တကယ်လို့ စိတ်ညစ်လာပြီဆိုရင်ပျောက်စေသောနည်း

တကယ်လို့ စိတ်ညစ်လာပြီဆိုရင် ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။ အိပ်ရာခြင်ထောင် ခေါင်းအုံးတွေကိုလျှော်ဖွတ်ပြီးအသစ်နဲ့ လဲလိုက်ပါ။

ပြီးတော့ရေချိုးလိုက်ပါ။ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွတ်ပြီးသားအဝတ်လေးကို ဝတ်လိုက်ပါ။

အားလုံးပြီးတာနဲ့ အသစ်လှဲပြီးသားအိပ်ရာပေါ်မှာထိုင်ပြီး ခါးကိုဖြောင့်ဖြောင့်ထား မျက်လုံးလေးမှိတ် လက်အုပ်လေးချီပြီးငါးပါးသီလကို ယူလိုက်ပါ။

တစ်ဆက်တည်းပဲ မြတ်စွာဘုရား ဘုရားတပည့်တော်ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူပါဘုရား လို့ ပင့်လိုက်ပါ။

ကိုယ်က အမျိုးသမီးဖြစ်နေလို့ ပင့်ရမှာအားနာနေရင်လည်းဦးခေါင်းထက်ကို ပင့်လိုက်ပါ။

စိတ်ထဲမှာလည်း မြတ်စွာဘုရားကိုယ့်ခန္ဓာကိုယ်ထဲ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့နှလုံးသွင်းထားပါ။

တကယ်လို့ စိတ်ညစ်လာပြီဆိုရင် ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။ အိပ်ရာခြင်ထောင် ခေါင်းအုံးတွေကိုလျှော်ဖွတ်ပြီးအသစ်နဲ့ လဲလိုက်ပါ။

ပြီးတော့ရေချိုးလိုက်ပါ။

ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွတ်ပြီးသားအဝတ်လေးကို ဝတ်လိုက်ပါ။

အားလုံးပြီးတာနဲ့ အသစ်လှဲပြီးသားအိပ်ရာပေါ်မှာထိုင်ပြီး ခါးကိုဖြောင့်ဖြောင့်ထား မျက်လုံးလေးမှိတ် လက်အုပ်လေးချီပြီးငါးပါးသီလကို ယူလိုက်ပါ။

တစ်ဆက်တည်းပဲ မြတ်စွာဘုရား ဘုရားတပည့်တော်ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူပါဘုရား လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီးဖြစ်နေလို့ ပင့်ရမှာအားနာနေရင်လည်းဦးခေါင်းထက်ကို ပင့်လိုက်ပါ။

စိတ်ထဲမှာလည်း မြတ်စွာဘုရားကိုယ့်ခန္ဓာကိုယ်ထဲ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့နှလုံးသွင်းထားပါ။

မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန်စံ ပြီးပြီဆိုတော့တကယ်တော့ ဘယ်ကြွလာမလဲ။ စိတ်ဓာတ်အင်အားကိုယူတာပါ။

စိတ်ထဲမှာမြတ်စွာဘုရားတကယ်ကြွလာတယ်လို့ နှလုံးသွင်းထားရမှာပါ။

အားလုံပြီးရင် လက်အုပ်ချီတာလေးချပြီးအရဟံဂုဏ်တော် ၅ မိနစ် မေတ္တာ ၅ မိနစ် ဝိပဿနာ ၅ မိနစ်ပွားနေလိုက်ပါ။

ဒါဆိုရင် စိတ်ချမ်းသာပါလိမ့်မယ်။ မယုံရင် စိမ်းကြည့်ပါ။ စာရေးသူလည်းစိတ်ညစ်လာရင်ဒီနည်းအတိုင်းပဲ လုပ်တာပဲ။

