ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား

ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား

လူတွေဟာ ချမ်းသာချင်ကြတယ်။ အခုမှမဟုတ်ပါဘူး။ ရှေးတုန်းကတည်းကပါ။ အင်္ဂုတ္တိုရ်နိကာယ်မှာ ဒီလိုဟောထားပါတယ်။

ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ ဒီဃဇာဏု ဆိုတဲ့အမျိုးသားဟာ “ဒီဘဝမှာ ချမ်းချမ်းသာသာနေချင်ပါတယ်၊ အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေကောင်းများရှိပါသလား” လို့ မေးလျှောက်ခဲ့ပါတယ်။

ဗုဒ္ဓက ရှိတယ်၊ ဒီဘဝအတွက် ဟိတသုခအခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကို ရစေနိုင်တဲ့ အချက် (၄) မျိုးရှိတယ်။

(၁) ဥဋ္ဌာနသမ္ပဒါ – ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကြိုးကြိုးစာစား တက်တက်ကြွကြွ လုပ်ကိုင်ရမယ်။

ကြိုးစားတိုင်းရသလားဆိုတော့ မရနိုင်ဘူး။ ဒက္ခ- လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်၊ အနလသ- ဇွဲကောင်းမှုရှိရမယ်။

ဥပါယဝီမံသ- နည်းပညာရှိရမယ်။ ကြိုးစားမှုရှိရုံတစ်ခုတည်းနှင့်တော့ မရဘူး။

ကြိုးစားမှုရှိတဲ့အထဲမှာ အရေးကြီးဆုံးအချက် (၃) ချက်ပါတယ်။

ကြိုးတော့ကြိုးစားတယ်၊ လုပ်ငန်းက မကျွမ်းကျင်ရင် မအောင်မြင်နိုင်ဘူး။ ကြိုးတော့ကြိုးစားတယ်၊ ဇွဲမကောင်းရင်လည်း မအောင်မြင်နိုင်ဘူး။ ကြိုးစားတယ်၊ နည်းပညာက နိမ့်ကျနေတယ်၊ စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေမရှိဘူး ဆိုရင်လည်း မအောင်မြင်နိုင်ဘူးတဲ့။ ဒါ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓက စီးပွားရေးမှာအောင်မြင်ဖို့ နည်းလမ်းညွှန်ပြပေးထားတာပါ။ ပိဋကတ်တော်တွေထဲမှာ ပါတဲ့တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊ နည်းပညာ၊ အဲဒီသုံးရပ်ပေါင်းစပ်ထားတဲ့ ကြိုးစားအားထုတ်မှုရှိရမယ်တဲ့။

(၂) အာရက္ခသမ္ပဒါ – ထိန်းသိမ်းစောင့်ရှောက်မှုရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ ထုတ်လုပ်နိုင်တယ်။

သို့သော် မထိန်းသိမ်းဘူးဆိုရင် အလေ့အလွင့်တွေများပြီးတော့ စီးပွားဥစ္စာတိုးသင့်သလောက် မတိုးဘူး။

အလုပ်လုပ်ပြီးရလာတဲ့ပစ္စည်းကို ရေကြောင့်၊ မီးကြောင့်၊ ရန်သူမျိုးငါးပါးကြောင့် မပျက်စီးအောင်၊ အလေ့အလွင့်မရှိအောင် သေချာစောင့်ရှောက်မှုဆိုတဲ့ အာရက္ခသမ္ပဒါတရားရှိဖို့ လိုသေးတယ်။

ဒါလည်း ဒုတိယအချက်အနေနဲ့ ယခုလက်ရှိဘဝမှာ စီးပွားတက်ဖို့ ဗုဒ္ဓက ဟောထားတာ။ ဒါလည်း အင်မတန်လိုအပ်တဲ့ အကြောင်းတရားပါ။

(၃) ကလျာဏမိတ္ထာ – မိတ်ဆွေကောင်းရှိရမယ်၊ စီးပွားရေးနဲ့ပတ်သက်ပြီး အကြံပေးမည့်သူ၊ အကျင့်စာရိတ္တကောင်းတဲ့သူ၊ အသိပညာရှိတဲ့သူ၊ စွန့်လွှတ်နိုင်တဲ့သူ၊ ယုံကြည်ရတဲ့သူ၊ ဒီလို မိတ်ဆွေကောင်းတွေ အင်မတန်မှ လိုအပ်ပါတယ်။

