ဓမၼတာလာစဉ္နာက်င္ကိုက္ခဲမႈကိုျဖစ္ေစတာေၾကာင့္ မိန္းကေလးေတြမလုပ္သင့္တဲ့အရာ(၅)မ်ိဳး

မိန္းကေလးအမ်ားစုက ဓမၼတာလာခ်ိန္မွာ နာက်င္ကိုက္ခဲမႈကိုခံစားရတာေၾကာင့္ လစဉ္ဒီအခ်ိန္ေရာက္မွာကိုေတာင္ ေၾကာက္ေနတတ္ၾကပါတယ္။ တခ်ိဳ႕ေတြက ေဝဒနာအနည္းငယ္ပဲခံစားရေပမယ့္ တခ်ိဳ႕က်ေတာ့လည္း မခံမရပ္နိုင္ေအာင္နာက်င္ကိုက္ခဲမႈမ်ိဳးကိုခံစားရတာပါ။ ဒီေတာ့ လစဉ္ကိုက္ခဲမႈေတြမျဖစ္ရေအာင္ အဲ့ဒီကိုက္ခဲမႈေတြျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကိုသိျပီး ဆင္ျခင္ဖို႕လိုပါတယ္။ လစဉ္ဓမၼတာလာခ်ိန္ကိုက္ခဲမႈေတြကိုျဖစ္ေစတဲ့အေၾကာင္းရင္းေတြကေတာ့ ဒီအခ်က္ေတြပဲျဖစ္တာေၾကာင့္ ဆင္ျခင္နိုင္ဖို႕ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အပင္ပန္းခံလြန္းျခင္း

freepik

ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္လုပ္တာ၊ အလုပ္လုပ္တဲ့အခါခဏနားတာမ်ိဳးမလုပ္ဘဲ ဆက္္တိုက္လုပ္ေနတာ၊ အရမ္းအေညာင္းမိေအာင္ထိုင္တာမ်ိဳးေတြက ခႏၶာကိုယ္ကိုထိခိုက္ေစျပီး မိန္းကေလးေတြမွာျဖစ္တတ္တဲ့ ဓမၼတာလာစဉ္နာက်င္ကိုက္ခဲမႈေတြကို ပိုဆိုးေစပါတယ္။

(၂) အိပ္ေရးမဝျခင္း

အိပ္ေရးဝဝမအိပ္တဲ့အခါ ေဟာ္မုန္းေတြကိုေျပာင္းလဲမႈျဖစ္ေစျပီး ဓမၼတာစက္ဝန္းကို အေနွာက္အယွက္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အိပ္ေရးမဝတာဆက္တိုက္ျဖစ္လာတဲ့အခါ နာက်င္ကိုက္ခဲမႈေတြကို ပိုဆိုးေစပါတယ္။

(၃) ဓာတုေဆးဝါးေတြနဲ႕ထိေတြ႕ျခင္း

freepik

စိုက္ပ်ိဳးေရးလုပ္တဲ့သူေတြ၊ စက္ရံု၊အလုပ္ရံုေတြမွာ လုပ္တဲ့သူေတြက ပိုးသတ္ေဆး၊ေပါင္းသတ္ေဆးနဲ႕ တျခားေသာဓာတုေဆးဝါးေတြနဲ႕ အျမဲလိုလိုထိေတြ႕ေနရပါတယ္။ အဲ့ဒီလို ဓာတုေဆးေတြနဲ႕ ထိေတြ႕မႈရွိတာက ဓမၼတာလာစဉ္နာက်င္ကိုက္ခဲတာေတြြကို ပိုဆိုးေစပါတယ္။

(၄) စိတ္ဖိစီးမႈမ်ားျခင္း

စိတ္ဖိစီးမႈမ်ားျပီး စိတ္ပင္ပန္းတာက ခႏၶာကိုယ္ပင္ပန္းသလိုပဲ လူကိုထိခိုက္ေစပါတယ္။ စိတ္ဖိစီးမႈမ်ားတာကလည္း ေဟာ္မုန္းအတက္အက်ေတြျဖစ္ေစျပီး ဓမၼတာလာတာကို သက္ေရာက္မႈျဖစ္ေစျပီး နာက်င္ကိုက္ခဲတာေတြကို ပိုဆိုးေစပါတယ္။