ဒါဆိုရင် စိတ်ညစ်တာပျောက်သွားတာ များပါတယ်။ကိလေသာမကင်းသ၍တော့စိတ်တွေအခါအားလျော်စွာ ညစ်နေဦးမှာပါ။ စိတ်ညစ်တာကိုညစ်တဲ့အတိုင်းမထားပဲ ကိုယ်နှစ်သက်တဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။

ရေချိုးလိုက်တာကတော့ သိပ်ပြီးမခက်လှပါဘူး။

စိတ်ညစ်တဲ့အခါ ထွက်ပေါက်မျိုးစုံတော့ ရှိနေကြမှာပါ။

အဲ့ဒီအထဲကမှ ကောင်းတဲ့ထွက်ပေါက်လည်းဖြစ်ကိုယ်နဲ့ သင့်တဲ့ထွက်ပေါက်လည်းဖြစ်တဲ့ ထွက်ပေါက်တစ်ခုကို အလေ့အကျင့် လုပ်ထားလိုက်ဖို့ပါ။

စိတ်ညစ်နေရင် အခြားတစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက်ကောင်းတဲ့ ထွက်ပေါက်လေးတွေကိုအထုံတစ်ခုအနေနဲ့ စွဲနေအောင် လေ့ကျင့်ထားနိုင်ရပါမယ်။

ဆရာတော် ရဝေနွယ်(အင်းမ)

တကယ္လို႕ စိတ္ညစ္လာျပီဆိုရင္ ကိုယ္ေနတဲ့အခန္းကို သန္႕ရွင္းေရးလုပ္လိုက္ပါ။ အိပ္ရာျခင္ေထာင္ ေခါင္းအံုးေတြကိုေလွ်ာ္ဖြတ္ျပီးအသစ္နဲ႕ လဲလိုက္ပါ။

ျပီးေတာ့ေရခ်ိဳးလိုက္ပါ။ေရခ်ိဳးျပီးရင္ ကိုယ္ႏွစ္သက္တဲ့ ေလွ်ာ္ဖြတ္ျပီးသားအ၀တ္ေလးကို ၀တ္လိုက္ပါ။

အားလံုးျပီးတာနဲ႕ အသစ္လွဲျပီးသားအိပ္ရာေပၚမွာထိုင္ျပီး ခါးကိုေျဖာင့္ေျဖာင့္ထား မ်က္လံုးေလးမွိတ္ လက္အုပ္ေလးခ်ီျပီးငါးပါးသီလကို ယူလိုက္ပါ။

တစ္ဆက္တည္းပဲ ျမတ္စြာဘုရား ဘုရားတပည့္ေတာ္ခႏၶာကိုယ္ထဲကို သီတင္းသံုးေတာ္မူပါဘုရား လို႕ ပင့္လိုက္ပါ။

ကိုယ္က အမ်ိဳးသမီးျဖစ္ေနလို႔ ပင့္ရမွာအားနာေနရင္လည္းဦးေခါင္းထက္ကို ပင့္လိုက္ပါ။

စိတ္ထဲမွာလည္း ျမတ္စြာဘုရားကိုယ့္ခႏၶာကိုယ္ထဲ ကိုယ့္ဦးေခါင္းထက္မွာ ရိွေနတယ္လို႕ႏွလံုးသြင္းထားပါ။

တကယ္လို႕ စိတ္ညစ္လာျပီဆိုရင္ ကိုယ္ေနတဲ့အခန္းကို သန္႕ရွင္းေရးလုပ္လိုက္ပါ။ အိပ္ရာျခင္ေထာင္ ေခါင္းအံုးေတြကိုေလွ်ာ္ဖြတ္ျပီးအသစ္နဲ႕ လဲလိုက္ပါ။

ျပီးေတာ့ေရခ်ိဳးလိုက္ပါ။

ေရခ်ိဳးျပီးရင္ ကိုယ္ႏွစ္သက္တဲ့ ေလွ်ာ္ဖြတ္ျပီးသားအ၀တ္ေလးကို ၀တ္လိုက္ပါ။

အားလံုးျပီးတာနဲ႕ အသစ္လွဲျပီးသားအိပ္ရာေပၚမွာထိုင္ျပီး ခါးကိုေျဖာင့္ေျဖာင့္ထား မ်က္လံုးေလးမွိတ္ လက္အုပ္ေလးခ်ီျပီးငါးပါးသီလကို ယူလိုက္ပါ။

