ပူလောင်သူလား အေးချမ်းသူလား ယုတ်ညံသူလား မြင့်မြတ်သူလား

ပူလောင်သူလား အေးချမ်းသူလား

ကိုယ့်အပေါ် မကောင်းပြောလာတာတွေကို ဆတ်ဆတ်ထိမခံ ပြန်ပြောလို့လည်း ရတယ်။ တစ်နေ့ကျမှပြန်ပြောလိုက်ဦးမယ်ဆိုပြီးတော့ တေးထား လို့လည်းရတယ်။

ဒါမှမဟုတ် နားလည်မှုတွေနဲ့ သည်းခံခွင့်လွှတ်လိုက်လို့လည်းရတယ်။

သဘာဝမကျတဲ့လူတွေကို ကြည့်ပြီး မဟုတ်လိုက်တဲ့လူတွေ ဆိုပြီးတော့ အစာ မကြေဖြစ်နေလို့လည်းရတယ်။

ဒါမှမဟုတ် လောကကြီးက ဒီလိုပါပဲ ဆိုပြီးတော့ နားလည်မှုတွေနဲ့ကျော်လွှားသွားလို့လည်းရတယ်။

ကြိုက်တာကိုရွေးချယ်ခွင့်ရှိပါတယ်။ သင့်ရဲ့ ရွေးချယ်မှုပေါ် မှာမူတည်ပြီးတော့ သင်ဟာ ပူလောင်သူ(သို့မဟုတ်)အေးချမ်းသူဖြစ်သွားတာပါပဲ။

ယုတ်ညံသူလား မြင့်မြတ်သူလား။

“မုန်းစရာကောင်းလိုက်တဲ့လူတွေ”ဆိုပြီးတော့ ဒေါသတွေပွားနေလို့လည်းရတယ်။

“ချမ်းသာကြပါစေ”ဆိုပြီးတော့ မေတ္တာတွေပွားနေလို့လည်းရတယ်။ “ဒင်းတို့ကို တော့ ပြောပစ်လိုက်ဦးမယ်၊ လုပ်ပစ်လိုက်ဦးမယ်”ဆိုပြီးတော့ ဝိဟိံသာ တွေပွားနေ လို့လည်းရတယ်။

“သနားစရာလူသားတွေ”ဆိုပြီးတော့ ကရုဏာတွေပွားနေလို့လည်းရတယ်။ ကြိုက် တာကိုရွေးချယ်ခွင့်ရှိပါတယ်။ သင့်ရဲ့ ရွေးချယ်မှုပေါ်မှာမူတည်ပြီးတော့ သင်ဟာ ယုတ်ညံ့သူ(သို့မဟုတ်)မြင့်မြတ်သူ ဖြစ်သွားတာပါပဲ။

အရှင်ဥတ္တမ(သစ္စာရွှေစည်)

ပူေလာင္သူလား ေအးခ်မ္းသူလား

ကိုယ့္အေပၚ မေကာင္းေျပာလာတာေတြကို ဆတ္ဆတ္ထိမခံ ျပန္ေျပာလို႔လည္း ရတယ္။ တစ္ေန႔က်မွျပန္ေျပာလိုက္ဦးမယ္ဆိုၿပီးေတာ့ ေတးထား လို႔လည္းရတယ္။

ဒါမွမဟုတ္ နားလည္မႈေတြနဲ႔ သည္းခံခြင့္လႊတ္လိုက္လို႔လည္းရတယ္။

သဘာဝမက်တဲ့လူေတြကို ၾကည့္ၿပီး မဟုတ္လိုက္တဲ့လူေတြ ဆိုၿပီးေတာ့ အစာ မေၾကျဖစ္ေနလို႔လည္းရတယ္။

ဒါမွမဟုတ္ ေလာကႀကီးက ဒီလိုပါပဲ ဆိုၿပီးေတာ့ နားလည္မႈေတြနဲ႔ေက်ာ္လႊားသြားလို႔လည္းရတယ္။

ႀကိဳက္တာကိုေရြးခ်ယ္ခြင့္ရွိပါတယ္။ သင့္ရဲ႕ ေရြးခ်ယ္မႈေပၚ မွာမူတည္ၿပီးေတာ့ သင္ဟာ ပူေလာင္သူ(သို႔မဟုတ္)ေအးခ်မ္းသူျဖစ္သြားတာပါပဲ။

ယုတ္ညံသူလား ျမင့္ျမတ္သူလား။

“မုန္းစရာေကာင္းလိုက္တဲ့လူေတြ”ဆိုၿပီးေတာ့ ေဒါသေတြပြားေနလို႔လည္းရတယ္။

“ခ်မ္းသာၾကပါေစ”ဆိုၿပီးေတာ့ ေမတၱာေတြပြားေနလို႔လည္းရတယ္။ “ဒင္းတို႔ကို ေတာ့ ေျပာပစ္လိုက္ဦးမယ္၊ လုပ္ပစ္လိုက္ဦးမယ္”ဆိုၿပီးေတာ့ ဝိဟႎသာ ေတြပြားေန လို႔လည္းရတယ္။

“သနားစရာလူသားေတြ”ဆိုၿပီးေတာ့ က႐ုဏာေတြပြားေနလို႔လည္းရတယ္။ ႀကိဳက္ တာကိုေရြးခ်ယ္ခြင့္ရွိပါတယ္။ သင့္ရဲ႕ ေရြးခ်ယ္မႈေပၚမွာမူတည္ၿပီးေတာ့ သင္ဟာ ယုတ္ညံ့သူ(သို႔မဟုတ္)ျမင့္ျမတ္သူ ျဖစ္သြားတာပါပဲ။

အရွင္ဥတၱမ(သစၥာေရႊစည္)