(၅) ကိုယ္ဝန္တားေဆးမၾကာခဏေသာက္ျခင္း

freepik

ကိုယ္ဝန္တားေဆးဆိုတာ ေဟာ္မုန္းေတြကိုေျပာင္းလဲေစျပီး အမ်ိဳးသမီးက်န္းမာေရးကိုထိခိုက္ေစတာေၾကာင့္ အေရးေပၚအေျခအေနမ်ိဳးမွေသာက္ဖို႕ ဆရာဝန္ေတြက အၾကံေပးၾကတာျဖစ္ပါတယ္။ ကိုယ္ဝန္တားေဆးကို မၾကာခဏေသာက္ျခင္းက ေဟာ္မုန္းအေျပာင္းအလဲ၊အတက္အက်ေတြျဖစ္ေစျပီး ဓမၼတာလာစဉ္နာက်င္ကိုက္ခဲျခင္း၊ သားအိမ္နဲ႕ပတ္သက္တဲ့ေရာဂါေတြျဖစ္ျခင္းေတြ အျပင္ ကေလးလိုခ်င္တဲ့အခ်ိန္မွာ ကေလးမရျခင္းေတြကိုပါ ျဖစ္ေစပါတယ္။

written by PP

မိန်းကလေးအများစုက ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲမှုကိုခံစားရတာကြောင့် လစဉ်ဒီအချိန်ရောက်မှာကိုတောင် ကြောက်နေတတ်ကြပါတယ်။ တချို့တွေက ဝေဒနာအနည်းငယ်ပဲခံစားရပေမယ့် တချို့ကျတော့လည်း မခံမရပ်နိုင်အောင်နာကျင်ကိုက်ခဲမှုမျိုးကိုခံစားရတာပါ။ ဒီတော့ လစဉ်ကိုက်ခဲမှုတွေမဖြစ်ရအောင် အဲ့ဒီကိုက်ခဲမှုတွေဖြစ်စေတဲ့ အကြောင်းရင်းတွေကိုသိပြီး ဆင်ခြင်ဖို့လိုပါတယ်။ လစဉ်ဓမ္မတာလာချိန်ကိုက်ခဲမှုတွေကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ ဒီအချက်တွေပဲဖြစ်တာကြောင့် ဆင်ခြင်နိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။

(၁) အပင်ပန်းခံလွန်းခြင်း

လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာ၊ အလုပ်လုပ်တဲ့အခါခဏနားတာမျိုးမလုပ်ဘဲ ဆက်တိုက်လုပ်နေတာ၊ အရမ်းအညောင်းမိအောင်ထိုင်တာမျိုးတွေက ခန္ဓာကိုယ်ကိုထိခိုက်စေပြီး မိန်းကလေးတွေမှာဖြစ်တတ်တဲ့ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေပါတယ်။

(၂) အိပ်ရေးမဝခြင်း

အိပ်ရေးဝဝမအိပ်တဲ့အခါ ဟော်မုန်းတွေကိုပြောင်းလဲမှုဖြစ်စေပြီး ဓမ္မတာစက်ဝန်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရေးမဝတာဆက်တိုက်ဖြစ်လာတဲ့အခါ နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေပါတယ်။

(၃) ဓာတုဆေးဝါးတွေနဲ့ထိတွေ့ခြင်း

စိုက်ပျိုးရေးလုပ်တဲ့သူတွေ၊ စက်ရုံ၊အလုပ်ရုံတွေမှာ လုပ်တဲ့သူတွေက ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးနဲ့ တခြားသောဓာတုဆေးဝါးတွေနဲ့ အမြဲလိုလိုထိတွေ့နေရပါတယ်။ အဲ့ဒီလို ဓာတုဆေးတွေနဲ့ ထိတွေ့မှုရှိတာက ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲတာတွေကို ပိုဆိုးစေပါတယ်။

(၄) စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများပြီး စိတ်ပင်ပန်းတာက ခန္ဓာကိုယ်ပင်ပန်းသလိုပဲ လူကိုထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုများတာကလည်း ဟော်မုန်းအတက်အကျတွေဖြစ်စေပြီး ဓမ္မတာလာတာကို သက်ရောက်မှုဖြစ်စေပြီး နာကျင်ကိုက်ခဲတာတွေကို ပိုဆိုးစေပါတယ်။

(၅) ကိုယ်ဝန်တားဆေးမကြာခဏသောက်ခြင်း

ကိုယ်ဝန်တားဆေးဆိုတာ ဟော်မုန်းတွေကိုပြောင်းလဲစေပြီး အမျိုးသမီးကျန်းမာရေးကိုထိခိုက်စေတာကြောင့် အရေးပေါ်အခြေအနေမျိုးမှသောက်ဖို့ ဆရာဝန်တွေက အကြံပေးကြတာဖြစ်ပါတယ်။ ကိုယ်ဝန်တားဆေးကို မကြာခဏသောက်ခြင်းက ဟော်မုန်းအပြောင်းအလဲ၊အတက်အကျတွေဖြစ်စေပြီး ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲခြင်း၊ သားအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ခြင်းတွေ အပြင် ကလေးလိုချင်တဲ့အချိန်မှာ ကလေးမရခြင်းတွေကိုပါ ဖြစ်စေပါတယ်။

written by PP