အလှူအိမ်တွေမှာ ဘုန်းကြီးတွေ ကြွလာရင် ခြေသုတ်ပေးရတဲ့ အကြာင်းအရင်း..

အမေး ။ ။ အလှူအိမ်တွေမှာ ဘုန်းကြီးတွေကြွလာရင် ဘာလို့ တံခါးဝမှာ စောင့်ပြီး ခြေသုတ်ပေးရတာလဲ ။ ကိုယ့်ဘာသာ သုတ်ရင်ရော မရဘူးလား ။ အားလုံး အမြင်ရှင်းအောင် ဖြေကြားပေးပါဘုရား ။

အဖြေ ။ ။ ဘုန်းတော်များကြီးများ အိမ်ကြွလာရင် အိမ်ရှင်က ခြေသုတ်ပေးရမယ် လို့ ပညတ်ချက် မရှိသလို ဘုန်းကြီးများကလည်း မသုတ်ခိုင်းပါဘူး ။ ဒါဖြင့် ဘာကြောင့် ဒီလိုလုပ်နေတာလည်းဆိုရင် ဒကာ ၊ ဒကာမတွေမှာရှိတဲ့ စစ်မှန်တဲ့ သဒ္ဓါတရားကနေ ထွက်ပေါ်လာတဲ့ လုပ်ရပ်တွေပါလို့ ပြောချင်တယ်

ဘုရားရှင်က “ ကုသိုလ် မှန်သမျှ ပြည့်စုံအောင် လုပ်ကြ ” လို့ မိန့်တော်မူရာမှာ ကုသိုလ်ရနိုင်တဲ့တရား ဆယ်မျိုးရှိတယ် ။ ဒါကို ကုသလကမ္မပထ ၁၀ ပါးလို့လည်း ခေါ်ပါတယ် ။ ထိုကုသိုလ် ဆယ်မျိုးထဲ မှာ ဝေယျာဝေစ္စ ကုသိုလ်ဆိုတာ ပါပါတယ် ။

အဓိပ္ပါယ်ကတော့ ရတနာသုံးပါးနဲ့ စပ်တဲ့ ဝေယျာဝေစ္စ ကုသိုလ်ပါပဲ ၊ ဒီဝေယျာဝေစ္စကုသိုလ်ဆိုတာ သီလကုသိုလ်ထဲမှာ ပါဝင်တယ် ။ အခုလို အိမ်ကြွလာတဲ့ ဘုန်းတော်ကြီးများကို ခြေသုတ်ပေးတယ် ဆိုတာကလည်း သံဃာတော်များနဲ့ စပ်တဲ့ ဝေယျာဝေစ္စကုသိုလ်ကို သူတို့ ရယူချင်လို့ ပဲဖြစ်ပါတယ် ။

ဘုန်းတော်ကြီးများမှာ ဘယ်သူမှ မသုတ်ပေးလဲ စိတ်ညိုငြင်မှု မဖြစ်ပါဘူး ။ ခြေသုတ်မပေးရင် ငါ့ကို သုတ်ပေးစမ်းကွ လို့လည်း ဘယ်ရဟန်းတော်မှ မခိုင်းပါဘူး ။ ဒါပေမယ့် သူတို့ကို ခိုင်းနေတာတော့ ရှိတယ် ။ အဲဒါက ကုသိုလ်ဖြစ်အောင် ဖန်တီး လှုပ်ဆော်ပေးတဲ့ သူတို့ရင်ထဲ ကလာတဲ့ သဒ္ဓါ တရားပါပဲ ။

Credit:ဓမ္မရတနာ

အေမး ။ ။ အလွဴအိမ္ေတြမွာ ဘုန္းႀကီးေတြႀကြလာရင္ ဘာလုိ႔ တံခါး၀မွာ ေစာင့္ၿပီး ေျခသုတ္ေပးရတာလဲ ။ ကုိယ့္ဘာသာ သုတ္ရင္ေရာ မရဘူးလား ။ အားလံုး အျမင္ရွင္းေအာင္ ေျဖၾကားေပးပါဘုရား ။

အေျဖ ။ ။ ဘုန္းေတာ္မ်ားႀကီးမ်ား အိမ္ၾကြလာရင္ အိမ္ရွင္က ေျခသုတ္ေပးရမယ္ လို႔ ပညတ္ခ်က္ မရွိသလို ဘုန္းႀကီးမ်ားကလည္း မသုတ္ခိုင္းပါဘူး ။ ဒါျဖင့္ ဘာေၾကာင့္ ဒီလိုလုပ္ေနတာလည္းဆုိရင္ ဒကာ ၊ ဒကာမေတြမွာရွိတဲ့ စစ္မွန္တဲ့ သဒၶါတရားကေန ထြက္ေပၚလာတဲ့ လုပ္ရပ္ေတြပါလို႔ ေျပာခ်င္တယ္

ဘုရားရွင္က “ ကုသုိလ္ မွန္သမွ် ျပည့္စံုေအာင္ လုပ္ၾက ” လို႔ မိန္႔ေတာ္မူရာမွာ ကုသုိလ္ရႏိုင္တဲ့တရား ဆယ္မ်ဳိးရွိတယ္ ။ ဒါကို ကုသလကမၼပထ ၁၀ ပါးလို႔လည္း ေခၚပါတယ္ ။ ထိုကုသုိလ္ ဆယ္မ်ဳိးထဲ မွာ ေ၀ယ်ာေ၀စၥ ကုသုိလ္ဆိုတာ ပါပါတယ္ ။

အဓိပၸါယ္ကေတာ့ ရတနာသံုးပါးနဲ႔ စပ္တဲ့ ေ၀ယ်ာေ၀စၥ ကုသုိလ္ပါပဲ ၊ ဒီေ၀ယ်ာေ၀စၥကုသုိလ္ဆိုတာ သီလကုသုိလ္ထဲမွာ ပါ၀င္တယ္ ။ အခုလို အိမ္ၾကြလာတဲ့ ဘုန္းေတာ္ႀကီးမ်ားကို ေျခသုတ္ေပးတယ္ ဆိုတာကလည္း သံဃာေတာ္မ်ားနဲ႔ စပ္တဲ့ ေ၀ယ်ာေ၀စၥကုသုိလ္ကို သူတို႔ ရယူခ်င္လို႔ ပဲျဖစ္ပါတယ္ ။

ဘုန္းေတာ္ႀကီးမ်ားမွာ ဘယ္သူမွ မသုတ္ေပးလဲ စိတ္ညိဳျငင္မႈ မျဖစ္ပါဘူး ။ ေျခသုတ္မေပးရင္ ငါ့ကို သုတ္ေပးစမ္းကြ လို႔လည္း ဘယ္ရဟန္းေတာ္မွ မခုိင္းပါဘူး ။ ဒါေပမယ့္ သူတို႔ကုိ ခုိင္းေနတာေတာ့ ရွိတယ္ ။ အဲဒါက ကုသုိလ္ျဖစ္ေအာင္ ဖန္တီး လႈပ္ေဆာ္ေပးတဲ့ သူတို႔ရင္ထဲ ကလာတဲ့ သဒၶါ တရားပါပဲ ။

Credit:ဓမၼရတနာ