နောင်ဘဝမှဆုံကြမယ်.ချစ်သူ.

နောင်ဘဝမှဆုံကြမယ်.ချစ်သူ.

နင်.ငါကို.နုတ်မဆက်ပဲထွတ်ခွာသွားတယ်နော်..

နင်.ဆီကိုပြန်လာပါလို့.တစ်ဇာဇာအော်နေတဲ့.နင်.

ခုတော့.ငါ.ပြန်လာမယ့်အချိန်တောင်မစောင့်ပဲ..

ငါ့.ကမ္ဘာကြီးထဲ.အပြီးအပိုင်ထွက်သွားတဲ့.နင့်ကို ငါ.မုန်းသင့်လား.??

ငါတို့.နှစ်ယောက်အတွက်.ဘဝလေးထူထောင်ဖို့အတွက်.ဘယ်သူ့အကူအညီမှမလိုချင်ပဲ.ကိုယ်ခြေထောက်ပေါ်ရပ်တည်နိုင်တဲ့တစ်နေ့ကျမှ..ငါ.ပြန်လာခဲ့မယ်လို့ပြောခဲ့တယ်လေ…..

နင်.ငါ.ကိုစောင့်နေမယ်ဆီု…… ခုစောင့်နေမယ့်.နေရာက.နောင်ဘဝကလားဟာ.. ဘာလို့လည်း…?

ဘာလို့.ငါ.ကိုတစ်ယောက်ထည်းထားခဲ့ရတာလဲစိတ်မချဘူးဆို..

အမြဲစိတ်ပူပေးတဲ့.နင်..ကျန်းမာရေးအစအရာရာအားလုံး..အရိပ်တကြည့်ကြည့်နဲ့ကြည့်နေတဲ့.နင်

ငါ.ကိုစိတ်ချသွားပြီပေါ့….

နင့်.ဘေးကထွတ်သွားဖို့အကြီမ်ကြိမ်ပြောတိုင်းငါ့.လက်ကိုဖမ်းဆုတ်ထားတဲ့..နင်…

အခုတော့..နင်.ကိုယ်တိုင်လွှတ်ချလိုက်ပြီပေါ့..

ငါ.တို့နှစ်ယောက်ရဲ့.တွေ့ဆုံခြင်းက.ဒီလိုဘဝမျိုးနဲ့ကြုံတွေ့ရလိမ့်မယ်လို့.ဘယ်တုန်းကမှမထင်ထားခဲ့မိဘူး..

ငါ.တို့နှစ်ယောက်.ဆုံတွေ့ခွင့်ရအုံးမယ်..

စကားတွေအများကြီးပြောခွင့်ရအုံးမယ်..အနမ်းတွေပေးခွင့်ရအုံးမယ်..ဒီလိုပဲထင်မှတ်ထားခဲ့တယ်။

တစ်နေ့တစ်ချိန်.ကွဲကွာရမယ်ဆိုပေမယ့်.ဒီလိုခွဲခွာမှု့မျိုးကြီးနဲ့မခွဲခွာချင်ဘူး..ကွဲကွာဖို့အကြောင်းဖန်လာတော့.ပြန်လည်ဆုံဆည်းဖို့ဆိုတာ..ဘယ်လိုမှမဖြစ်နိုင်တော့ဘူးနော်..

ဆုံတွေ့ရတဲ့အချိန်တိုင်းမှာ.ပျော်ရွှင်ကြည်နူးခဲ့ရ‌ပါတယ်.ရင်ထဲမှာ.ဘယ်တော့မှမေ့ပျောက်လို့ရမှာမဟုတ်ပါဘူးလေ.

လူတိုင်းလူတိုင်း..မလွန်နိုင်ပဲ တစ်နေ့တချိန်မှာသွားရမယ်ဆိုတာသိပေမယ့်လို့လည်း..နင်.ထွက်သွားတာ.မစောလွန်းဘူးလား..ချစ်သူ..

နောင်တများစွာနဲ့..နှမျော.တမ်းတမိတယ်တယ် ။

ငို ဖို့အတွက်.ရင်ထဲမှာ.ပူလောင်ပြီးဆို့တက်နေတယ်

ငါ.ငိုနေတဲ့အချိန်တိုင်း.ငါ့ဘေးမှာနှစ့်သိမ့်ပြီးမျက်ရည်တွေသုတ်ပေးနေတဲ့..နင်.

အကြောင်းတိုက်ဆိုင်တဲ့အခါ..တိတ်တခိုးတမ်းတရင်း..လွမ်းခွင့်လေးတော့ပေးပါ။

အခုရောက်ရှိနေတဲ့.ဘဝအသစ်လေးမှာ..အစစအရာအရာအဆင်ပြေပါစေ..

ကောင်းရာဘုံမှာ..အေးချမ်းစွာ..အိပ်စက်အနားယူနိုင်ပါစေလို့..ဆုတောင်းရင်း….

တစ်ချိန်က.မောင်ဖုန်းသိပ်ချစ်ခဲ့ရတဲ့မယ်ထွေးလေး…

မှီ


























မှီ