စိတ္ထားေကာင္းလြန္းသူေတြ အျမဲလိုလိုက်ူးလြန္မိတတ္တဲ့ အမွား(၅)မ်ိဳး

လူတစ္ေယာက္ဟာ ဘဝမွာေအာင္ျမင္ဖို႕၊ ပညာတတ္ဖို႕ဆိုတာေတြထက္ စိတ္ရင္းေကာင္းဖို႕က အေရးၾကီးဆံုးျဖစ္ပါတယ္။ လူတစ္ေယာက္က ဘယ္ေလာက္ပဲေတာ္ေတာ္ စိတ္ထားမေကာင္းဘူးဆိုရင္ သံုးစားလို႕မရပါဘူး။ ဒါေပမယ့္ လူတစ္ေယာက္က စိတ္ထားေကာင္းလြန္းျပန္ရင္လည္း ထင္မွတ္မထားတဲ့အမွားေလးေတြကို လုပ္မိတတ္ပါတယ္။ စိတ္ထားေကာင္းလြန္းသူေတြ အျမဲလိုလိုလုပ္မိတတ္တဲ့အမွားေတြကေတာ့ ….

(၁) ခြင့္လႊတ္ဖို႕မထိုက္တန္တဲ့သူကိုခြင့္လႊတ္မိတာ

freepik

ကိုယ့္အေပၚအမွားလုပ္တဲ့သူကို ခြင့္လႊတ္လို္က္ပါ လို႕ လူေတြက အၾကံေပးၾကေပမယ့္ အဲ့ဒီလူက ကိုယ့္ရဲ႕ခြင့္လႊတ္မႈနဲ႕ထိုက္တန္ဖို႕လည္း လိုပါေသးတယ္။ ခြင့္လႊတ္ဖို႕မထိုက္တန္တဲ့သူကို ခြင့္လႊတ္လိုက္တဲ့အခါ ေနာက္ထပ္အမွားေတြ ထပ္ထပ္ျပီးက်ူးလြန္ေအာင္ အခြင့္အေရးေပးလိုက္သလိုပါပဲ။ ဒါေၾကာင့္ အမွားက်ူးလြန္တဲ့သူကို အမွားနဲ႕တန္တဲ့အျပစ္ေပးရပါမယ္။ အျမဲတမ္း စိတ္ေကာင္းထားျပီး ခြင့္လႊတ္ေနလို႕မရပါဘူး။

(၂) သည္းခံစရာမလိုတာေတြကိုပါသည္းခံေနတာ

ေနရာတကာမွာ နဂါးမွန္းသိေအာင္ အေမာက္ေထာင္ျပေနစရာမလိုပါဘူး။ ဒါေပမယ့္ အျမဲတမ္းလည္း သည္းခံေနစရာမလိုပါဘူး။ ကိုယ့္ရဲ႕သိကၡာကိုထိခို္က္တာ၊ ကိုယ့္ရဲ႕ မိသားစုကိုေစာ္ကားတာ၊ ကိုယ့္ရဲ႕အလုပ္အကိုင္နဲ႕ပတ္သက္လို႕ တမင္တကာနွိမ့္ခ်တာေတြကို ပါးစပ္ပိတ္ျပီး ျငိမ္ခံမေနသင့္ပါဘူး။ ေနရာတကာ စိတ္ထားေကာင္းမြန္ျမင့္ျမတ္ေနဖို႕မလိုပါဘူး။

(၃) အကူအညီလာေတာင္းတိုင္း မျငင္းတတ္တာ

freepik

အားနာတတ္တာကလည္း စိတ္ထားေကာင္းသူေတြရဲ႕ အားနည္းခ်က္တစ္ခုပါပဲ။ကူညီတတ္တာေကာင္းပါတယ္။ ဒါေပမယ့္ အားနာတတ္လြန္းျပီး အကူအညီလာေတာင္းတိုင္းမျငင္းဘဲ၊ ကိုယ္အဆင္မေျပတာကို ဖြင့္မေျပာဘဲ သူမ်ားအခက္အခဲကို ကိုယ့္အခက္အခဲအျဖစ္ခံျပီး ကူညီတာကေတာ့ ကိုယ့္ဒုကၡကိုယ္ရွာတာပါပဲ။

