မမေ့ကြပါနဲ့
အပ်သွားရာ အပ်ချည်ပါတဲ့ “‘ ကိုယ်ဖောက်တဲ့လမ်း ကိုယ်တိုင်လျှောက်ရမှာဖြစ်သလို
ကိုယ်ကောင်း ကိုယ်စံပြီး ကိုယ်မကောင်းရင် ကိုယ်ပဲ ပြန်ခံရမယ် ။
လောကမှာ အသက်ရှင်ခွင့်ရတယ်ဆိုတာ ခဏတာလေးပါ
တိုတောင်းလွန်းတဲ့ အချိန်လေးမှာ အငြိုးတွေ ဖွဲ့ကြ လက်စားချေကြ မကုန်နိုင်တော့တဲ့ လောဘဒေါသ ဒါကို လောက နိယာမလို့ သတ်မှတ်အုံးမလား ။
ခုခေတ် စာတွေပိုတတ်လာကြတယ်။ ဒါပေမဲ့ ပညာတတ်တဲ့သူရှားလာတယ် ။
ပရဟိတ လုပ်ငန်းတွေ အားတက်သရော လုပ်လာကြတယ်။
ဒါပေမဲ့ အချို့သူတွေမှာ ……??? ကိုယ်ချင်းစာစိတ်တွေ ကင်းလာကြတယ်။
အပြောတွေချိုလာကြတယ် ဒါပေမဲ့ …???
အချို့သော ဆက်ဆံရေးတွေက မာယာတွေနဲ့ ခါးသက်နေကြတယ် ။
အလှူအတန်းတွေ ရက်ရောလာကြတယ် ဒါပေမဲ့ အတ္တတွေကြွယ်ဝလာကြတယ် ။
နုတ်ဖျားထက်မှာ အပြုံးတွေ ဖန်ဆင်းထားတယ် အသက်မပါတဲ့ ဟန်ဆောင်ပြုံးတွေ တွဲခိုနေတတ်ကြတယ် ။
အရာရာဟာ ပွင်းလင်းလာကြတယ်။ဒါပေမဲ့ တဖက်ပိတ်ကျဉ်းမြောင်းတဲ့ အမြင်တွေ ဆုတ်ကိုင်ထားကြပြန်တယ်။
ကိုယ်ကောင်းစားဖို့ သူတစ်ပါးဘဝကို ချမနင်းပါနဲ့။
ကိုယ်ပျော်ရွှင်ဖို့ သူတစ်ပါးကို အနှောင့်အယှက်မဖြစ်ပါစေနဲ့။
ကိုယ်စိတ်သာယာဖို့ သူတပါးဘဝကို အသုံးမချလိုက်ပါနဲ့။
ပေးဆပ်သူသည် ရယူသူစင်စစ် ဖြစ်ပါတယ်။ လောက၌ တူသောအကျိုးကိုသာ ပြန်ခံစားရပါလိမ့်မယ်။
ကိုယ်စိုက်ပျိုးခဲ့သော အပင် နောင်တစ်ချိန်ကိုယ်ပြန်ရိပ်သိမ်းရမယ်ဆိုတာကို မမေ့ကြပါနဲ့ ။
မပို – ( ထီးလင်း )
မေမ့ၾကပါနဲ႔
အပ္သြားရာ အပ္ခ်ည္ပါတဲ့ “‘ ကိုယ္ေဖာက္တဲ့လမ္း ကိုယ္တိုင္ေလွ်ာက္ရမွာျဖစ္သလို
ကိုယ္ေကာင္း ကိုယ္စံၿပီး ကိုယ္မေကာင္းရင္ ကိုယ္ပဲ ျပန္ခံရမယ္ ။
ေလာကမွာ အသက္ရွင္ခြင့္ရတယ္ဆိုတာ ခဏတာေလးပါ
တိုေတာင္းလြန္းတဲ့ အခ်ိန္ေလးမွာ အၿငိဳးေတြ ဖြဲ႕ၾက လက္စားေခ်ၾက မကုန္ႏိုင္ေတာ့တဲ့ ေလာဘေဒါသ ဒါကို ေလာက နိယာမလို႔ သတ္မွတ္အုံးမလား ။
ခုေခတ္ စာေတြပိုတတ္လာၾကတယ္။ ဒါေပမဲ့ ပညာတတ္တဲ့သူရွားလာတယ္ ။
ပရဟိတ လုပ္ငန္းေတြ အားတက္သေရာ လုပ္လာၾကတယ္။
ဒါေပမဲ့ အခ်ိဳ႕သူေတြမွာ ……??? ကိုယ္ခ်င္းစာစိတ္ေတြ ကင္းလာၾကတယ္။
အေျပာေတြခ်ိဳလာၾကတယ္ ဒါေပမဲ့ …???
အခ်ိဳ႕ေသာ ဆက္ဆံေရးေတြက မာယာေတြနဲ႔ ခါးသက္ေနၾကတယ္ ။
အလႉအတန္းေတြ ရက္ေရာလာၾကတယ္ ဒါေပမဲ့ အတၱေတြႂကြယ္ဝလာၾကတယ္ ။
ႏုတ္ဖ်ားထက္မွာ အၿပဳံးေတြ ဖန္ဆင္းထားတယ္ အသက္မပါတဲ့ ဟန္ေဆာင္ၿပဳံးေတြ တြဲခိုေနတတ္ၾကတယ္ ။
အရာရာဟာ ပြင္းလင္းလာၾကတယ္။ဒါေပမဲ့ တဖက္ပိတ္က်ဥ္းေျမာင္းတဲ့ အျမင္ေတြ ဆုတ္ကိုင္ထားၾကျပန္တယ္။
ကိုယ္ေကာင္းစားဖို႔ သူတစ္ပါးဘဝကို ခ်မနင္းပါနဲ႔။
ကိုယ္ေပ်ာ္႐ႊင္ဖို႔ သူတစ္ပါးကို အေႏွာင့္အယွက္မျဖစ္ပါေစနဲ႔။
ကိုယ္စိတ္သာယာဖို႔ သူတပါးဘဝကို အသုံးမခ်လိုက္ပါနဲ႔။
ေပးဆပ္သူသည္ ရယူသူစင္စစ္ ျဖစ္ပါတယ္။ ေလာက၌ တူေသာအက်ိဳးကိုသာ ျပန္ခံစားရပါလိမ့္မယ္။
ကိုယ္စိုက္ပ်ိဳးခဲ့ေသာ အပင္ ေနာင္တစ္ခ်ိန္ကိုယ္ျပန္ရိပ္သိမ္းရမယ္ဆိုတာကို မေမ့ၾကပါနဲ႔ ။
မပို – ( ထီးလင္း )