အိမ္ေထာင္တစ္ခုကိုရိုးေျမက်သည္အထိတည္ျမဲေအာင္ ထိန္းသိမ္းနည္း

ေရွးေခတ္ကေတာ့ အိမ္ေထာင္ျပုတာဟာ ျပုျပင္ဖုိ႕ခက္တဲ့အရာလို႕ယူဆၾကျပီး အိမ္ေထာင္ကြဲဖို႕၊ ကြာရွင္းဖို႕ဆိုတာ စဉ္းေတာင္မစဉ္းစားၾကတဲ့အရာပါ။ ဒါေပမယ့္ အခုေခတ္မွာလည္း ဘယ္ေလာက္ပဲ ေခတ္မီလာတယ္ဆိုဆို အိမ္ေထာင္ျပုျပီးရင္ေတာ့ ဘယ္သူမွမကြာရွင္းခ်င္ၾကတာအမွန္ပါ။ အရင္ေခတ္ကေလာက္ အယူမသည္းေတာ့ေပမယ့္ ကိုယ့္ရဲ႕အိမ္ေထာင္ေရးကိုေတာ့ တည္ျမဲေစခ်င္တဲ့သူ၊ သာယာေပ်ာ္ရႊင္တဲ့အိမ္ေထာင္ေရးကိုလိုခ်င္ၾကသူေတြခ်ည္းပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္ေခတ္မွာပဲေရာက္ေရာက္ အိမ္ေထာင္ေရးတည္ျမဲေအာင္ထိန္းသိမ္းထားနိုင္မယ့္ နည္းလမ္းေလးေတြကို ေျပာျပခ်င္ပါတယ္။

(၁) ကိုယ့္အိမ္ေထာင္ေရးကိုပထမဦးစားေပးေနရာမွာထားပါ

freepik

အိမ္ေထာင္ေရးအဆင္ေျပေပ်ာ္ရႊင္ဖို႕အတြက္ ဆိုရင္ ကိုယ့္အိမ္ေထာင္ေရးထက္ တျခားအရာေတြကို ဦးစားမေပးဖို႕လိုပါတယ္။ အေပ်ာ္အပါးေတြ၊ အေပါင္းအသင္းေတြနဲ႕ တျခားအေရးမၾကီးတဲ့အရာေတြကို ဦးစားေပးေနသေရြ႕ အဲ့ဒီအိမ္ေထာင္ေရးက ေပ်ာ္ရႊင္ခ်မ္းေျမ့မွာမဟုတ္ပါဘူး။ ကုန္ကုန္ေျပာရရင္ အလုပ္နဲ႕စီးပြားေရးကအေရးၾကီးတယ္ဆိုေပမယ့္ အလုပ္ကိုပဲဦးစားေပးျပီး ကိုယ့္မိသားစုကိုေတာ့ ဦးစားမေပးဘူးဆိုရင္ သင့္အေနနဲ႕ ဒီအိမ္ေထာင္ေရးကိုေရရွည္ခိုင္ျမဲေအာင္ ထိန္းသိမ္းထားနိုင္ဖို႕ မေသခ်ာေတာ့ပါဘူး။

(၂) နွစ္ေယာက္ၾကားထဲမွာ အျငင္းအခုန္ျဖစ္တဲ့ကိစၥေတြကို မွတ္ထားျပီးေရွာင္ရွားပါ

အိမ္ေထာင္တစ္ခုမွာ အဆင္မေျပတာေတြ၊ အျငင္းအခုန္ေတြဆိုတာ ရွိစျမဲပါ။ တစ္ဖက္တည္းကပဲ ေလွ်ာ့ေပးေနရတာမ်ိဳး၊ တစ္ဖက္တည္းကပဲအျမဲအနိုင္ယူေနတာမ်ိဳးေတြ မျဖစ္သင့္ပါဘူး။ နွစ္ေယာက္ၾကားမွာ နားလည္မႈရွိဖို႕လိုပါတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ၾကား အျငင္းအခုန္ျဖစ္ေလ့ရွိတာေတြကို မွတ္ထားျပီး အဲ့ဒါေတြကို မေျပာမိဖို႕ သတိထားဆင္ျခင္ပါ။

