တစ်ယောက်တည်းပေမယ့်
ကျွန်မ တစ်ယောက်တည်းပါပဲ။
ဒါပေမယ့် အထီးကျန်တာကလွဲရင် စိတ်ချမ်းသာပါတယ်။
တစ်ယောက်တည်း ကိုယ့်ကိုယ်ကို ပဲ့ကိုင်ထိန်းကျောင်းရင်း
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေရတဲ့ မိန်းမသားတစ်ယောက်ကို အထင်အမြင်သေးချင်သူတွေရှိတယ်။
ကဲ့ရဲ့လှောင်ပြောင်ချင်သူတွေရှိတယ်။ ကျောရယုံကြံချင်သူတွေရှိတယ်။
အချောင်ရလိုစိတ်နဲ့ မိုက်ရိုင်း စော်ကားချင်သူတွေရှိတယ်။
ဒါကြောင့် လူတစ်ကာအပေါ်လိုတာထက်ပိုပြီးချိုသာမနေခဲ့ဘူး။
တင်းတဲ့အခါတင်းလို့ လျော့တဲ့အခါလျှော့ခဲ့ရတယ်။
ဝါဂွမ်းဆိုင်လိုနူးနူးညံ့ညံ့နေခဲ့ရသလို မုဆိုးတစ်ပိုင်း,မိန်းမရိုင်းလိုလည်းနေခဲ့ရတယ်။
ယုန်သူငယ်လိုနေခဲ့ရသလို ခြင်္သေ့တစ်ကောင်လို
ရဲရဲဝံ့ဝံ့ အသွင်သဏ္ဌာန်လည်း ပြောင်းလဲခဲ့ရတယ်။
ဘယ်သူ့ပုခုံးမှ မမှီခိုချင်တဲ့ကျွန်မရဲ့စိတ်ဓာတ်
ဘယ်သူ့အထောက်အပံ့နဲ့မှ မရပ်တည်ချင်တဲ့ကျွန်မရဲ့ခံယူချက်
ဘယ်သူ့စိန်နားကပ်အရောင်နဲ့မှ ပါးမပြောင်ချင်တဲ့ကျွန်မရဲ့သဘောထား
ဘယ်သူ့ချမ်းသာကြွယ်ဝမူနဲ့မှ သူဋေးကတော်ဘွဲ့မခံယူချင်တဲ့
မာနနဲ့ခြံရံထားတဲ့သဘောထားတွေ ကျွန်မမှာရှိသေးတယ်။
ဟုတ်တယ်လေ သိပ်တော်,သိပ်ထက်မြတ်ပြီး သိပ်ချမ်းသာတဲ့လက်တွဲဖော်ကိုရွေးချယ်မှ ပျော်ရွှင်ရမှာမဟုတ်ဘူးလေ…
ကိုယ့်ကိုယ်ကိုပဲ့ကိုင်ထိန်းကျောင်းရင်း, သိက္ခာရှိရှိ,လိပ်ပြာလုံလုံနဲ့ အေးချမ်းတဲ့နေ့ရက်တွေကိုဖြတ်သန်းရင်းနဲ့လည်းပျော်ရွှင်မူတွေရနေမှာပဲလေ။
ကျွန်မ တစ်ယောက်တည်းပါပဲ။
ဒါပေမယ့် အထီးကျန်တာကလွဲရင် စိတ်ချမ်းသာပါတယ်။
Nan Khin May Win
တစ္ေယာက္တည္းေပမယ့္
ကြၽန္မ တစ္ေယာက္တည္းပါပဲ။
ဒါေပမယ့္ အထီးက်န္တာကလြဲရင္ စိတ္ခ်မ္းသာပါတယ္။
တစ္ေယာက္တည္း ကိုယ့္ကိုယ္ကို ပဲ့ကိုင္ထိန္းေက်ာင္းရင္း
ကိုယ့္ေျခေထာက္ေပၚက္ုိယ္ရပ္တည္ေနရတဲ့ မိန္းမသားတစ္ေယာက္ကို အထင္အျမင္ေသးခ်င္သူေတြ႐ွိတယ္။
ကဲ့ရဲ႕ေလွာင္ေျပာင္ခ်င္သူေတြ႐ွိတယ္။ ေက်ာရယံုၾကံခ်င္သူေတြ႐ွိတယ္။
အေခ်ာင္ရလိုစိတ္နဲ႔ မိုက္႐ိုင္း ေစာ္ကားခ်င္သူေတြ႐ွိတယ္။
ဒါေၾကာင့္ လူတစ္ကာအေပၚလိုတာထက္ပိုၿပီးခ်ိဳသာမေနခဲ့ဘူး။
တင္းတဲ့အခါတင္းလို႔ ေလ်ာ့တဲ့အခါေလ်ွာ့ခဲ့ရတယ္။
ဝါဂြမ္းဆိုင္လိုႏူးႏူးညံ့ညံ့ေနခဲ့ရသလို မုဆိုးတစ္ပိုင္း,မိန္းမ႐ိုင္းလိုလည္းေနခဲ့ရတယ္။
ယုန္သူငယ္လိုေနခဲ့ရသလို ျခေသၤ့တစ္ေကာင္လို
ရဲရဲ၀ံ့၀ံ့ အသြင္သဏၭာန္လည္း ေျပာင္းလဲခဲ့ရတယ္။
ဘယ္သူ႔ပုခံုးမွ မမွီခိုခ်င္တဲ့ကြၽန္မရဲ႕စိတ္ဓာတ္
ဘယ္သူ႔အေထာက္အပံ့နဲ႔မွ မရပ္တည္ခ်င္တဲ့ကြ်န္မရဲ႕ခံယူခ်က္
ဘယ္သူ႔စိန္နားကပ္အေရာင္နဲ႔မွ ပါးမေျပာင္ခ်င္တဲ့ကြၽန္မရဲ႕သေဘာထား
ဘယ္သူ႔ခ်မ္းသာႂကြယ္ဝမူနဲ႔မွ သူေဋးကေတာ္ဘြဲ႔မခံယူခ်င္တဲ့
မာနနဲ႔ျခံရံထားတဲ့သေဘာထားေတြ ကြၽန္မမွာ႐ွိေသးတယ္။
ဟုတ္တယ္ေလ သိပ္ေတာ္,သိပ္ထက္ျမတ္ၿပီး သိပ္ခ်မ္းသာတဲ့လက္တြဲေဖာ္ကိုေရြးခ်ယ္မွ ေပ်ာ္ရႊင္ရမွာမဟုတ္ဘူးေလ…
ကိုယ့္ကိုယ္ကိုပဲ့ကိုင္ထိန္းေက်ာင္းရင္း, သိကၡာ႐ွိ႐ွ္ိ,လိပ္ျပာလံုလံုနဲ႔ ေအးခ်မ္းတဲ့ေန႔ရက္ေတြကိုျဖတ္သန္းရင္းနဲ႔လည္းေပ်ာ္ရႊင္မူေတြရေနမွာပဲေလ။
ကြၽန္မ တစ္ေယာက္တည္းပါပဲ။
ဒါေပမယ့္ အထီးက်န္တာကလြဲရင္ စိတ္ခ်မ္းသာပါတယ္။
Nan Khin May Win