ဒီကနေ့ခေတ်ကြည့် … စီးပွားဥစ္စာ တိုးတက်နေတဲ့ပုဂ္ဂိုလ်တွေတိုင်းဟာ ဒီအခြေအနေကောင်းတွေ ရှိနေပါတယ်။ ကြိုးစားအားထုတ်မှုကြောင့် ပစ္စည်းဥစ္စာတွေ ရရှိလာမယ်။ ထိန်းထိန်းသိမ်းသိမ်းရှိတတ်လို့ စုဆောင်းမှုလည်းရှိလာမယ်။

သို့သော် မိတ်ဆွေကောင်းမရှိဘူးဆိုရင် အဲဒီပစ္စည်းတွေဟာ သဲထဲရေသွန်သလို အသုံးအဖြုန်းနဲ့ တစ်ခါတည်း ပျက်စီးဆုံးရှုံး သွားနိုင်တယ်။

(၄) သမဇီဝိတာ – နောက်ဆုံး စီးပွားရေးနဲ့ပတ်သက်ပြီး တကယ်လည်း အရေးကြီးဆုံးတစ်ချက်ကတော့ သမဇီဝိတာ- ရလာတဲ့ပစ္စည်းဥစ္စာ၊ ကိုယ်ထုတ်လုပ်တဲ့ပစ္စည်း၊ ကိုယ့်ရဲ့ဝင်ငွေထွက်ငွေနဲ့ပတ်သက်ရင် စာရင်းဇယား ခိုင်ခိုင်မာမာထားပြီးတော့ ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတ ဖြစ်နေဖို့ အရေးကြီးတယ်။

သမဇီဝိတဆိုတဲ့သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်းညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ်စီးပွားရေးပညာလိုပဲ ဝင်ငွေကများပြီးတော့ သုံးငွေ နည်းနေလို့မဖြစ်ဘူး။ သုံးငွေကများပြီးတော့ ဝင်ငွေတွေက နည်းနေလို့လည်းမဖြစ်ဘူး။ ထိုနှစ်ခုဟာ မျှမျှတတဖြစ်နေဖို့လိုတယ်။

မြတ်စွာဘုရားက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ကြိုးပမ်းမှု၊ အားထုတ်မှု၊ အလေအလွင့်မရှိအောင် ထိန်းသိမ်းမှု၊ မိတ်ဆွေကောင်းရှိမှု၊ ဝင်ငွေထွက်ငွေ မျှမျှတတသုံးစွဲမှုဆိုတဲ့ အချက်ကြီးလေးချက်ကို ဟောခဲ့ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှမဟုတ်ပါဘူး။ ဒီစည်းကမ်းအတိုင်း ဆောင်ရွက်မယ်ဆိုရင် စီးပွားရေးတိုးတက်လာမှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမသွားတော့ဘူး။ ဒါ ဒီဘဝမှာ ကောင်းတဲ့အခြေအနေတွေနဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်လေးချက်ပါပဲ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

(မြတ်ဗုဒ္ဓဒေသနာနှင့်ယနေ့ကမ္ဘာ တရားတော်မှ)

ဗုဒၶေဟာၾကား စီးပြားေအာင္ျမင္နည္းတရား

လူေတြဟာ ခ်မ္းသာခ်င္ၾကတယ္။ အခုမွမဟုတ္ပါဘူး။ ေရွးတုန္းကတည္းကပါ။ အဂၤုတၱိဳရ္နိကာယ္မွာ ဒီလိုေဟာထားပါတယ္။

ဗုဒၶလက္ထက္ေတာ္၊ ေကာလိယတိုင္း၊ ကကၠရပတၱၿမိဳ႕မွာ ဒီဃဇာဏု ဆိုတဲ့အမ်ိဳးသားဟာ “ဒီဘဝမွာ ခ်မ္းခ်မ္းသာသာေနခ်င္ပါတယ္၊ အဲဒီလို ျဖစ္ႏိုင္တဲ့ အေျခအေနေကာင္းမ်ားရွိပါသလား” လို႔ ေမးေလွ်ာက္ခဲ့ပါတယ္။

