ကံကြောင့်ရရှိတဲ့ ကောင်းကျိုးဆိုးပြစ်

ကံကြောင့်ရရှိတဲ့ ကောင်းကျိုးဆိုးပြစ်

မျက်ကွယ်မှာ ချီးမွမ်းခံရတယ်။

“ဒီပုဂ္ဂိုလ် သိပ်တော်တယ်။ ဒီပုဂ္ဂိုလ်သိပ်တော် တယ်” စသည်ဖြင့် မိမိရဲ့မျက်ကွယ်မှာအချီးမွမ်းခံရတယ်။

ဂုဏ်သတင်းတွေ သိပ်ပြီးတော့ ပျံ့လှိုင်နေတယ်၊။ ကျော်စောနေတယ်။ထင်ရှားနေတယ်။ ဘာကြောင့်လဲ။

ပြုလုပ်ခဲ့တဲ့ ကံတွေပဲ။ အဲဒီကံတွေသည် ဒီဘ၀ ပြုလုပ်တဲ့ ကံတွေလည်း ဖြစ်ချင်ဖြစ်မယ်။

အတိတ်ဘ၀ ထိုထိုက ပြုလုပ်ခဲ့တဲ့ကံတွေလည်း ဖြစ်ချင်ဖြစ်မယ်။

အတိတ်ဘ၀ ကံတွေအပေါ်မှာလည်း အခြေစိုက်ပါတယ်။

ယခုဘ၀ ပစ္စုပ္ပန်မှာ ပြုစုပျိုးထောင်နေတဲ့ကံတွေအပေါ်မှာလည်း အခြေစိုက်ပါတယ်။

ဘုန်းကြီးတို့ရဲ့ ဂေါတမမြတ်စွာဘုရားကို ကြည့်ပေါ့။

ဒီနေ့ လူ့လောကကိုပြန်ပြီး ဆန်းစစ်ကြည့် မယ်ဆိုရင် သာသနာတော် (၂၅၀၀)ကျော်ခဲ့ပြီ ဖြစ်တော့ …

အဲဒီ (၂၅၀၀) အတွင်းမှာ ဘုန်းကြီးတို့ မြတ်စွာ ဘုရားရှင်ကဲ့သို့ ကျော်စောဂုဏ် သတင်းတွေ ဗြဟ္မာ့ဘုံတိုင်အောင် ပြန့်နှံ့ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်ဆိုတာ ရှိသလား။ မရှိဘူး။

ဘာကိုအခြေစိုက်တာလဲ။ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း တိုင်တိုင် ပါရမီတွေကို ဖြည့်ကျင့်ပြီး တော့ သဗ္ဗညုတဉာဏ်ကို ရအောင်ယူခဲ့တဲ့ ကံ တွေအပေါ်မှာ အခြေစိုက်တယ်။

ဒီကံတွေကြောင့် မြတ်စွာဘုရားရဲ့ ကျော်စော သတင်းတွေက မဆံ့ ဘဝဂ် ပြန့်နှံ့ပြီးတော့ တက်သွားတယ်။

ဒီတော့ ဒီနေ့ လူ့လောကကြီးမှာ နာမည်ကြီး နေတယ်။ ဒင်းကတော့ နာမည်ကြီးမှာပေါ့ ဆိုပြီးတော့ လိုက်ပြီး မေးငေါ့နေဖို့ လိုသေး သလား။ မလိုပါဘူး။

သူက နာမည်ကြီးလောက်တဲ့ ကံတွေကို ပြုစုပျိုးထောင်ခဲ့တယ်။

နာမည်ကြီးလောက်တဲ့ ကံတွေကို ပြုစုပျိုးထောင်ခဲ့တဲ့အတွက် အချီးမွမ်းခံရမည့် ကံတွေကိုပြုစုပျိုးထောင်ခဲ့တဲ့အတွက် သူချီးမွမ်းခံရတာကို မိမိက မနာလိုဝန်တို ဖြစ်ခဲ့ ရင် မိမိမှာ အကုသိုလ်တရား တိုးပွားနေတာပဲ။

နောက်တစ်ခု…မျက်မှောက်မှာလည်း အချီးမွမ်းခံရတယ်။ မျက်ကွယ်မှာလည်း အချီးမွမ်းခံရတယ်။ဘာကိုအခြေစိုက်သလဲ။ ကံပဲ။

အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံ ဒီဘဝမှာ ပြုစုပျိုးထောင်နေတဲ့ ကံ အဲဒီကံတွေကြောင့် အချီးမွမ်းခံရတယ်။

စည်းစိမ်ဥစ္စာတွေ တချို့ သိပ်ပြီးတော့ ပျက်စီးသွားတယ်။ ဆုံးရှုံးသွားတယ်။

“ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ”ဆိုတဲ့ ပုံစံ အတိုင်းပဲ။ လုပ်သမျှ တစ်ချက်မှ အဆင်မပြေ ဘူး။ ဘာကိုအခြေခံသလဲ။ ကံကို အခြေခံတယ်။

