖစ္ပါတယ္။

ေသခ်ာတာကေတာ့ အ႐ြဲ႕တိုက္တာဟာ ကုသိုလ္မရပါဘူး။ အဲဒါ ေဒါသရဲ႕ သေဘာပါပဲ။

မနာပ ဒါယီ အရွင္ဝိစိတၱ