တစ္ဆက္တည္းပဲ ျမတ္စြာဘုရား ဘုရားတပည့္ေတာ္ခႏၶာကိုယ္ထဲကို သီတင္းသံုးေတာ္မူပါဘုရား လို႕ ပင့္လိုက္ပါ။ ကိုယ္က အမ်ိဳးသမီးျဖစ္ေနလို႔ ပင့္ရမွာအားနာေနရင္လည္းဦးေခါင္းထက္ကို ပင့္လိုက္ပါ။

စိတ္ထဲမွာလည္း ျမတ္စြာဘုရားကိုယ့္ခႏၶာကိုယ္ထဲ ကိုယ့္ဦးေခါင္းထက္မွာ ရိွေနတယ္လို႕ႏွလံုးသြင္းထားပါ။

ျမတ္စြာဘုရားကေတာ့ ပရိနိဗၺာန္စံ ျပီးျပီဆိုေတာ့တကယ္ေတာ့ ဘယ္ၾကြလာမလဲ။ စိတ္ဓာတ္အင္အားကိုယူတာပါ။

စိတ္ထဲမွာျမတ္စြာဘုရားတကယ္ၾကြလာတယ္လို႕ ႏွလံုးသြင္းထားရမွာပါ။

အားလံုျပီးရင္ လက္အုပ္ခ်ီတာေလးခ်ျပီးအရဟံဂုဏ္ေတာ္ ၅ မိနစ္ ေမတၱာ ၅ မိနစ္ ၀ိပႆနာ ၅ မိနစ္ပြားေနလိုက္ပါ။

ဒါဆိုရင္ စိတ္ခ်မ္းသာပါလိမ့္မယ္။ မယံုရင္ စိမ္းၾကည့္ပါ။ စာေရးသူလည္းစိတ္ညစ္လာရင္ဒီနည္းအတိုင္းပဲ လုပ္တာပဲ။

ဒါဆိုရင္ စိတ္ညစ္တာေပ်ာက္သြားတာ မ်ားပါတယ္။ကိေလသာမကင္းသ၍ေတာ့စိတ္ေတြအခါအားေလ်ာ္စြာ ညစ္ေနဦးမွာပါ။ စိတ္ညစ္တာကိုညစ္တဲ့အတိုင္းမထားပဲ ကိုယ္ႏွစ္သက္တဲ့နည္းတစ္ခုခုနဲ႔ ပယ္ပစ္လိုက္နိဳင္ဖို႕ပါ။

ေရခ်ိဳးလိုက္တာကေတာ့ သိပ္ျပီးမခက္လွပါဘူး။

စိတ္ညစ္တဲ့အခါ ထြက္ေပါက္မ်ိဳးစံုေတာ့ ရိွေနၾကမွာပါ။

အဲ့ဒီအထဲကမွ ေကာင္းတဲ့ထြက္ေပါက္လည္းျဖစ္ကိုယ္နဲ႕ သင့္တဲ့ထြက္ေပါက္လည္းျဖစ္တဲ့ ထြက္ေပါက္တစ္ခုကို အေလ့အက်င့္ လုပ္ထားလိုက္ဖို႕ပါ။

စိတ္ညစ္ေနရင္ အျခားတစ္ဖက္မွာ ဆိုးက်ိဳးေတြ ရိွေနတဲ့အတြက္ေကာင္းတဲ့ ထြက္ေပါက္ေလးေတြကိုအထံုတစ္ခုအေနနဲ႕ စြဲေနေအာင္ ေလ့က်င့္ထားနိဳင္ရပါမယ္။

ဆရာေတာ္ ရေ၀ႏြယ္(အင္းမ)