အသတ်အဖြတ်ခံရတယ်၊ အညှဉ်းအပန်းခံရတယ်။ အနှိပ်စက်ခံရတယ်။ ဘာကို အခြေခံသလဲ။ ကံကို အခြေခံတယ်။

အရှင်မဟာမောဂ္ဂလ္လာန်ကို ကြည့်ပေါ့။ မိဘကို ပြစ်မှားခဲ့ဖူးတဲ့ ကံတွေကို အခြေခံပြီးတော့ …

အရှင်မဟာမောဂ္ဂလ္လာန် ဖြစ်တဲ့ ဘဝအထိ ဘဝပေါင်း (၂၀၀)ကျော် ဆက်တိုက် အမြဲ ခေါင်းကွဲပြီးတော့ အမြဲအသေခံခဲ့ရတယ်၊

ဘာကို အခြေခံသလဲ… ကံပဲ။ မိဘတွေအပေါ်မှာ ပြစ်မှားခဲ့တဲ့ ကံကို အခြေခံပြီးတော့ အသတ်ဖြတ်ခံရတယ်။ အညှဉ်းပန်း ခံရတယ်။ အနှိပ်စက်ခံရတယ်။

တစ်ခါ ကံကြောင့်ပဲ အနှောင်အဖွဲ့ ခံရပြန်တယ်။ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ကံတွေ ရှိတယ်။

အဲဒီ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ကံတွေကို အခြေခံပြီးတော့ သတ္တဝါတွေဟာ ဒီဘဝမှာလည်း အနှောင်အဖွဲ့ခံရတယ်။

ဖားအောက်တောရဆရာတော်

ကံေၾကာင့္ရရွိတဲ့ ေကာင္းက်ဳိးဆိုးျပစ္

မ်က္ကြယ္မွာ ခ်ီးမြမ္းခံရတယ္။

“ဒီပုဂၢိဳလ္ သိပ္ေတာ္တယ္။ ဒီပုဂၢိဳလ္သိပ္ေတာ္ တယ္” စသည္ျဖင့္ မိမိရဲ႕မ်က္ကြယ္မွာအခ်ီးမြမ္းခံရတယ္။

ဂုဏ္သတင္းေတြ သိပ္ၿပီးေတာ့ ပ်ံ႕လႈိင္ေနတယ္၊။ ေက်ာ္ေစာေနတယ္။ထင္ရွားေနတယ္။ ဘာေၾကာင့္လဲ။

ျပဳလုပ္ခဲ့တဲ့ ကံေတြပဲ။ အဲဒီကံေတြသည္ ဒီဘ၀ ျပဳလုပ္တဲ့ ကံေတြလည္း ျဖစ္ခ်င္ျဖစ္မယ္။

အတိတ္ဘ၀ ထုိထုိက ျပဳလုပ္ခဲ့တဲ့ကံေတြလည္း ျဖစ္ခ်င္ျဖစ္မယ္။

အတိတ္ဘ၀ ကံေတြအေပၚမွာလည္း အေျခစုိက္ပါတယ္။

ယခုဘ၀ ပစၥဳပၸန္မွာ ျပဳစုပ်ဳိးေထာင္ေနတဲ့ကံေတြအေပၚမွာလည္း အေျခစုိက္ပါတယ္။

ဘုန္းႀကီးတုိ႔ရဲ႕ ေဂါတမျမတ္စြာဘုရားကုိ ၾကည့္ေပါ့။

ဒီေန႔ လူ႔ေလာကကုိျပန္ၿပီး ဆန္းစစ္ၾကည့္ မယ္ဆုိရင္ သာသနာေတာ္ (၂၅၀၀)ေက်ာ္ခဲ့ၿပီ ျဖစ္ေတာ့ …

အဲဒီ (၂၅၀၀) အတြင္းမွာ ဘုန္းႀကီးတုိ႔ ျမတ္စြာ ဘုရားရွင္ကဲ့သုိ႔ ေက်ာ္ေစာဂုဏ္ သတင္းေတြ ျဗဟၼာ့ဘံုတုိင္ေအာင္ ျပန္႔ႏွံ႕ေက်ာ္ၾကားေနတဲ့ ပုဂၢိဳလ္ဆုိတာ ရွိသလား။ မရွိဘူး။

ဘာကုိအေျခစုိက္တာလဲ။ ေလးသေခ်ၤႏွင့္ ကမ႓ာ တစ္သိန္း တုိင္တုိင္ ပါရမီေတြကုိ ျဖည့္က်င့္ၿပီး ေတာ့ သဗၺညဳတဉာဏ္ကုိ ရေအာင္ယူခဲ့တဲ့ ကံ ေတြအေပၚမွာ အေျခစုိက္တယ္။

