နူးညံ့သိမ်မွေ့ပါ,သို့သော်.
မိန်းမသားဆိုတာ နူးညံ့သိမ်မွေ့ရပါမယ်။ ဒါပေမယ့်…?
အရာရာမှာ စိတ်ပျော့ညံ့ဖို့ ယုံကြည်လွယ်ဖို့ ဝမ်းနည်းဖို့ အရူံးပေးဖို့ဆိုတာတွေကို ယောင်လို့တောင်မတွေးပါနဲ့။
မိန်းမသားမို့ တစ်ခါတလေ အားငယ်မိချင်အားငယ်မိမယ်။ ဝမ်းနည်းမိချင်ဝမ်းနည်းမိမယ်။
ဒါပေမယ့် မာနတရားနဲ့ကိုယ့်ကိုယ်ကိုပြန်ပြီး မာန်တင်းတတ်ရမယ်။
အထူးသဖြင့် ပျော့ညံ့တဲ့စိတ်ထားနဲ့ သူတစ်ပါးလွမ်းမိုးခြယ်လှယ်တာ မခံပါနဲ့။
အရှက်တရားနဲ့ သူတစ်ပါးအရိပ်ကိုမမှီခိုပါနဲ့။
မာနတရားနဲ့ သူတစ်ပါးကို လွယ်လွယ်အောက်ကျို့မခံပါနဲ့။
အရူံးပေးတဲ့စိတ်ဓာတ်နဲ့ သူတစ်ပါးကိုအလွယ်တကူ ခယဦးမညွတ်ပါနဲ့။
အားငယ်မိတဲ့အခါမာနတရားနဲ ကိုယ့်ကိုယ်ပြန်ပြီးမာန်တင်းတတ်ရမယ်။
ဝမ်းးနည်းတဲ့အခါ ကျဆင်းလာတဲ့မျက်ရည်ကို ခပ်ကြမ်းကြမ်းသုတ်လို့ လာမယ့်နေ့ရက်တွေမှာ ပျော်ပျော်နေတတ်ရမယ်။
အရူံးတွေနဲ့ကြုံလာတဲ့အခါ အရူံူးကိုသင်ခန်းစာရယူပြီး လှေကားထစ်လိုနင်းတက်ပြီး အောင်မြင်မူရအောင် ကြိုးစားတတ်ရမယ်။
မိန်းမသားဆိုတာ နူးညံ့ သိမ်မွေ့ရပါမယ်။
ဒါပေမယ့် အရာရာမှာစိတ်ပျော့ညံ့ဖို့ ယုံကြည်လွယ်ဖို့ ဝမ်းနည်းဖို့,အရူံးပေးဖို့ဆိုတာတွေကို ယောင်လို့တောင်မတွေးပါနဲ့။
မဟုတ်ရင်တော့ ကိုယ့်ဘက်ကချည်း ပေးဆပ်နေရမှာပါပဲ။
Nan Khin May Win
အရူံးတွေနဲ့ကြုံလာတဲ့အခါ အရူံးကိုသင်ခန်းစာရယူပြီး လှေကားထစ်လိုနင်းတက်ပြီး အောင်မြင်မူရအောင် ကြိုးစားတတ်ရမယ်။
Nan Khin May Win