ဗုဒၶက ရွိတယ္၊ ဒီဘဝအတြက္ ဟိတသုခအေျခအေနေကာင္းေတြနဲ႔ ခ်မ္းသာသုခကို ရေစႏိုင္တဲ့ အခ်က္ (၄) မ်ိဳးရွိတယ္။

(၁) ဥ႒ာနသမၸဒါ – ကိုယ္လုပ္တဲ့လုပ္ငန္းနဲ႔ ပတ္သက္ၿပီးေတာ့ ႀကိဳးႀကိဳးစာစား တက္တက္ၾကြၾကြ လုပ္ကိုင္ရမယ္။

ႀကိဳးစားတိုင္းရသလားဆိုေတာ့ မရႏိုင္ဘူး။ ဒကၡ- လုပ္ငန္းကၽြမ္းက်င္မႈရွိရမယ္၊ အနလသ- ဇြဲေကာင္းမႈရွိရမယ္။

ဥပါယဝီမံသ- နည္းပညာရွိရမယ္။ ႀကိဳးစားမႈရွိရုံတစ္ခုတည္းႏွင့္ေတာ့ မရဘူး။

ႀကိဳးစားမႈရွိတဲ့အထဲမွာ အေရးႀကီးဆံုးအခ်က္ (၃) ခ်က္ပါတယ္။

ႀကိဳးေတာ့ႀကိဳးစားတယ္၊ လုပ္ငန္းက မကၽြမ္းက်င္ရင္ မေအာင္ျမင္ႏိုင္ဘူး။ ႀကိဳးေတာ့ႀကိဳးစားတယ္၊ ဇြဲမေကာင္းရင္လည္း မေအာင္ျမင္ႏိုင္ဘူး။ ႀကိဳးစားတယ္၊ နည္းပညာက နိမ့္က်ေနတယ္၊ စီမံခန္႔ခြဲႏိုင္တဲ့ စြမ္းအားေတြမရွိဘူး ဆိုရင္လည္း မေအာင္ျမင္ႏိုင္ဘူးတဲ့။ ဒါ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္က ဗုဒၶက စီးပြားေရးမွာေအာင္ျမင္ဖို႔ နည္းလမ္းညႊန္ျပေပးထားတာပါ။ ပိဋကတ္ေတာ္ေတြထဲမွာ ပါတဲ့တရားပါ။ လုပ္ငန္းက်ြမ္းက်င္မွဳ၊ ဇြဲေကာင္းမွဳ၊ နည္းပညာ၊ အဲဒီသံုးရပ္ေပါင္းစပ္ထားတဲ့ ႀကိဳးစားအားထုတ္မႈရွိရမယ္တဲ့။

(၂) အာရကၡသမၸဒါ – ထိန္းသိမ္းေစာင့္ေရွာက္မႈရွိရမယ္။ ေလာကမွာ စီးပြားဥစၥာေတြနဲ႔ ေငြေၾကးဓနေျမာက္ျမားစြာ ထုတ္လုပ္ႏိုင္တယ္။

သို႔ေသာ္ မထိန္းသိမ္းဘူးဆိုရင္ အေလ့အလြင့္ေတြမ်ားၿပီးေတာ့ စီးပြားဥစၥာတိုးသင့္သေလာက္ မတိုးဘူး။

အလုပ္လုပ္ၿပီးရလာတဲ့ပစၥည္းကို ေရေၾကာင့္၊ မီးေၾကာင့္၊ ရန္သူမ်ိဳးငါးပါးေၾကာင့္ မပ်က္စီးေအာင္၊ အေလ့အလြင့္မရွိေအာင္ ေသခ်ာေစာင့္ေရွာက္မႈဆိုတဲ့ အာရကၡသမၸဒါတရားရွိဖို႔ လိုေသးတယ္။

ဒါလည္း ဒုတိယအခ်က္အေနနဲ႔ ယခုလက္ရွိဘဝမွာ စီးပြားတက္ဖို႔ ဗုဒၶက ေဟာထားတာ။ ဒါလည္း အင္မတန္လိုအပ္တဲ့ အေၾကာင္းတရားပါ။

