သေမည့်နေ့ကိုတောင် ရွှေ့ပစ်နိုင်သော ယတြာများ

သေမည့်နေ့ကိုတောင် ရွှေ့ပစ်နိုင်သော ယတြာများ

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဗေဒင် ကျွမ်းကျင်သော ပုဏ္ဏားမိသားစု ရှိရာတွင် ပုဏ္ဏားကြီးသည် မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာ အသက် ၆၀ ပြည့်သည့် နေ့တွင် သေရမည်ကို သိလေ၏ ။

ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားလေ၏ ။ ဘုရားရှင်ထံ ရောက်သော် မြတ်စွာဘုရားက “မှန်၏ ။ အသက် ၆၀ နေ့ မွန်းတည့်ချိန်တွင် သေမည် ။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် ” ဟု ဟောကြား လိုက်လေသည် ။

ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန် တောတန်းတွင် ဥယျာဉ်စိုက်၏ နေရန် ဇရပ်ဆောက်၏ ရေတွင်းတူး၏ လမ်းဖောက်၏ တံတားဆောက်၏ စသည်တို့ကို လုပ်သော် ထိုအတွက်ကြောင့်လူအများ သွားလာရပ်နားမှု အဆင်ပြေ နေတော့သည် ။

အသက် ၆၀ ပြည့်၍ မသေသောအခါ ဘုရားရှင်ထံ သွားရောက် အပြစ်တင်လေ၏ ။ မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော အောက်ပါ ကုသိုလ်များသည် သေနေ့ကိုပင် ရွှေ့ပစ်နိုင်သည်ဟု ဟောပြလေရာ ပုဏ္ဏားမိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ သောတာပန် တည်လေ၏ ။

၁ ။ အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း

၂ ။ အများစားသုံးရန် အရန်စိုက်ခြင်း

၃ ။ အများနေရန် ဇရပ်ဆောက်ပေးခြင်း

၄ ။ အများသောက်သုံးနိုင်ရန် ရေတွင်း ရေကန် တူးပေးခင်း

၅ ။ အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း

၆ ။ အများသွားလာနိုင်ရန် တံတား ဆောက်ပေးခြင်း

မှတ်ချက် ။ ။ “ အရန် ” စိုက်သည် ဆိုသည်မှာ မိမိနေအိမ် ၊ နေရာ ၊ ပတ်ဝန်းကျင်တွင် အများအတွက် သစ်ပင် စိုက်ပျိုးပေးခြင်း ဖြစ်ပါသည် ။ သေနေ့ကို ရွှေ့နိုင်သော ကုသိုလ်ထူးများ ရရှိနိုင်ကြပါစေ ။

သီတဂူဆရာတော်ဘုရားကြီး

ေသမည့္ေန႔ကိုေတာင္ ေ႐ႊ႕ပစ္ႏိုင္ေသာ ယၾတာမ်ား

ျမတ္စြာဘုရား သက္ေတာ္ထင္ရွား ရွိစဥ္က ေဗဒင္ ကြ်မ္းက်င္ေသာ ပုဏၰားမိသားစု ရွိရာတြင္ ပုဏၰားၾကီးသည္ မိမိကို္ယ္ကို ေဗဒင္တြက္ၾကည့္ရာ အသက္ ၆၀ ျပည့္သည့္ ေန႔တြင္ ေသရမည္ကို သိေလ၏ ။

ထိုအခါ ျမတ္စြာဘုရားကို မကိုးကြယ္ေသာ္လည္း ေသရမည္ကို ေၾကာက္လန္႔၍ ဘုရားထံ သြားေလ၏ ။ ဘုရားရွင္ထံ ေရာက္ေသာ္ ျမတ္စြာဘုရားက “မွန္၏ ။ အသက္ ၆၀ ေန႔ မြန္းတည့္ခ်ိန္တြင္ ေသမည္ ။ ေသလ်ွင္ ေျမာက္ဘက္ ေတာတန္းတြင္ ေမ်ာက္ျဖစ္လိမ့္မည္ ” ဟု ေဟာၾကား လိုက္ေလသည္ ။

ပုဏၰားလည္း အိမ္ျပန္ျပီး ေမ်ာက္ဘဝ၌ စားရန္ ေတာတန္းတြင္ ဥယ်ာဥ္စိုက္၏ ေနရန္ ဇရပ္ေဆာက္၏ ေရတြင္းတူး၏ လမ္းေဖာက္၏ တံတားေဆာက္၏ စသည္တို႔ကို လုပ္ေသာ္ ထိုအတြက္ေၾကာင့္လူအမ်ား သြားလာရပ္နားမႈ အဆင္ေျပ ေနေတာ့သည္ ။

အသက္ ၆၀ ျပည့္၍ မေသေသာအခါ ဘုရားရွင္ထံ သြားေရာက္ အျပစ္တင္ေလ၏ ။ ျမတ္စြာဘုရားက ကိုယ္က်ိဳးအတြက္ မဟုတ္ဘဲ အမ်ားအတြက္ ျပဳလုပ္ေပးေသာ ေအာက္ပါ ကုသိုလ္မ်ားသည္ ေသေန႔ကိုပင္ ေရႊ႕ပစ္ႏိုင္သည္ဟု ေဟာျပေလရာ ပုဏၰားမိသားစု ဗုဒၶဘာသာသို႔ ကူးေျပာင္း၍ ေသာတာပန္ တည္ေလ၏ ။

၁ ။ အမ်ားစားသံုးရန္ ဥယ်ာဥ္စိုက္ျခင္း

၂ ။ အမ်ားစားသံုးရန္ အရန္စိုက္ျခင္း

၃ ။ အမ်ားေနရန္ ဇရပ္ေဆာက္ေပးျခင္း

၄ ။ အမ်ားေသာက္သံုးႏိုင္ရန္ ေရတြင္း ေရကန္ တူးေပးခင္း

၅ ။ အမ်ားသြားလာႏိုင္ရန္ လမ္းေဖာက္ေပးျခင္း

၆ ။ အမ်ားသြားလာႏိုင္ရန္ တံတား ေဆာက္ေပးျခင္း

မွတ္ခ်က္ ။ ။ “ အရန္ ” စိုက္သည္ ဆိုသည္မွာ မိမိေနအိမ္ ၊ ေနရာ ၊ ပတ္ဝန္းက်င္တြင္ အမ်ားအတြက္ သစ္ပင္ စိုက္ပ်ိဳးေပးျခင္း ျဖစ္ပါသည္ ။ ေသေန႔ကို ေရႊ႕ႏိုင္ေသာ ကုသိုလ္ထူးမ်ား ရရွိႏိုင္ၾကပါေစ ။

သီတဂူဆရာေတာ္ဘုရားၾကီး