ကြေကွဲခြင်း
သူမရှိတော့ဘူးဆိုတဲ့အသိကကိုယ်ရင်ကို ပိုမောစေတာ။
တသက်တာနားခိုပါမယ်လို့ တွေးထားဖူးတဲ့ ရင်ခွင်ဟာ ခုတော့ တခြားသူတယောက်အတွက် အရိပ်ဖြစ်နေလေရဲ့။
ကိုယ်မဟုတ်တဲ့အခြားသူတစ်ယောက်ကို သူ့ရင်ခွင်မှာ ခိုလုံနေတာတွေ့တော့ မနာလိုဝန်တိုစိတ်ဟာ ကိုယ့်ရင်ကို အလုံးအရင်းအုံကြွလို့။
မတားမြစ်နိုင်တော့ပါဘူးလေ။ငေးကြည့်နေရုံပဲပေါ့။
နာကျင်မှုရဲ့ အတိန်အနက်ကို ကျန်ရက်ခဲ့သူတွေသာ သိတဲ့ခံစားချက်မျိုး။
သူ့တို့အပြုံးတွေ အသက်ဝင်တိုင်း ကိုယ်အပြုံးဟာ အသက်မဲ့လာတယ်။
ပြုံးရင်း ဝေ့လာတဲ့ မျည်ရည်စတွေဟာ မိုးပြိုမှာကို ကြိုသိနေတဲ့ လူတစ်ယောက်အဖြစ်ပါပဲ။
ကြိုးစားမေ့ပစ်ပါလို့မပြောနဲ့။ သူ့ကို ချစ်နေသေးသ၍ တဆစ်ဆစ်နာကျင်မှုဟာ ဖြေဆေးမှမရှိဘဲ။
မပို( ထီးလင်း)
ကြေကွဲခြင်း
မပို( ထီးလင်း)