(၃) အဆိုးျမင္စိတ္နည္းနိုင္သေလာက္နည္းေအာင္ေနပါ

freepik

အိမ္ေထာင္ေရးဆိုတာ လူနွစ္ေယာက္ေပါင္းစည္းျခင္းျဖစ္တာေၾကာင့္ နွစ္ေယာက္လံုးရဲ႕ေကာင္းကြက္ေတြေရာ၊ ဆိုးတဲ့အခ်က္ေတြကုိေရာ လက္ခံရမွာပါ။ တစ္ဖက္သားရဲ႕ေကာင္းကြက္ေလးေတြကို ျမင္ေအာင္မၾကိုးစားသေရြ႕၊ ဆိုးတဲ့အခ်က္ေတြခ်ည္းပဲျမင္ေနသေရြ႕ အဲ့ဒီအိမ္ေထာင္ေရးက ေရရွည္တည္ျမဲဖို႕မလြယ္သလို၊ အတူရွိေနခ်ိန္မွာလည္း ေပ်ာ္ရႊင္နိုင္မွာ မဟုတ္ပါဘူး။

(၄) ဘယ္ေလာက္စိတ္ဆိုးဆိုး နင္ ၊ ငါ သံုးျပီး မေျပာပါနဲ႕

ခ်စ္လို႕ပဲယူယူ၊ ဘယ္လိုအေၾကာင္းရင္းေၾကာင့္ပဲ ယူယူ၊ အိမ္ေထာင္ဖက္ေတြျဖစ္လာၾကျပီဆိုတာ နဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ ေလးေလးစားစားဆက္ဆံတတ္ဖို႕လိုပါတယ္။ ဘယ္ေလာက္စိတ္ဆိုးဆိုး နင္၊ ငါ သံုးျပီး မေျပာၾကဖို႕၊ ေလးေလးစားစား ေျပာဆိုဖို႕လိုပါတယ္။ ဒါမွသာ အိမ္ေထာင္တစ္ခုက ေရရွည္ခိုင္ျမဲေနမွာပါ။

(၅) အတိတ္ကိုလက္ခံပါ

freepik

နွစ္ေယာက္သားက အိမ္ေထာင္တစ္ခုကိုအတူတကြတည္ေထာင္ထားၾကတာဟာ အနာဂတ္ကို အတူတူတည္ေဆာက္ၾကမယ္ ဆိုတဲ့ အဓိပၸါယ္ပဲမဟုတ္လား။ အနာဂတ္ကို အတူတူေလွ်ာက္လွမ္းၾကမယ္ဆိုရင္ အတိတ္ေတြကိုေတာ့ ေမ့ထားေပးၾကဖို႕ လိုတာေပါ့။

(၆) ကိုယ့္ကိုယ္ကိုအျမဲတိုးတက္ေအာင္ေနပါ

အိမ္ေထာင္ဖက္က ကိုယ့္အေပၚစိတ္မပ်က္ေအာင္ေနထိုင္ျခင္းျဖင့္ အိမ္ေထာင္တည္ျမဲေအာင္ထိန္းသိမ္းပါ။ မိမိကုိယ္ကိုတိုးတက္ေအာင္ အျမဲၾကိုးစားေနျခင္းက အိမ္ေထာင္ေရးကို ပိုျပီးအဆင္ေျပေစပါတယ္။ ဒါေၾကာင့္ မိန္းကေလးေတြဆိုရင္လည္း အိမ္ေထာင္ျပုျပီးတဲ့အခါ ပစ္စလက္ခတ္မေနဘဲ သပ္သပ္ရပ္ရပ္၊ လွလွပပေလးေနဖို႕ ၊ အိမ္ကိုေနခ်င္စဖြယ္ျဖစ္ေအာင္ ထားဖို႕၊ ခ်ိုသာတဲ့စကားေတြေျပာဖို႕လိုသလို၊ ေယာက်ာ္းေလးေတြကလည္း အိမ္ရဲ႕စီးပြားေရးကို ေကာင္းသထက္ေကာင္းေစဖို႕၊ အလုပ္ၾကိုးစားခ်င္စိတ္အျမဲရွိေနဖို႕လိုပါတယ္။ အေရးၾကီးဆံုးကေတာ့ နွစ္ေယာက္လံုးက ကိုယ့္အိမ္ေထာင္ဖက္အေပၚသစၥာမေဖာက္ဖို႕၊ သစၥာေစာင့္သိဖို႕ပါပဲ။