(၄) ကိုယ့္ကိုယ္ကိုဦးစားေပးတာကိုမွားတယ္လို႕ထင္ေနတာ

လူတိုင္းက ကိုယ့္ကိုယ္ကိုအခ်စ္ဆံုး၊ အရာအားလံုးထက္ ဦးစားေပးဆံုးပါ။ ဒါေပမယ့္ စိတ္ထားေကာင္းတဲ့သူေတြက ကိုယ့္ကိုယ္ကိုထက္ သူမ်ားကို ဦးစားေပးတတ္ၾကပါတယ္။ တျခားသူေတြထက္ ကိုယ့္ကိုယ္ကိုဦးစားေပးတာက မျဖစ္သင့္ဘူး၊ အျပစ္ရွိတယ္လို႕ ခံစားေနရတာပါ။ ဒီလိုစိတ္မ်ိဳးက ကိုယ့္အတြက္ စိတ္ဖိစီးမႈကိုျဖစ္ေစပါတယ္။

(၅) ကိုယ့္ကိုယ္ကို အျမဲသံသယဝင္ေနတာ

lonely girl near window thinking about something. beautiful sad lonely girl sitting near the window is missing

စိတ္ထားေကာင္းတဲ့သူေတြအျမဲၾကံုေတြ႕ရတဲ့ျပႆနာတစ္ခုက ကိုယ္ကသူမ်ားအေပၚဘယ္ေလာက္ေကာင္းေကာင္း လံုေလာက္တယ္လို႕ မထင္တာပါ။ ကိုယ္က လူတစ္ဖက္သားအေပၚတကယ္ေကာင္းရဲ႕လား၊ သူ႕အေပၚ မေကာင္းတဲ့စိတ္၊ မနာလိုစိတ္ မ်ားျဖစ္ေနမိျပီလား၊ စသျဖင့္ ကိုယ့္ကိုယ္ကိုသံသယဝင္ျပီး စိတ္မေကာင္းျဖစ္ေနတတ္တာပါ။ စိတ္ထားမေကာင္းတဲ့သူေတြကေတာ့ အဲ့လိုစိတ္မ်ိဳးျဖစ္ဖို႕ေနေနသာသာ ကိုယ္လုပ္သမွ်၊ ကိုယ္ျဖစ္သမွ် အားလံုးက သူမ်ားအျပစ္လို႕ထင္ျပီး ကိုယ့္အမွားအတြက္ တျခားသူကို အျပစ္တင္တတ္ပါေသးတယ္။

written by PP

လူတစ်ယောက်ဟာ ဘဝမှာအောင်မြင်ဖို့၊ ပညာတတ်ဖို့ဆိုတာတွေထက် စိတ်ရင်းကောင်းဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲတော်တော် စိတ်ထားမကောင်းဘူးဆိုရင် သုံးစားလို့မရပါဘူး။ ဒါပေမယ့် လူတစ်ယောက်က စိတ်ထားကောင်းလွန်းပြန်ရင်လည်း ထင်မှတ်မထားတဲ့အမှားလေးတွေကို လုပ်မိတတ်ပါတယ်။ စိတ်ထားကောင်းလွန်းသူတွေ အမြဲလိုလိုလုပ်မိတတ်တဲ့အမှားတွေကတော့ ….

(၁) ခွင့်လွှတ်ဖို့မထိုက်တန်တဲ့သူကိုခွင့်လွှတ်မိတာ

ကိုယ့်အပေါ်အမှားလုပ်တဲ့သူကို ခွင့်လွှတ်လိုက်ပါ လို့ လူတွေက အကြံပေးကြပေမယ့် အဲ့ဒီလူက ကိုယ့်ရဲ့ခွင့်လွှတ်မှုနဲ့ထိုက်တန်ဖို့လည်း လိုပါသေးတယ်။ ခွင့်လွှတ်ဖို့မထိုက်တန်တဲ့သူကို ခွင့်လွှတ်လိုက်တဲ့အခါ နောက်ထပ်အမှားတွေ ထပ်ထပ်ပြီးကျူးလွန်အောင် အခွင့်အရေးပေးလိုက်သလိုပါပဲ။ ဒါကြောင့် အမှားကျူးလွန်တဲ့သူကို အမှားနဲ့တန်တဲ့အပြစ်ပေးရပါမယ်။ အမြဲတမ်း စိတ်ကောင်းထားပြီး ခွင့်လွှတ်နေလို့မရပါဘူး။

