ဒါနဆိုတာ လုပ်မိအောင်လုပ်ပါ။
ဒါနဆိုတာ ပိုက်ဆံ ချမ်းသာမှ လုပ်လို့ရတယ်လို့လည်း မတွက်လေနဲ့။
ကိုယ်စားနေတဲ့အထဲက လှူတာလည်း ဒါနပဲနော်။
တစ်နေ့ကို ထမင်းတစ်လုပ်လျော့စားလို့ ပိန်တဲ့သူ မရှိပါဘူး။ တစ်ချို့ ဝိတ်တောင်ချနေတယ်။
အဲဒီ ဝိတ်ချတဲ့အထဲကလည်း လှူလို့ရတာပဲ။ အဲဒီတော့ ဒါနကောင်းမှုဆိုတာ လုပ်တတ်ရင် ဖြစ်ပါတယ်။
မြတ်စွာဘုရားက ဘယ်လောက်ထိ ဟောထားတုန်းဆိုတော့
ကိုယ့်ရဲ့စားကြွင်းစားကျန် အိုးခွက်ကလေးဘာလေး ဆေးကြောတာကအစ သွန်တဲ့အခါမှာ ” တိရိစ္ဆာန်လေးတွေ စားကြပါစေ ” လို့ အာရုံပြုလိုက်ပါတဲ့။
အဲဒီဒါနရဲ့အကျိုးက ကိုယ့်ဆီရောက်တာပဲ။
အဂုၤတ္တရနိကာယ်၊ ဝစ္ဆဂေါတ္တသုတ်မှာ ဟောထားတယ်။
မြတ်စွာဘုရားက … ဒါနနဲ့ပတ်သက်ပြီး အဲဒီလောက်ထိအောင် ဟောထားတာနော်။
အဲဒီတော့ ဒါနဖြစ်ဖို့ဆိုတာ ပိုက်ဆံချမ်းသာမှ ဖြစ်တာမဟုတ်ဘူး။
ပိုက်ဆံချမ်းသာမှ ဒါနလုပ်နိုင်တာ မဟုတ်ဘူး။ အားလုံး လုပ်နိုင်ကြတယ်။
ကောင်းပြီ….ဒါနဆိုတာ လုပ်မိအောင်လုပ်ပါ။ ကိုယ့်အတိုင်းအတာအရ … ဒါနဆိုတာ လုပ်ရမယ်။
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဒါနဆိုတာ လုပ္မိေအာင္လုပ္ပါ။
ဒါနဆိုတာ ပိုက္ဆံ ခ်မ္းသာမွ လုပ္လို႔ရတယ္လို႔လည္း မတြက္ေလနဲ႔။
ကိုယ္စားေနတဲ႔အထဲက လႉတာလည္း ဒါနပဲေနာ္။
တစ္ေန႔ကို ထမင္းတစ္လုပ္ေလ်ာ႔စားလို႔ ပိန္တဲ႔သူ မ႐ွိပါဘူး။ တစ္ခ်ိဳ႕ ဝိတ္ေတာင္ခ်ေနတယ္။
အဲဒီ ဝိတ္ခ်တဲ႔အထဲကလည္း လႉလို႔ရတာပဲ။ အဲဒီေတာ႔ ဒါနေကာင္းမႈဆိုတာ လုပ္တတ္ရင္ ျဖစ္ပါတယ္။
ျမတ္စြာဘုရားက ဘယ္ေလာက္ထိ ေဟာထားတုန္းဆိုေတာ႕
ကိုယ့္ရဲ႕စားႀကြင္းစားက်န္ အိုးခြက္ကေလးဘာေလး ေဆးေၾကာတာကအစ သြန္တဲ႔အခါမွာ ” တိရိစၦာန္ေလးေတြ စားၾကပါေစ ” လို႔ အာရံုျပဳလိုက္ပါတဲ႔။
အဲဒီဒါနရဲ႕အက်ိဳးက ကိုယ့္ဆီေရာက္တာပဲ။
အဂုၤတၱရနိကာယ္၊ ဝစၦေဂါတၱသုတ္မွာ ေဟာထားတယ္။
ျမတ္စြာဘုရားက … ဒါနနဲ႔ပတ္သက္ၿပီး အဲဒီေလာက္ထိေအာင္ ေဟာထားတာေနာ္။
အဲဒီေတာ႔ ဒါနျဖစ္ဖို႔ဆိုတာ ပိုက္ဆံခ်မ္းသာမွ ျဖစ္တာမဟုတ္ဘူး။
ပိုက္ဆံခ်မ္းသာမွ ဒါနလုပ္ႏိုင္တာ မဟုတ္ဘူး။ အားလံုး လုပ္ႏိုင္ၾကတယ္။
ေကာင္းၿပီ….ဒါနဆိုတာ လုပ္မိေအာင္လုပ္ပါ။ ကိုယ့္အတိုင္းအတာအရ … ဒါနဆိုတာ လုပ္ရမယ္။
ဆရာေတာ္ေဒါက္တာအ႐ွင္နႏၵမာလာဘိဝံသ