written by PP

ရှေးခေတ်ကတော့ အိမ်ထောင်ပြုတာဟာ ပြုပြင်ဖို့ခက်တဲ့အရာလို့ယူဆကြပြီး အိမ်ထောင်ကွဲဖို့၊ ကွာရှင်းဖို့ဆိုတာ စဉ်းတောင်မစဉ်းစားကြတဲ့အရာပါ။ ဒါပေမယ့် အခုခေတ်မှာလည်း ဘယ်လောက်ပဲ ခေတ်မီလာတယ်ဆိုဆို အိမ်ထောင်ပြုပြီးရင်တော့ ဘယ်သူမှမကွာရှင်းချင်ကြတာအမှန်ပါ။ အရင်ခေတ်ကလောက် အယူမသည်းတော့ပေမယ့် ကိုယ့်ရဲ့အိမ်ထောင်ရေးကိုတော့ တည်မြဲစေချင်တဲ့သူ၊ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုလိုချင်ကြသူတွေချည်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ခေတ်မှာပဲရောက်ရောက် အိမ်ထောင်ရေးတည်မြဲအောင်ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

(၁) ကိုယ့်အိမ်ထောင်ရေးကိုပထမဦးစားပေးနေရာမှာထားပါ

အိမ်ထောင်ရေးအဆင်ပြေပျော်ရွှင်ဖို့အတွက် ဆိုရင် ကိုယ့်အိမ်ထောင်ရေးထက် တခြားအရာတွေကို ဦးစားမပေးဖို့လိုပါတယ်။ အပျော်အပါးတွေ၊ အပေါင်းအသင်းတွေနဲ့ တခြားအရေးမကြီးတဲ့အရာတွေကို ဦးစားပေးနေသရွေ့ အဲ့ဒီအိမ်ထောင်ရေးက ပျော်ရွှင်ချမ်းမြေ့မှာမဟုတ်ပါဘူး။ ကုန်ကုန်ပြောရရင် အလုပ်နဲ့စီးပွားရေးကအရေးကြီးတယ်ဆိုပေမယ့် အလုပ်ကိုပဲဦးစားပေးပြီး ကိုယ့်မိသားစုကိုတော့ ဦးစားမပေးဘူးဆိုရင် သင့်အနေနဲ့ ဒီအိမ်ထောင်ရေးကိုရေရှည်ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်ဖို့ မသေချာတော့ပါဘူး။

(၂) နှစ်ယောက်ကြားထဲမှာ အငြင်းအခုန်ဖြစ်တဲ့ကိစ္စတွေကို မှတ်ထားပြီးရှောင်ရှားပါ

အိမ်ထောင်တစ်ခုမှာ အဆင်မပြေတာတွေ၊ အငြင်းအခုန်တွေဆိုတာ ရှိစမြဲပါ။ တစ်ဖက်တည်းကပဲ လျှော့ပေးနေရတာမျိုး၊ တစ်ဖက်တည်းကပဲအမြဲအနိုင်ယူနေတာမျိုးတွေ မဖြစ်သင့်ပါဘူး။ နှစ်ယောက်ကြားမှာ နားလည်မှုရှိဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား အငြင်းအခုန်ဖြစ်လေ့ရှိတာတွေကို မှတ်ထားပြီး အဲ့ဒါတွေကို မပြောမိဖို့ သတိထားဆင်ခြင်ပါ။