(၃) ကလ်ာဏမိတၳာ – မိတ္ေဆြေကာင္းရွိရမယ္၊ စီးပြားေရးနဲ႔ပတ္သက္ၿပီး အႀကံေပးမည့္သူ၊ အက်င့္စာရိတၱေကာင္းတဲ့သူ၊ အသိပညာရွိတဲ့သူ၊ စြန္႔လႊတ္ႏိုင္တဲ့သူ၊ ယံုၾကည္ရတဲ့သူ၊ ဒီလို မိတ္ေဆြေကာင္းေတြ အင္မတန္မွ လိုအပ္ပါတယ္။

ဒီကေန႔ေခတ္ၾကည့္ … စီးပြားဥစၥာ တိုးတက္ေနတဲ့ပုဂၢိဳလ္ေတြတိုင္းဟာ ဒီအေျခအေနေကာင္းေတြ ရွိေနပါတယ္။ ႀကိဳးစားအားထုတ္မႈေၾကာင့္ ပစၥည္းဥစၥာေတြ ရရွိလာမယ္။ ထိန္းထိန္းသိမ္းသိမ္းရွိတတ္လို႔ စုေဆာင္းမႈလည္းရွိလာမယ္။

သို႔ေသာ္ မိတ္ေဆြေကာင္းမရွိဘူးဆိုရင္ အဲဒီပစၥည္းေတြဟာ သဲထဲေရသြန္သလို အသံုးအျဖဳန္းနဲ႔ တစ္ခါတည္း ပ်က္စီးဆံုးရွဳံး သြားႏိုင္တယ္။

(၄) သမဇီဝိတာ – ေနာက္ဆံုး စီးပြားေရးနဲ႔ပတ္သက္ၿပီး တကယ္လည္း အေရးႀကီးဆံုးတစ္ခ်က္ကေတာ့ သမဇီဝိတာ- ရလာတဲ့ပစၥည္းဥစၥာ၊ ကိုယ္ထုတ္လုပ္တဲ့ပစၥည္း၊ ကိုယ့္ရဲ႕ဝင္ေငြထြက္ေငြနဲ႔ပတ္သက္ရင္ စာရင္းဇယား ခိုင္ခိုင္မာမာထားၿပီးေတာ့ ဝင္ေငြႏွင့္ ထြက္ေငြ အၿမဲတမ္း မွ်မွ်တတ ျဖစ္ေနဖို႔ အေရးႀကီးတယ္။

သမဇီဝိတဆိုတဲ့သေဘာက ဝင္ေငြႏွင့္ ထြက္ေငြ အၿမဲတမ္းညွိၿပီးေတာ့ သံုးစြဲတဲ့ အခုေခတ္စီးပြားေရးပညာလိုပဲ ဝင္ေငြကမ်ားၿပီးေတာ့ သံုးေငြ နည္းေနလို႔မျဖစ္ဘူး။ သံုးေငြကမ်ားၿပီးေတာ့ ဝင္ေငြေတြက နည္းေနလို႔လည္းမျဖစ္ဘူး။ ထိုႏွစ္ခုဟာ မွ်မွ်တတျဖစ္ေနဖို႔လိုတယ္။

ျမတ္စြာဘုရားက လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္ကတည္းက ႀကိဳးပမ္းမွဳ၊ အားထုတ္မွဳ၊ အေလအလြင့္မရွိေအာင္ ထိန္းသိမ္းမွဳ၊ မိတ္ေဆြေကာင္းရွိမွဳ၊ ဝင္ေငြထြက္ေငြ မွ်မွ်တတသံုးစြဲမွဳဆိုတဲ့ အခ်က္ႀကီးေလးခ်က္ကို ေဟာခဲ့ပါတယ္။

ဘယ္သူပဲျဖစ္ျဖစ္ ဗုဒၶဘာသာဝင္မွမဟုတ္ပါဘူး။ ဒီစည္းကမ္းအတိုင္း ေဆာင္ရြက္မယ္ဆိုရင္ စီးပြားေရးတိုးတက္လာမွာပဲ။ အမ်ားႀကီးမတိုးတက္ေတာင္ ပ်က္စီးမသြားေတာ့ဘူး။ ဒါ ဒီဘဝမွာ ေကာင္းတဲ့အေျခအေနေတြနဲ႔ ခ်မ္းသာသုခကို ေပးစြမ္းႏိုင္တဲ့ အခ်က္ေလးခ်က္ပါပဲ။

ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ

(ျမတ္ဗုဒၶေဒသနာႏွင့္ယေန႔ကမၻာ တရားေတာ္မွ)