ကောင်းမှုကုသိုလ် အလှူဒါနတစ်ခုကိုဖြစ်ကတတ်ဆန်း ပြုလို့ရှိရင် ဒီကံက အကျိုးပေးရင် ဖြစ်ကတတ်ဆန်း အကျိုးပေးတတ်ပါတယ်။

မမေ့နဲ့ ကုသိုလ်တစ်ခု မပြုမီ

ကောင်းမှုကုသိုလ် အလှူဒါနတစ်ခုကိုဖြစ်ကတတ်ဆန်း ပြုလို့ရှိရင် ဒီကံက အကျိုးပေးရင် ဖြစ်ကတတ်ဆန်း အကျိုးပေးတတ်ပါတယ်။

“မနာပဒါယီ လဘတေ မနာပံ” ဆိုတဲ့အတိုင်း နှစ်သက်မြတ်နှိုးဖွယ်ရာ ပစ္စည်းဝတ္ထုတွေကို လှူဒါန်းမှနှစ်သက်မြတ်နှိုးဖွယ်ရာ အကျိုးဆိုတာ ရရှိပါတယ်။

ဒါကြောင့် ဘုန်းကြီးရဲ့ ကျေးဇူးတော်ရှင် ဆရာတော်တစ်ပါးက ခဏခဏဆုံးမပါတယ်။

ကောင်းမှုကုသိုလ်တစ်ခု ပြုခါနီးမှာမိမိစိတ်ကိုယ်ကို မိမိ နိုင်အောင် ဆုံးမကြည့်ပါ။

စိတ်ကမနိုင်သေးဘူးဆိုရင် ဒီကောင်းမှု ကုသိုလ်မပြုပါနဲ့။

ကောင်းမှုကုသိုလ်တစ်ခုပြုလိုက်လို့ ကံအရာတည်သွားခဲ့ရင် ဒီကံကို ပြန်ပြီးနှုတ်ပယ်လို့ မရဘူး။

တစ်နေ့ ဒီကံက ရင့်ကျက်လို့ အကျိုးပေးရင်ဒီကံနဲ့ တူတဲ့ အကျိုးတွေကို ရရှိတတ်တယ်။

ဘုန်းကြီးအမြဲပြောပါတယ် ဘုရားဆွမ်းတင်ရင် ဖြစ်သလိုမတင်ပါနဲ့

ပြည့်ပြည့်စုံစုံ ဖွယ်ဖွယ်ရာရာလေးတင်ပါ။

ပန်းကန်တွေကို အောက်ကို ဟိုချဒီချ မလုပ်ပါနဲ့ သန့်စင်အောင်လုပ်ပါလို့။

မိမိရဲ့ စိတ်ကမနိုင်သေးရင် မပြုဘဲဆိုင်းထား ဘာမှ မဖြစ်ပါဘူး။

စိတ်ကနိုင်နင်းပြီဆိုရင် ကျကျနန မွန်မွန်မြတ်မြတ်နဲ့ ကောင်းမှုကုသိုလ် ပြုတတ်ဖို့တော့ လိုအပ်ပါတယ်။

“ဖားအောက်တောရဆရာတော်”














“ဖားအောက်တောရဆရာတော်”