“ခြံခုန်ရခြင်း အကြောင်းအရင်း”

“ခြံခုန်ရခြင်း အကြောင်းအရင်း”

တိမ်တွေရယ်လေငေးကြည့်နေတုန်းယုန်ပုံစံလေး တခဏအတွင်းလေရဲ့သယ်ရာ လွင့်ပါးပျက်ပြယ်

ဘယ်အရာမှ တည်မြဲမနေလောကမှာလေ ချစ်ခြင်းရဲ့အစထင်ကြတာပေါ့

သေသည်အထိအတူရှိမယ့်သူလို့လေ

အချိန်ကာလ ကြာလာကာမျှ နုပျိုရုပ်ဆင်း ပျက်ယွင်းလာခဲ့ ကလေးတာဝန် အိမ်ထောင့်တာဝန် ဝန်တာတွေကြား အရင်လောက်မလှ ခြံခုန်ကြတဲ့ ကျားတွေရယ်

ချစ်စဖွယ်မျက်နှာ ပိန်သွယ်နွဲ့နှောင်း ကောက်ကြောင်းမလှ ဇနီးမယား ရထားသူက အကိတ်မက်လို့ ခြံခုန်တယ်

ခပ်ဝဝ ခန္ဓာ ဇနီးမယား ရထားပြန်တော့ ပုံပျက်ပန်းပျက် ပြောဆိုရက်စက် အလှမက်စွာ ခြံခုန်တယ်

သားသမီးမရ ဇနီးမယားရထားပြန်တော့ ကလေးမရ အကြောင်းပြချက်နဲ့ ခြံခုန်တယ်

သမီး မွေး ထား ဇနီးမယား ရထားပြန်တော့ သားမ မွေး လို့တဲ့ ခြံခုန်တယ်

နည်းပညာများ တိုးတက်လာတဲ့ ဒီခေတ်ကြီးမှာ အေးဆေးရိုးသား ဇနီးမယား ရထားပြန်တော့

ငတုံးမဟု ဆိုပြောရက်စက် ခြံခုန်တယ်

လှပထက်မြတ် ငွေရှာတတ်တော့ သူ့အမိန့်နာခံ သူထားရာသာ နေစေလို၍ ခြံခုန်တယ်

အို…………… ခြံခုန်သူအပေါင်း ငရဲဝဋ်ခံ အလောင်းအလျာတို့ရယ်

အသင်တို့ရဲ့ အကြောင်းပြချက်က သောက်လေငတ်မပြေ ပင်လယ်ရေသို့ မရောင့်ရဲနိုင်ခြင်းသာ

သင်တို့မိဘ ထိခိုက်စကား မပြောကြားလို၍ အသက်ညှာဆုံး သုံးနှုန်းလိုက်သည်

တကယ်တော့လေ ဗီဇစိတ်ဓာတ် အညံ့စားနဲ့ ဆိုဆုံးမမှု နည်းပါးစွာသာ ကြီးပြင်းလာခဲ့

ဘာသာတရား အခြေခံ အားတွေ နည်းခဲ့ရတော့ စာနာစိတ်ထား မေတ္တာတရားလည်း ခေါင်းပါးလာပေါ့

မစာနာမညှာတတ်သော စိတ်သဘောနဲ့ တစ်ဘို့တည်းသာကြည့်တတ်ပါသော

ထိုသဘောအချင်းအရာ ခြံခုန်ရခြင်း အကြောင်းအရင်းတွေပါကွယ်

Myint Mo Thi Har

“ၿခံခုန္ရျခင္း အေၾကာင္းအရင္း”

တိမ္ေတြရယ္ေလေငးၾကည့္ေနတုန္းယုန္ပုံစံေလး တခဏအတြင္းေလရဲ႕သယ္ရာ လြင့္ပါးပ်က္ျပယ္

ဘယ္အရာမွ တည္ၿမဲမေနေလာကမွာေလ ခ်စ္ျခင္းရဲ႕အစထင္ၾကတာေပါ့

ေသသည္အထိအတူရွိမယ့္သူလို႔ေလ

အခ်ိန္ကာလ ၾကာလာကာမွ် ႏုပ်ိဳ႐ုပ္ဆင္း ပ်က္ယြင္းလာခဲ့ ကေလးတာဝန္ အိမ္ေထာင့္တာဝန္ ဝန္တာေတြၾကား အရင္ေလာက္မလွ ၿခံခုန္ၾကတဲ့ က်ားေတြရယ္

ခ်စ္စဖြယ္မ်က္ႏွာ ပိန္သြယ္ႏြဲ႕ေႏွာင္း ေကာက္ေၾကာင္းမလွ ဇနီးမယား ရထားသူက အကိတ္မက္လို႔ ၿခံခုန္တယ္

ခပ္ဝဝ ခႏၶာ ဇနီးမယား ရထားျပန္ေတာ့ ပုံပ်က္ပန္းပ်က္ ေျပာဆိုရက္စက္ အလွမက္စြာ ၿခံခုန္တယ္

သားသမီးမရ ဇနီးမယားရထားျပန္ေတာ့ ကေလးမရ အေၾကာင္းျပခ်က္နဲ႔ ၿခံခုန္တယ္

သမီး ေမြး ထား ဇနီးမယား ရထားျပန္ေတာ့ သားမ ေမြး လို႔တဲ့ ၿခံခုန္တယ္

နည္းပညာမ်ား တိုးတက္လာတဲ့ ဒီေခတ္ႀကီးမွာ ေအးေဆး႐ိုးသား ဇနီးမယား ရထားျပန္ေတာ့

ငတုံးမဟု ဆိုေျပာရက္စက္ ၿခံခုန္တယ္

လွပထက္ျမတ္ ေငြရွာတတ္ေတာ့ သူ႔အမိန္႔နာခံ သူထားရာသာ ေနေစလို၍ ၿခံခုန္တယ္

အို…………… ၿခံခုန္သူအေပါင္း ငရဲဝဋ္ခံ အေလာင္းအလ်ာတို႔ရယ္

အသင္တို႔ရဲ႕ အေၾကာင္းျပခ်က္က ေသာက္ေလငတ္မေျပ ပင္လယ္ေရသို႔ မေရာင့္ရဲႏိုင္ျခင္းသာ

သင္တို႔မိဘ ထိခိုက္စကား မေျပာၾကားလို၍ အသက္ညႇာဆုံး သုံးႏႈန္းလိုက္သည္

တကယ္ေတာ့ေလ ဗီဇစိတ္ဓာတ္ အညံ့စားနဲ႔ ဆိုဆုံးမမႈ နည္းပါးစြာသာ ႀကီးျပင္းလာခဲ့

ဘာသာတရား အေျခခံ အားေတြ နည္းခဲ့ရေတာ့ စာနာစိတ္ထား ေမတၱာတရားလည္း ေခါင္းပါးလာေပါ့

မစာနာမညႇာတတ္ေသာ စိတ္သေဘာနဲ႔ တစ္ဘို႔တည္းသာၾကည့္တတ္ပါေသာ

ထိုသေဘာအခ်င္းအရာ ၿခံခုန္ရျခင္း အေၾကာင္းအရင္းေတြပါကြယ္

Myint Mo Thi Har