ရယ်စရာအနေနဲ့တောင်မှ တစ်ဖက်သားကို နစ်နာအောင် မလုပ်ထိုက်ဘူး

ခုဇ္ဇုတ္တရာ အမှားတစ်ခု လုပ်တယ်ဆိုတာ ရယ်စရာအနေနဲ့လည်း သွားမလုပ်လေနဲ့။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေကို သွားပြီး ရယ်စရာ လုပ်မိလို့ရှိရင် ဆိုးကျိုးတွေ ရောက်လာတတ်တယ်။

သာမာဝတီ ရဲ့ အလုပ်အကျွေးထဲမှာ “ခုဇ္ဇုတ္တရာ” (ခုဇ္ဇာ+ဥတ္တရာ) သူ့နာမည်ကတော့ “ဥတ္တရာ”။ သို့သော် ခါးလေးကုန်းနေလို့သူ့ကို ခုဇ္ဇုတ္တရာ လို့ခေါ်တယ်။

ခုဇ္ဇုတ္တရာ ဆိုတာ အလွန်ပညာထက်တယ်၊ ပိဋကတ်သုံးပုံထဲမှာ ဣတိဝုတ္တကဆိုတဲ့ကျမ်းရှိတယ်။ အဲဒီကျမ်းဟာ ခုဇ္ဇုတ္တရာ နေ့စဉ်ဘုရားဆီသွားတရားနာ၊ နာပြီးရင် သာမာဝတီတို့ကို ပြန်ဟောတဲ့တရားပဲ။ အဲဒါကို ဣတိဝုတ္တက ကျမ်းလို့ခေါ်တယ်။

ခုဇ္ဇုတ္တရာက ဘာဖြစ်လို့ ကျွန်မဖြစ်သလဲ၊ ဘာဖြစ်လို့ခါးကုန်းရသလဲ၊ ကြည့်နော်။ သံသရာခရီးသွားနေတဲ့အချိန်မှာသူဘာအမှားလုပ်ခဲ့သလဲ။တစ်ချိန်က သူတို့နန်းတော်ကို ပစ္စေကဗုဒ္ဓါ တွေ ကြွကြွပြီးတော့ လာကြတယ်။ အဲဒီအထဲမှာ ပစ္စေကဗုဒ္ဓါတစ်ဆူက ခါးလေးနဲနဲကုန်းနေတယ်။

ခုဇ္ဇုတ္တရာအလောင်းက ရွှေခွက်လေးကိုပွေ့ပြီး၊ဝတ်ရုံလေးကို အပေါ်ကခြုံလို့ “တို့ ပစ္စေကဗုဒ္ဓါက ဟောလိုလေးကြွတာ”ဆိုပြီးတော့ ခါးလေးကုန်းပြီးသွားပြတယ်။ ရယ်စရာလုပ်တာနော်။

အဲဒီ ရယ်စရာလုပ်ခဲ့တဲ့ အမှားလုပ်ရပ်ကြောင့် ဖြစ်လေရာ ဖြစ်လေရာဘဝမှာ ခါးကုန်းမကြီး ဖြစ်နေတယ်။ ကြည့်၊ ဒါကြောင့်မို့သံသရာသွား အမှားမလုပ်မိစေနဲ့တဲ့။

ဘာဖြစ်လို့ ကျွန်မ ဖြစ်ရတာတုန်းဆိုတော့ တစ်ခုသော ဘဝမှာ သူက သူဌေးသမီး ဖြစ်တယ်။ အဲဒီခေတ်က ဘုရားတစ်ဆူရဲ့လက်ထက်ဆိုတော့ ဘိက္ခုနီမတွေရှိတယ်။ ရဟန္တာဘိက္ခုနီမတွေက သူ့အိမ်လာလည်ကြတယ်။