ဒီကံေတြေၾကာင့္ ျမတ္စြာဘုရားရဲ႕ ေက်ာ္ေစာ သတင္းေတြက မဆံ့ ဘ၀ဂ္ ျပန္႔ႏွံ႕ၿပီးေတာ့ တက္သြားတယ္။

ဒီေတာ့ ဒီေန႔ လူ႕ေလာကႀကီးမွာ နာမည္ႀကီး ေနတယ္။ ဒင္းကေတာ့ နာမည္ႀကီးမွာေပါ႔ ဆုိၿပီးေတာ့ လုိက္ၿပီး ေမးေငါ႔ေနဖုိ႔ လုိေသး သလား။ မလုိပါဘူး။

သူက နာမည္ႀကီးေလာက္တဲ့ ကံေတြကုိ ျပဳစုပ်ဳိးေထာင္ခဲ့တယ္။

နာမည္ႀကီးေလာက္တဲ့ ကံေတြကို ျပဳစုပ်ဳိးေထာင္ခဲ့တဲ့အတြက္ အခ်ီးမြမ္းခံရမည့္ ကံေတြကုိျပဳစုပ်ဳိးေထာင္ခဲ့တဲ့အတြက္ သူခ်ီးမြမ္းခံရတာကုိ မိမိက မနာလုိဝန္တုိ ျဖစ္ခဲ့ ရင္ မိမိမွာ အကုသုိလ္တရား တုိးပြားေနတာပဲ။

ေနာက္တစ္ခု…မ်က္ေမွာက္မွာလည္း အခ်ီးမြမ္းခံရတယ္။ မ်က္ကြယ္မွာလည္း အခ်ီးမြမ္းခံရတယ္။ဘာကုိအေျခစုိက္သလဲ။ ကံပဲ။

အတိတ္က ျပဳစုပ်ဳိးေထာင္ခဲ့တဲ့ ကံ ဒီဘ၀မွာ ျပဳစုပ်ဳိးေထာင္ေနတဲ့ ကံ အဲဒီကံေတြေၾကာင့္ အခ်ီးမြမ္းခံရတယ္။

စည္းစိမ္ဥစၥာေတြ တခ်ဳိ႕ သိပ္ၿပီးေတာ့ ပ်က္စီးသြားတယ္။ ဆံုး႐ႈံးသြားတယ္။

“ကံဆုိးမ သြားရာ မုိးလုိက္လုိ႔ရြာ”ဆုိတဲ့ ပံုစံ အတုိင္းပဲ။ လုပ္သမွ် တစ္ခ်က္မွ အဆင္မေျပ ဘူး။ ဘာကုိအေျခခံသလဲ။ ကံကုိ အေျခခံတယ္။

အသတ္အျဖတ္ခံရတယ္၊ အညႇဥ္းအပန္းခံရတယ္။ အႏွိပ္စက္ခံရတယ္။ ဘာကုိ အေျခခံသလဲ။ ကံကုိ အေျခခံတယ္။

အရွင္မဟာေမာဂၢလႅာန္ကို ၾကည့္ေပါ႔။ မိဘကုိ ျပစ္မွားခဲ့ဖူးတဲ့ ကံေတြကုိ အေျခခံၿပီးေတာ့ …

အရွင္မဟာေမာဂၢလႅာန္ ျဖစ္တဲ့ ဘ၀အထိ ဘ၀ေပါင္း (၂၀၀)ေက်ာ္ ဆက္တုိက္ အျမဲ ေခါင္းကဲြၿပီးေတာ့ အျမဲအေသခံခဲ့ရတယ္၊

ဘာကုိ အေျခခံသလဲ… ကံပဲ။ မိဘေတြအေပၚမွာ ျပစ္မွားခဲ့တဲ့ ကံကုိ အေျခခံၿပီးေတာ့ အသတ္ျဖတ္ခံရတယ္။ အညႇဥ္းပန္း ခံရတယ္။ အႏွိပ္စက္ခံရတယ္။

တစ္ခါ ကံေၾကာင့္ပဲ အေႏွာင္အဖဲြ႕ ခံရျပန္တယ္။ သူတစ္ပါးေတြကုိ ညႇဥ္းပန္းႏွိပ္စက္ခဲ့တဲ့ ကံေတြ ရွိတယ္။

အဲဒီ သူတစ္ပါးေတြကုိ ညႇဥ္းပန္းႏွိပ္စက္ခဲ့တဲ့ ကံေတြကုိ အေျခခံၿပီးေတာ့ သတၱ၀ါေတြဟာ ဒီဘ၀မွာလည္း အေႏွာင္အဖဲြ႕ခံရတယ္။

ဖားေအာက္ေတာရဆရာေတာ္