(၂) သည်းခံစရာမလိုတာတွေကိုပါသည်းခံနေတာ

နေရာတကာမှာ နဂါးမှန်းသိအောင် အမောက်ထောင်ပြနေစရာမလိုပါဘူး။ ဒါပေမယ့် အမြဲတမ်းလည်း သည်းခံနေစရာမလိုပါဘူး။ ကိုယ့်ရဲ့သိက္ခာကိုထိခိုက်တာ၊ ကိုယ့်ရဲ့ မိသားစုကိုစော်ကားတာ၊ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ပတ်သက်လို့ တမင်တကာနှိမ့်ချတာတွေကို ပါးစပ်ပိတ်ပြီး ငြိမ်ခံမနေသင့်ပါဘူး။ နေရာတကာ စိတ်ထားကောင်းမွန်မြင့်မြတ်နေဖို့မလိုပါဘူး။

(၃) အကူအညီလာတောင်းတိုင်း မငြင်းတတ်တာ

အားနာတတ်တာကလည်း စိတ်ထားကောင်းသူတွေရဲ့ အားနည်းချက်တစ်ခုပါပဲ။ကူညီတတ်တာကောင်းပါတယ်။ ဒါပေမယ့် အားနာတတ်လွန်းပြီး အကူအညီလာတောင်းတိုင်းမငြင်းဘဲ၊ ကိုယ်အဆင်မပြေတာကို ဖွင့်မပြောဘဲ သူများအခက်အခဲကို ကိုယ့်အခက်အခဲအဖြစ်ခံပြီး ကူညီတာကတော့ ကိုယ့်ဒုက္ခကိုယ်ရှာတာပါပဲ။

(၄) ကိုယ့်ကိုယ်ကိုဦးစားပေးတာကိုမှားတယ်လို့ထင်နေတာ

လူတိုင်းက ကိုယ့်ကိုယ်ကိုအချစ်ဆုံး၊ အရာအားလုံးထက် ဦးစားပေးဆုံးပါ။ ဒါပေမယ့် စိတ်ထားကောင်းတဲ့သူတွေက ကိုယ့်ကိုယ်ကိုထက် သူများကို ဦးစားပေးတတ်ကြပါတယ်။ တခြားသူတွေထက် ကိုယ့်ကိုယ်ကိုဦးစားပေးတာက မဖြစ်သင့်ဘူး၊ အပြစ်ရှိတယ်လို့ ခံစားနေရတာပါ။ ဒီလိုစိတ်မျိုးက ကိုယ့်အတွက် စိတ်ဖိစီးမှုကိုဖြစ်စေပါတယ်။

(၅) ကိုယ့်ကိုယ်ကို အမြဲသံသယဝင်နေတာ

စိတ်ထားကောင်းတဲ့သူတွေအမြဲကြုံတွေ့ရတဲ့ပြဿနာတစ်ခုက ကိုယ်ကသူများအပေါ်ဘယ်လောက်ကောင်းကောင်း လုံလောက်တယ်လို့ မထင်တာပါ။ ကိုယ်က လူတစ်ဖက်သားအပေါ်တကယ်ကောင်းရဲ့လား၊ သူ့အပေါ် မကောင်းတဲ့စိတ်၊ မနာလိုစိတ် များဖြစ်နေမိပြီလား၊ စသဖြင့် ကိုယ့်ကိုယ်ကိုသံသယဝင်ပြီး စိတ်မကောင်းဖြစ်နေတတ်တာပါ။ စိတ်ထားမကောင်းတဲ့သူတွေကတော့ အဲ့လိုစိတ်မျိုးဖြစ်ဖို့နေနေသာသာ ကိုယ်လုပ်သမျှ၊ ကိုယ်ဖြစ်သမျှ အားလုံးက သူများအပြစ်လို့ထင်ပြီး ကိုယ့်အမှားအတွက် တခြားသူကို အပြစ်တင်တတ်ပါသေးတယ်။

written by PP