သူဌေးသမီးနဲ့ရင်းနှီးတဲ့ ရဟန္တာဘိက္ခုနီမတွေ အိမ်ကို အလည်အပတ်လာတဲ့အခါ သူဌေးသမီးကသနပ်ခါးလိမ်းနေတယ်ပေါ့နော်။ သနပ်ခါးလိမ်းနေတော့ တစ်ခုခုလိုချင်တယ်။ အနားမှာ ခိုင်းစရာလူမရှိတော့ အဲဒီ ဘိက္ခုနီမကို သူခိုင်းမိတယ်။

အခုခေတ်လည်း လူတွေ ပြောတတ်တယ်၊“မရိုမသေဒါလေး လုပ်ပေးစမ်းပါ”။ မရိုမသေလို့ ဆိုကတည်းကရိုသေတာ မဟုတ်ဘူး။ လူတွေက ထင်တယ်၊ မရိုမသေလို့ ပြောလိုက်ရင် အပြစ်မဖြစ်ဘူးလို့ ထင်နေတယ်။မဟုတ်ဘူးနော်။ သူပြောတာကိုက မရိုမသေလို့ပြောလိုက်တာကိုး။

“အရှင်မရေ အနားမှာ ဘယ်သူမှမရှိလို့ ရေလေးတစ်ခွက် မရိုမသေ ယူပေးစမ်းပါ”လို့ ခိုင်းတယ်။ အဲဒီမှာရဟန္တာဘိက္ခုနီမကသိပြီ။ငါယူမပေးရင် သူစိတ်ဆိုးလိမ့်မယ်။

စိတ်ဆိုးရင် ငရဲကျမယ်။ ငါယူပေးလို့ရှိရင် သူဘာဖြစ်မလဲ။ကျွန်ဖြစ်မယ်။ အေး၊ ကျွန်ဖြစ်တာက ငရဲထက်စာရင်တော့ သက်သာသေးတယ် ဆိုပြီးတော့ဘိက္ခုနီမက ယူပေးလိုက်တယ်။ ယူမပေးရင် သူက စိတ်ဆိုးဦးမှာလေ။ အိမ်တောင်နောက်အလာခံချင်မှ ခံမယ်။ဟုတ်ကဲ့လား။

အဲဒါသတိထား။ သီလရှင် ဆရာလေးတွေ အိမ်လာရင်“ဆရာလေး၊ ဒါလေးလုပ်ပေးစမ်းပါ”လို့ သွားမခိုင်းလေနဲ့နော်။ မရိုမသေဆိုပြီး ခိုင်းတတ်ကြတယ်။ လူတွေက မရိုမသေခိုင်းတယ် ဆိုကတည်းက ရိုမှမရိုသေတာပဲ။

အေး ကောင်းပြီ၊ အဲဒီလို ခိုင်းလိုက်တာကို အကြောင်းပြုပြီးတော့ တစ်ခါခိုင်းလိုက်မိတာနဲ့ ဖြစ်လေရာ ဖြစ်လေရာဘဝမှာ သူများအခိုင်းခံကျွန်မ ဖြစ်တယ်တဲ့။

ဒါကြောင့်မို့လို့ သံသရာခရီးသွားတဲ့ အချိန်မှာ“အမှားမလုပ်မိစေနဲ့”လို့ပြောတာ။ အဲဒါ သတိထား။မြန်မာတွေ ခိုင်းတတ်တယ်နော်။ “ကန်တော့ပါရဲ့”ဆိုပြီး တော့လဲခိုင်းတယ်။ ပါးစပ်ကဆိုတာ။အဟုတ်လည်း ကန်တော့တာမဟုတ်ဘူးနော်။ အေး၊ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ဦးကို ခိုင်းမိပြီဆိုလို့ရှိရင် အဲဒီလိုဒုက္ခရောက်တတ်တယ်။ ရယ်စရာအနေနဲ့တောင်မှ တစ်ဖက်သားကို နစ်နာအောင် မလုပ်ထိုက်ဘူး။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ

ခုဇၨဳတၲရာ အမွားတစ္ခု လုပ္တယ္ဆိုတာ ရယ္စရာအေနနဲ႔လည္း သြားမလုပ္ေလနဲ႔။ ပုဂၢိဳလ္ထူး ပုဂၢိဳလ္ျမတ္ေတြကို သြားၿပီး ရယ္စရာ လုပ္မိလို႔ရွိရင္ ဆိုးက်ိဳးေတြ ေရာက္လာတတ္တယ္။

