ပညာရှိလို့ မာန်မာနတွေ ပိုတက်သွားတယ် ဆိုတာ လုံလောက်အောင် ပညာမရှိလို့ပဲလို့ မှတ်ရမယ်။

ပညာရှိလို့ မာန်မာနတွေ ပိုတက်သွားတယ် ဆိုတာ လုံလောက်အောင် ပညာမရှိလို့ပဲလို့ မှတ်ရမယ်။ အဆန်ပြည့်တဲ့စပါးတွေ ငိုက်ကျသွားသလိုပဲ။

ပညာရှိတဲ့ ပုဂ္ဂိုလ်က အားလုံးကို လေးစားနိုင်တဲ့ အနေအထားမျိုးရောက်သွားတယ်တဲ့။

အဆန်မဲ့တဲ့ စပါးသည် ထောင် သလို မတတ်တတတ် ပညာမရှိတဲ့ ပုဂ္ဂိုလ်က ဆောင့်ကြွား ကြွား မာန်မာနတရားတွေ တက်ကြွ လာတတ် တယ်တဲ့။

အဲဒီတော့ ဘုရားရဲ့ တရားတော်တွေကို လေ့လာ ကျင့်သုံးတဲ့အခါ တကယ် တရားသိပြီဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားက ဘယ်လို ရှိသလဲဆိုလျှင် ဥပမာ သောတာပန် ဖြစ်သွားပြီ ဆိုသူရဲ့ စိတ်ဓါတ်က “သူသိတဲ့ တရားဓမ္မတွေကို တလောကလုံး သိစေ ချင်တယ်”၊ သို့သော် သူလျှို့ဝှက်ချင်တာက သူ့ရဲ့ အရည် အချင်းပဲ။ ဘယ်လောက်အထိ လျှို့ဝှက်ချင်သလဲဆိုရင် သူပိုင်တဲ့ ရွှေအိုး လူမြင်မှာ စိုးသလိုဖြစ်တယ်။

အေး အဲဒီလို မဟုတ်ဘဲ ကိုယ့်အရည်အချင်း လူတကာကို ပြချင်တဲ့ ပုဂ္ဂိုလ်ဟာ ရွှေတုလိုပဲ မှတ်ရမယ်။

သောတာပန် ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားက(၂) ခု ရှိတယ်။

သူသိတဲ့တရားကို တလောကလုံးက လူတွေ သိစေချင်တယ်။

သူ့ရဲ့ အရည်အချင်းကို ရွှေအိုးလို ဝှက်ထားချင်တယ်။ သူ့လိုတော့ ဖြစ်စေချင်တယ်။

သို့သော် သူ ဒီအရည်အချင်းတွေ ရှိပါတယ်ဆိုတာတော့ မပြဘူး။ ဒါ ပြောတာနော်။အဲဒါ သောတာပန် ပုဂ္ဂိုလ်ရဲ့ စိတ်ဓါတ်ပဲ။

သူတော်ကောင်းရဲ့ စိတ်ဓါတ်ကလည်း အဲဒီအတိုင်းရှိတယ်လို့ ပြောတာ။

သူတော်စင်ဖြစ်လို့ တရားဓမ္မ သိသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်အမူ အရာ နှုတ်အမူအရာသည် ဆောင့်ကြွားကြွား မရှိဘဲ ငြိမ်သက်အေးချမ်းတဲ့ အမူအရာ ရှိလာတယ် ဆိုတာထင်ရှားတယ်။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ပညာရွိလို႔ မာန္မာနေတြ ပိုတက္သြားတယ္ ဆိုတာ လုံေလာက္ေအာင္ ပညာမရွိလို႔ပဲလို႔ မွတ္ရမယ္။ အဆန္ျပည့္တဲ့စပါးေတြ ငိုက္က်သြားသလိုပဲ။

ပညာရွိတဲ့ ပုဂၢိဳလ္က အားလုံးကို ေလးစားႏိုင္တဲ့ အေနအထားမ်ိဳးေရာက္သြားတယ္တဲ့။

အဆန္မဲ့တဲ့ စပါးသည္ ေထာင္ သလို မတတ္တတတ္ ပညာမရွိတဲ့ ပုဂၢိဳလ္က ေဆာင့္ႂကြား ႂကြား မာန္မာနတရားေတြ တက္ႂကြ လာတတ္ တယ္တဲ့။

အဲဒီေတာ့ ဘုရားရဲ႕ တရားေတာ္ေတြကို ေလ့လာ က်င့္သုံးတဲ့အခါ တကယ္ တရားသိၿပီဆိုတဲ့ ပုဂၢိဳလ္ရဲ႕ စိတ္ေနစိတ္ထားက ဘယ္လို ရွိသလဲဆိုလွ်င္ ဥပမာ ေသာတာပန္ ျဖစ္သြားၿပီ ဆိုသူရဲ႕ စိတ္ဓါတ္က “သူသိတဲ့ တရားဓမၼေတြကို တေလာကလုံး သိေစ ခ်င္တယ္”၊ သို႔ေသာ္ သူလွ်ိဳ႕ဝွက္ခ်င္တာက သူ့ရဲ႕ အရည္ အခ်င္းပဲ။ ဘယ္ေလာက္အထိ လွ်ိဳ႕ဝွက္ခ်င္သလဲဆိုရင္ သူပိုင္တဲ့ ေရႊအိုး လူျမင္မွာ စိုးသလိုျဖစ္တယ္။

ေအး အဲဒီလို မဟုတ္ဘဲ ကိုယ့္အရည္အခ်င္း လူတကာကို ျပခ်င္တဲ့ ပုဂၢိဳလ္ဟာ ေရႊတုလိုပဲ မွတ္ရမယ္။

ေသာတာပန္ ပုဂၢိဳလ္ရဲ႕ စိတ္ေနစိတ္ထားက(၂) ခု ရွိတယ္။

သူသိတဲ့တရားကို တေလာကလုံးက လူေတြ သိေစခ်င္တယ္။

သူ့ရဲ႕ အရည္အခ်င္းကို ေရႊအိုးလို ဝွက္ထားခ်င္တယ္။ သူ့လိုေတာ့ ျဖစ္ေစခ်င္တယ္။

သို႔ေသာ္ သူ ဒီအရည္အခ်င္းေတြ ရွိပါတယ္ဆိုတာေတာ့ မျပဘူး။ ဒါ ေျပာတာေနာ္။အဲဒါ ေသာတာပန္ ပုဂၢိဳလ္ရဲ႕ စိတ္ဓါတ္ပဲ။

သူေတာ္ေကာင္းရဲ႕ စိတ္ဓါတ္ကလည္း အဲဒီအတိုင္းရွိတယ္လို႔ ေျပာတာ။

သူေတာ္စင္ျဖစ္လို႔ တရားဓမၼ သိသြားတဲ့ ပုဂၢိဳလ္တစ္ေယာက္ရဲ႕ ကိုယ္အမူ အရာ ႏႈတ္အမူအရာသည္ ေဆာင့္ႂကြားႂကြား မရွိဘဲ ၿငိမ္သက္ေအးခ်မ္းတဲ့ အမူအရာ ရွိလာတယ္ ဆိုတာထင္ရွားတယ္။

ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