(၃) အဆိုးမြင်စိတ်နည်းနိုင်သလောက်နည်းအောင်နေပါ

အိမ်ထောင်ရေးဆိုတာ လူနှစ်ယောက်ပေါင်းစည်းခြင်းဖြစ်တာကြောင့် နှစ်ယောက်လုံးရဲ့ကောင်းကွက်တွေရော၊ ဆိုးတဲ့အချက်တွေကိုရော လက်ခံရမှာပါ။ တစ်ဖက်သားရဲ့ကောင်းကွက်လေးတွေကို မြင်အောင်မကြိုးစားသရွေ့၊ ဆိုးတဲ့အချက်တွေချည်းပဲမြင်နေသရွေ့ အဲ့ဒီအိမ်ထောင်ရေးက ရေရှည်တည်မြဲဖို့မလွယ်သလို၊ အတူရှိနေချိန်မှာလည်း ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။

(၄) ဘယ်လောက်စိတ်ဆိုးဆိုး နင် ၊ ငါ သုံးပြီး မပြောပါနဲ့

ချစ်လို့ပဲယူယူ၊ ဘယ်လိုအကြောင်းရင်းကြောင့်ပဲ ယူယူ၊ အိမ်ထောင်ဖက်တွေဖြစ်လာကြပြီဆိုတာ နဲ့ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံတတ်ဖို့လိုပါတယ်။ ဘယ်လောက်စိတ်ဆိုးဆိုး နင်၊ ငါ သုံးပြီး မပြောကြဖို့၊ လေးလေးစားစား ပြောဆိုဖို့လိုပါတယ်။ ဒါမှသာ အိမ်ထောင်တစ်ခုက ရေရှည်ခိုင်မြဲနေမှာပါ။

(၅) အတိတ်ကိုလက်ခံပါ

နှစ်ယောက်သားက အိမ်ထောင်တစ်ခုကိုအတူတကွတည်ထောင်ထားကြတာဟာ အနာဂတ်ကို အတူတူတည်ဆောက်ကြမယ် ဆိုတဲ့ အဓိပ္ပါယ်ပဲမဟုတ်လား။ အနာဂတ်ကို အတူတူလျှောက်လှမ်းကြမယ်ဆိုရင် အတိတ်တွေကိုတော့ မေ့ထားပေးကြဖို့ လိုတာပေါ့။

(၆) ကိုယ့်ကိုယ်ကိုအမြဲတိုးတက်အောင်နေပါ

အိမ်ထောင်ဖက်က ကိုယ့်အပေါ်စိတ်မပျက်အောင်နေထိုင်ခြင်းဖြင့် အိမ်ထောင်တည်မြဲအောင်ထိန်းသိမ်းပါ။ မိမိကိုယ်ကိုတိုးတက်အောင် အမြဲကြိုးစားနေခြင်းက အိမ်ထောင်ရေးကို ပိုပြီးအဆင်ပြေစေပါတယ်။ ဒါကြောင့် မိန်းကလေးတွေဆိုရင်လည်း အိမ်ထောင်ပြုပြီးတဲ့အခါ ပစ်စလက်ခတ်မနေဘဲ သပ်သပ်ရပ်ရပ်၊ လှလှပပလေးနေဖို့ ၊ အိမ်ကိုနေချင်စဖွယ်ဖြစ်အောင် ထားဖို့၊ ချိုသာတဲ့စကားတွေပြောဖို့လိုသလို၊ ယောကျာ်းလေးတွေကလည်း အိမ်ရဲ့စီးပွားရေးကို ကောင်းသထက်ကောင်းစေဖို့၊ အလုပ်ကြိုးစားချင်စိတ်အမြဲရှိနေဖို့လိုပါတယ်။ အရေးကြီးဆုံးကတော့ နှစ်ယောက်လုံးက ကိုယ့်အိမ်ထောင်ဖက်အပေါ်သစ္စာမဖောက်ဖို့၊ သစ္စာစောင့်သိဖို့ပါပဲ။

written by PP