သာမာဝတီ ရဲ႕ အလုပ္အေကြ်းထဲမွာ “ခုဇၨဳတၲရာ” (ခုဇၨာ+ဥတၲရာ) သူ႕နာမည္ကေတာ့ “ဥတၱရာ”။ သို႔ေသာ္ ခါးေလးကုန္းေနလို႔သူ႕ကို ခုဇၨဳတၲရာ လို႔ေခၚတယ္။

ခုဇၨဳတၲရာ ဆိုတာ အလြန္ပညာထက္တယ္၊ ပိဋကတ္သံုးပံုထဲမွာ ဣတိဝုတၱကဆိုတဲ့က်မ္းရွိတယ္။ အဲဒီက်မ္းဟာ ခုဇၨဳတၲရာ ေန႔စဥ္ဘုရားဆီသြားတရားနာ၊ နာၿပီးရင္ သာမာဝတီတို႔ကို ျပန္ေဟာတဲ့တရားပဲ။ အဲဒါကို ဣတိဝုတၱက က်မ္းလို႔ေခၚတယ္။

ခုဇၨဳတၲရာက ဘာျဖစ္လို႔ ကြ်န္မျဖစ္သလဲ၊ ဘာျဖစ္လို႔ခါးကုန္းရသလဲ၊ ၾကည့္ေနာ္။ သံသရာခရီးသြားေနတဲ့အခ်ိန္မွာသူဘာအမွားလုပ္ခဲ့သလဲ။တစ္ခ်ိန္က သူတို႔နန္းေတာ္ကို ပေစၥကဗုဒၶါ ေတြ ၾကြၾကြၿပီးေတာ့ လာၾကတယ္။

အဲဒီအထဲမွာ ပေစၥကဗုဒၶါတစ္ဆူက ခါးေလးနဲနဲကုန္းေနတယ္။ ခုဇၨဳတၲရာအေလာင္းက ေရႊခြက္ေလးကိုေပြ႕ၿပီး၊ဝတ္႐ံုေလးကို အေပၚကျခံဳလို႔ “တို႔ ပေစၥကဗုဒၶါက ေဟာလိုေလးႂကြတာ”ဆိုၿပီးေတာ့ ခါးေလးကုန္းၿပီးသြားျပတယ္။ ရယ္စရာလုပ္တာေနာ္။

အဲဒီ ရယ္စရာလုပ္ခဲ့တဲ့ အမွားလုပ္ရပ္ေၾကာင့္ ျဖစ္ေလရာ ျဖစ္ေလရာဘဝမွာ ခါးကုန္းမႀကီး ျဖစ္ေနတယ္။ ၾကည့္၊ ဒါေၾကာင့္မို႔သံသရာသြား အမွားမလုပ္မိေစနဲ႔တဲ့။

ဘာျဖစ္လို႔ ကြ်န္မ ျဖစ္ရတာတုန္းဆိုေတာ့ တစ္ခုေသာ ဘဝမွာ သူက သူေဌးသမီး ျဖစ္တယ္။ အဲဒီေခတ္က ဘုရားတစ္ဆူရဲ႕လက္ထက္ဆိုေတာ့ ဘိကၡဳနီမေတြရွိတယ္။

ရဟႏၲာဘိကၡဳနီမေတြက သူ႕အိမ္လာလည္ၾကတယ္။ သူေဌးသမီးနဲ႔ရင္းႏွီးတဲ့ ရဟႏၲာဘိကၡဳနီမေတြ အိမ္ကို အလည္အပတ္လာတဲ့အခါ သူေဌးသမီးကသနပ္ခါးလိမ္းေနတယ္ေပါ့ေနာ္။ သနပ္ခါးလိမ္းေနေတာ့ တစ္ခုခုလိုခ်င္တယ္။ အနားမွာ ခိုင္းစရာလူမရွိေတာ့ အဲဒီ ဘိကၡဳနီမကို သူခိုင္းမိတယ္။

အခုေခတ္လည္း လူေတြ ေျပာတတ္တယ္၊“မ႐ိုမေသဒါေလး လုပ္ေပးစမ္းပါ”။ မ႐ိုမေသလို႔ ဆိုကတည္းက႐ိုေသတာ မဟုတ္ဘူး။ လူေတြက ထင္တယ္၊ မ႐ိုမေသလို႔ ေျပာလိုက္ရင္ အျပစ္မျဖစ္ဘူးလို႔ ထင္ေနတယ္။မဟုတ္ဘူးေနာ္။ သူေျပာတာကိုက မ႐ိုမေသလို႔ေျပာလိုက္တာကိုး။

“အရွင္မေရ အနားမွာ ဘယ္သူမွမရွိလို႔ ေရေလးတစ္ခြက္ မ႐ိုမေသ ယူေပးစမ္းပါ”လို႔ ခိုင္းတယ္။ အဲဒီမွာရဟႏၲာဘိကၡဳနီမကသိၿပီ။ငါယူမေပးရင္ သူစိတ္ဆိုးလိမ့္မယ္။စိတ္ဆိုးရင္ ငရဲက်မယ္။ ငါယူေပးလို႔ရွိရင္ သူဘာျဖစ္မလဲ။ကြ်န္ျဖစ္မယ္။ ေအး၊ ကြ်န္ျဖစ္တာက ငရဲထက္စာရင္ေတာ့ သက္သာေသးတယ္ ဆိုၿပီးေတာ့ဘိကၡဳနီမက ယူေပးလိုက္တယ္။ ယူမေပးရင္ သူက စိတ္ဆိုးဦးမွာေလ။ အိမ္ေတာင္ေနာက္အလာခံခ်င္မွ ခံမယ္။ဟုတ္ကဲ့လား။

အဲဒါသတိထား။ သီလရွင္ ဆရာေလးေတြ အိမ္လာရင္“ဆရာေလး၊ ဒါေလးလုပ္ေပးစမ္းပါ”လို႔ သြားမခိုင္းေလနဲ႔ေနာ္။ မ႐ိုမေသဆိုၿပီး ခိုင္းတတ္ၾကတယ္။ လူေတြက မ႐ိုမေသခိုင္းတယ္ ဆိုကတည္းက ႐ိုမွမ႐ိုေသတာပဲ။ ေအး ေကာင္းၿပီ၊ အဲဒီလို ခိုင္းလိုက္တာကို အေၾကာင္းျပဳၿပီးေတာ့ တစ္ခါခိုင္းလိုက္မိတာနဲ႔ ျဖစ္ေလရာ ျဖစ္ေလရာဘဝမွာ သူမ်ားအခိုင္းခံကြၽန္မ ျဖစ္တယ္တဲ့။

ဒါေၾကာင့္မို႔လို႔ သံသရာခရီးသြားတဲ့ အခ်ိန္မွာ“အမွားမလုပ္မိေစနဲ႔”လို႔ေျပာတာ။ အဲဒါ သတိထား။ျမန္မာေတြ ခိုင္းတတ္တယ္ေနာ္။ “ကန္ေတာ့ပါရဲ႕”ဆိုၿပီး ေတာ့လဲခိုင္းတယ္။ ပါးစပ္ကဆိုတာ။အဟုတ္လည္း ကန္ေတာ့တာမဟုတ္ဘူးေနာ္။ ေအး၊ ျမင့္ျမတ္တဲ့ပုဂၢိဳလ္တစ္ဦးကို ခိုင္းမိၿပီဆိုလို႔ရွိရင္ အဲဒီလိုဒုကၡေရာက္တတ္တယ္။ ရယ္စရာအေနနဲ႔ေတာင္မွ တစ္ဖက္သားကို နစ္နာေအာင္ မလုပ္ထိုက္ဘူး။

ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာနႏၵမာလာဘိဝံသ